တရုတ်နိုင်ငံသည် ရေအောက်နှင့်ဝေဟင်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့်ဒရုန်းများကို တီထွင်ခဲ့ကြောင်းသိရပါသည်။ ရေငုပ်သင်္ဘောမှပစ်လွှတ်ရသော အဆိုပါဒရုန်းများသည် ပင်လယ်ရေကြောင်းစစ်ဆင်ရေးနယ်မြေတွင် ရှင်သန်နိုင်စွမ်းမြင့်မားသည်ဟုလည်းဆိုထားသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အား အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်မှုများဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ရန် အာရှရေပိုင်နက်အနီးတွင် အမေရိကန်က ရေအောက်တိုက်ခိုက်ရေးဒရုန်းများ ဖြန့်ကြက်လာမည်ကို စိုးရိမ်သဖြင့် တရုတ်က ဤနောက်ဆုံးပေါ်ဒရုန်းကို တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် နောက်ဆုံးပေါ်ဒရုန်းများသည် အမေရိကန်ပင်တဂွန်မှ အသုံးပြုနေသ

တရုတ်နိုင်ငံသည် ရေအောက်နှင့်ဝေဟင်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့်ဒရုန်းများကို တီထွင်ခဲ့ကြောင်းသိရပါသည်။ ရေငုပ်သင်္ဘောမှပစ်လွှတ်ရသော အဆိုပါဒရုန်းများသည် ပင်လယ်ရေကြောင်းစစ်ဆင်ရေးနယ်မြေတွင် ရှင်သန်နိုင်စွမ်းမြင့်မားသည်ဟုလည်းဆိုထားသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အား အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်မှုများဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ရန် အာရှရေပိုင်နက်အနီးတွင် အမေရိကန်က ရေအောက်တိုက်ခိုက်ရေးဒရုန်းများ ဖြန့်ကြက်လာမည်ကို စိုးရိမ်သဖြင့် တရုတ်က ဤနောက်ဆုံးပေါ်ဒရုန်းကို တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် နောက်ဆုံးပေါ်ဒရုန်းများသည် အမေရိကန်ပင်တဂွန်မှ အသုံးပြုနေသည့် ဒရုန်းအမျိုးအစားများထက် ပိုမိုအဆင့်မြင့်သည်ဟု ဆိုသည်။ တရုတ်သုတေသီများတီထွင်ထားသည့် ဒရုန်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး ထူးခြားသောခေါက်သိမ်းနိုင်သည့်တောင်ပံဒီဇိုင်းပါရှိသည်။ သို့ဖြစ်၍ ဒရုန်းသည် ရေပြင်နှင့် ဝေဟင်ကြားခံနယ်များကိုဖြတ်သန်း၍ ပျံသန်းနိုင်မည်ဖြစ်ပါသည်။
Feiyi ဟု အမည်ပေးထားသည့် အဆိုပါဒရုန်းသည် စစ်ဘက်နယ်ပယ်တွင်အသုံးချနိုင်သည့် အလားအလာကောင်းများရှိပြီး ရေကြောင်းကင်းထောက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှုနှင့် တိုက်ခိုက်ရေးတာဝန်များလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။ ရေပြင်နှင့်ဝေဟင်နှစ်မျိုးလုံးတွင်ပျံသန်းနိုင်သော ဒရုန်းသည် ပြင်းထန်သောလှိုင်းလုံးများနှင့် ရင်ဆိုင်ရလျှင်ပင် ရေပြင်ပေါ်၌တည့်မတ်စွာနေနိုင်သည်ဟု ဆိုထားသည်။ ဒရုန်းသည် ရေပေါ်သို့ဆင်းသက်ပြီးနောက် ငါးစက္ကန့်အတွင်း လက်တံများကိုခေါက်၍ ရေအောက်သို့ငုပ်ဆင်းနိုင်ပါသည်။ အမေရိကန်တပ်ဖွဲ့က အသုံးပြုရန်စီစဉ်ထားသောဒရုန်းများသည် တော်ပီဒိုပုံစံပြွန်ဖြင့် ရေမျက်နှာပြင်ပေါ်သို့ လွှတ်တင်ရန်လိုအပ်ပြီး ရေအောက်တွင်လည်း ရွေ့လျားသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။
Ref; https://interestingengineering.com/military/china-submarine-drone-underwater-aerial-use
ဘာသာပြန်- ထက်မြက်အောင်
ပေးပို့သူ- ဗိုလ်မှူး အောင်ထက်ထက်

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဒေါ်နယ်ထရမ့်၏ အစီအစဉ်များနှင့် ကိုက်ညီမှုရှိ၊ မရှိ ချိန်ညှိနိုင်ရန် ထရမ့်အစိုးရ အဖွဲ့က ပြန်လည်သုံးသပ်နေစဉ် ဇန်နဝါရီ ၂၂ ရက် (ဗုဒ္ဓဟူးနေ့)တွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltz က အိမ်ဖြူတော်ရှိ အမျိုးသားလုံခြုံရေး ကောင်စီဝန်ထမ်း ၁၆၀ ကို နေအိမ်များသို့ ပြန်ပို့လိုက်ပါသည်။

ကောင်စီတွင် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဝန်ထမ်းများရွေးချယ်ရာတွင် “နိုင်ငံရေးလုပ်ဆောင်ချက် မည်မျှ ရှိသလဲ၊ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးခဲ့သလဲ၊ ယခင်က ရွေးကောက်ခံသမ္မတ ထရမ့်နှင့် အဖွဲ့ကို လူမှုမီဒီယာများတွင် ပြစ်တင်စွပ်စွဲရေးသားခဲ့ခြင်း ရှိ၊ မရှိ” စသည့်အချက်များကို ထရမ့်အစိုးရအဖွဲ့က မေးမြန်းလျက်ရှိကြောင်း သိရပါသည်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီသည် လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်များကို သမ္မတ ထံ တင်ပြရပါသည်။
ကိုးကား-AP

အမေရိကန်အစိုးရအသစ်အနေဖြင့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့် ဦးဆောင်သောအစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ရူဘီအိုက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။အစ္စရေးနိုင်ငံသည် အမေရိကန်အစိုးရအဖွဲ့အသစ်လက်ထက်အတွင်း အဓိကဦးစားပေးကူညီ ထောက်ပံ့ ပေးမည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း ဝန်ကြီးရူဘီအိုက ပြောပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွတ်မြောက်ရန် အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ဟားမက်စ် နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုများကို အနိုင်ရယူနိုင်ခဲ့မှုနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ချီးကျူးပြောဆိုခဲ့ပါသည်။ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ၁၅ လကြာမြင့်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည့်အစီအစဉ်များ ပါဝင်ခဲ့ပါသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်မယူမီရက်ပိုင်းအလို၌ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် သမ္မတ အဖြစ်တာဝန်မယူမီ ရက်ပိုင်းအလိုကပင် ဂါဇာစစ်ပွဲ အဆုံးသတ်စေရန် ကိုယ်စားလှယ်များစေလွှတ်ကာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကူညီပေးခဲ့သည်။
ကိုးကား-NP News

ဗင်နီဇွဲလားအစိုးရက ပြင်သစ်နှင့်အခြားဥရောပသံတမန်များအား နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးမှုကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်နိုင်ငံက နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းအချို့ကို၅ ရက်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ဇန်နဝါရီလ ၂၂ ရက်တွင်ညွှန်ကြားခဲ့ကြောင်းသိရသည်။

ပြင်သစ်အစိုးရ၏ လုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ကရားကက်မြို့ရှိ ပြင်သစ်သံရုံးမှသံအမှုထမ်းဦးရေကို လျှော့ချခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတနီကိုလပ်မာဒူရိုက ၎င်း၏တတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုပြုခြင်းအပေါ်ရန်လိုသည့် တုံ့ပြန်မှုများလုပ်ဆောင်ခဲ့မှုကြောင့် ဗင်နီဇွဲလားအစိုးရက ပြင်သစ်၊အီတလီနှင့် နယ်သာလန် သံတမန်အရေအတွက်ကို ၃ ဦးအထိလျှော့ချခဲ့ပြီး သံအမှုထမ်းအချို့ကို နိုင်ငံအတွင်းမှ ထွက်ခွာရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြင်သစ်အစိုးရက ပဲရစ်မြို့ရှိ ဗင်နီဇွဲလားအဆင့်မြင့် သံတမန်တစ်ဦးအားဆင့်ခေါ်၍ ကန့်ကွက်ခဲ့ပြီး ပြင်သစ်အနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူပင် နယ်သာလန်အစိုးရကလည်း ဗင်နီဇွဲလားနိုင်ငံ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံတမန်အရေအတွက်ကို ၄ ဦးမှ ၂ ဦးအထိ လျှော့ချခဲ့ကြောင်းသိရသည်။
Source: Myawady Web Portal

အစ္စရေးကုမ္ပဏီများဖြစ်သော SMARTSHOOTER နှင့် HevenDrones တို့သည် ထောက်ပံ့ပို့ဆောင်ရေးဒရုန်းများတွင် ခေတ်မီစက်ရုပ်လက်နက်စနစ်များတပ်ဆင်မည့်အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါသည်။ ၎င်းကုမ္ပဏီများသည် နောက်ဆုံးပေါ် SMASH Dragon လက်နက်ကို HevenDrones မှထုတ်လုပ်သည့် H100 နှင့် Urban ဒရုန်းပလက်ဖောင်းများတွင် ပေါင်းစည်းတပ်ဆင်သွားမည်ဖြစ်သည်။ ဤကဲ့သို့တပ်ဆင်ခြင်းဖြင့် မောင်းသူမဲ့လေကြောင်းစနစ်များသည် မြေပြင်နှင့်ဝေဟင်ပစ်မှတ်များအား ထိရောက်စွာတိုက်ခိုက်မှုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဒရုန်းတိုက်ပွဲများ ပိုမိုများပြားလာသည်နှင့်အမျှ တန်ပြန်ဒရုန်းနည်းပညာသည် လက်နက်ကိုင်တပ်ဖွဲ့များအတွက်
အစ္စရေးကုမ္ပဏီများဖြစ်သော SMARTSHOOTER နှင့် HevenDrones တို့သည် ထောက်ပံ့ပို့ဆောင်ရေးဒရုန်းများတွင် ခေတ်မီစက်ရုပ်လက်နက်စနစ်များတပ်ဆင်မည့်အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါသည်။ ၎င်းကုမ္ပဏီများသည် နောက်ဆုံးပေါ် SMASH Dragon လက်နက်ကို HevenDrones မှထုတ်လုပ်သည့် H100 နှင့် Urban ဒရုန်းပလက်ဖောင်းများတွင် ပေါင်းစည်းတပ်ဆင်သွားမည်ဖြစ်သည်။ ဤကဲ့သို့တပ်ဆင်ခြင်းဖြင့် မောင်းသူမဲ့လေကြောင်းစနစ်များသည် မြေပြင်နှင့်ဝေဟင်ပစ်မှတ်များအား ထိရောက်စွာတိုက်ခိုက်မှုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဒရုန်းတိုက်ပွဲများ ပိုမိုများပြားလာသည်နှင့်အမျှ တန်ပြန်ဒရုန်းနည်းပညာသည် လက်နက်ကိုင်တပ်ဖွဲ့များအတွက် အလွန်အရေးပါလာခဲ့ပါသည်။
H100 နှင့် Urban ဒရုန်းများသည် သယ်ဆောင်နိုင်သောပစ္စည်းအလေးချိန် ၃၀ ကီလိုဂရမ် (၆၆ ပေါင်) နှင့် ၁၀ ကီလိုဂရမ် (၂၂ ပေါင်) အသီးသီးရှိပြီး အရေးပေါ်ထောက်ပံ့ရေးလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ H100 ဒရုန်းသည် လေထဲတွင် ၅၅ မိနစ် ကြာပျံသန်းနေနိုင်ပြီး အမြင့်ဆုံးအလျင်နှုန်း တစ်စက္ကန့်လျှင် ၁၆ မီတာ နှင့် Urban ဒရုန်းသည် တစ်စက္ကန့် လျှင် ၂၀ မီတာအလျင်နှုန်းဖြင့် လေထဲတွင် ၃၇ မိနစ်ကြာ ပျံသန်းနေနိုင်ပါသည်။
SMASH Dragon သည် မောင်းသူမဲ့ဝေဟင်ပလက်ဖောင်းအမျိုးမျိုးတွင်တပ်ဆင်ရန် ဒီဇိုင်းထုတ်ထားသည့် ဘက်စုံသုံးလက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် အဆင့်မြင့်ပစ်ခတ်မှု ထိန်းသိမ်းရေးနှင့် ပစ်မှတ်ရှာဖွေရေးနည်းစနစ်များကိုအသုံးပြု၍ တည်ငြိမ်နှင့်ရွေ့လျားပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ပါသည်။ ဒရုန်းရန်ကာကွယ်ရေးအတွက် နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိသော SMASH Dragon လက်နက်အား H100 နှင့် Urban ဒရုန်းများတွင် ပေါင်းစပ်တပ်ဆင်ခြင်းဖြင့် အတားအဆီးကန့်သတ်ချက်များပြားသော မြို့ပြဧရိယာနှင့် အတားအဆီးနည်းပါး၍ ကျယ်ပြန့်သော စစ်မြေပြင်တိုက်ပွဲနယ်မြေများတွင် ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Ref; https://thedefensepost.com/2025/01/22/israel-drones-robotic-weapons/

ယူကရိန်းသမ္မတ ဇီလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပူတင်နှင့်တိုက်ရိုက်ဆွေးနွေးရန်အသင့်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။
သို့သော် ဆွေးနွေးမှု၏ ရလဒ်များ၌ ယူကရိန်း၏ အနာဂတ်လုံခြုံရေးအာမခံချက်များအတွက် အမေရိကန် က ကြားဝင်ညှိနှိုင်းပေးရန် အရေးကြီးကြောင်း ပြောဆိုခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။

Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံများနှင့်အတူ Kherson နှင့် Zaporozhye ဒေသများသည် တရားဝင်ဆန္ဒခံယူပွဲရလဒ်များကြောင့် ရုရှား၏ အစိတ်အပိုင်းဖြစ်လာပြီးသည့်နောက် Zelensky သည် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် မည်သည့်ညှိနှိုင်းမှုမျှ မပြုဟု တားမြစ်ထားသောအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga က အဆိုပါအမိန့်သည် အသက်ဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း Bloomberg နှင့် အင်တာဗျူးတစ်ခုတွင် Zelensky သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားပြောင်းလဲသွားကြောင်းယူဆရပြီးအေဂျင်စီ၏ အဆိုအရ ယခုအခါ ယူကရိန်း ခေါင်းဆောင်သည် ပူတင်နှင့်မဆွေးနွေးမီ ယူကရိန်း၏ အနာဂတ်လုံခြုံရေးအာမခံချက်များအတွက် Trump ထံမှ ကတိကဝတ်တစ်ခုရယူလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား-RT

မကြာသေးမီက ဟားမက်စ်နှင့်ဓားစာခံလဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေးကျွမ်းကျင်သူ အများအပြားကို ညှဉ်းပန်းနှိပ်စက်မှုသတင်းများ ပေါ်ထွက်လာပြီး အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရပါသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဒေါက်တာ အဘူဆာဖီယာဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးကာ နာမည်ဆိုးဖြင့်ကျော်ကြားသော ဆဒီတောမန် အကျဉ်းစခန်း (အစ္စရေး၏ ဂွာတာနာမိုပင်လယ်အော်ဟု အမည်ပေးထားသည့်) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ဒေါက်တာအဘူဆာဖီယာနှင့် အကျဉ်းထောင်တစ်ခုတည်းတွင်အတူရှိခဲ့စဉ် နှိပ်စက်ညှဉ်းပန်းခံနေရကြောင်း၊ လွတ်မြောက်လာသည့် အကျဉ်းသားများ၏ အစီရင်ခံစာများကြောင့် ၎င်းသေဆုံးမည်ကို စိုးရိမ်မှုများ တိုးပွားနေကြောင်း၊ ဂါဇာမှပြန်ပေးဆွဲခံရသော ပါလက်စတိုင်းဆရာဝန်များအနက် သုံးဦးထက်မနည်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းကပင် အစ္စရေးအကျဉ်းထောင်များ၌ သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
ပါလက်စတိုင်းရှိ ဗြိတိန်ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Medical Aid for Palestinians ၏ အဆိုအရ IDF သည် ပါလက်စတိုင်းဆေးရုံကို ကျူးကျော်ဝင်ရောက်လာပြီး လူနာများအပါအဝင် ခန့်မှန်းခြေ လူ ၃၅၀ ခန့်ကို ဆေးရုံမှ ဆင်းခိုင်းခဲ့သည်။
အစ္စရေးအကျဉ်းထောင်များ၌ ပါလက်စတိုင်းများကို ညှဉ်းပန်းနှိပ်စက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး လိင်အင်္ဂါအား လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ စိတ်ဖိစီးမှုများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာငတ်မွတ်စေခြင်းနှင့် ပြင်းထန်သော ကိုယ်အင်္ဂါအတွင်းပိုင်းပျက်စီးမှုများနှင့် မုဒိမ်းမှုကျူးလွန်ခြင်းများ ခံကြရသည်။
မကြာသေးမီက လွတ်မြောက်လာသူ ဟာဇမ်အယ်လ်ဝမ်၏ အဆိုအရ ၎င်းအား အစ္စရေးစစ်တပ်သည် ဂျာဘလီယာဆေးရုံမှ ပြန်ပေးဆွဲခဲ့ပြီး အစ္စရေးအကျဉ်းထောင်သို့ မပို့ဆောင်မီ လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရကြောင်းနှင့် ဒေါက်တာအဘူဆာဖီယာနှင့်နှစ်ရက်ကြာအတူနေထိုင်ခဲ့သည်ဟုသိရှိရပါသည်။
ကိုးကား-Myanmar National Post

နေပြည်တော်၊ ဇန်နဝါရီ - ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်ဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်အစည်းအဝေးများ နှစ်စဉ် အောင်မြင်စွာကျင်းပနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda (တန်ဝစ်ယုံချင်ဒါ) တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ Cincds.gov.mm

ဂရင်းလန်းကို အမေရိကန်ပိုင်နက်ဖြစ်လာစေရေး ထရမ့်မှတ်ချက်များက နေတိုးအဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အမေရိကန်၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေသော နေတိုးအဖွဲ့ လုပ်ငန်းလည်ပတ်မှုအတွက် ထည့်ဝင်ပေးနေသည့် ကုန်ကျစရိတ်ပမာဏ လျှော့ချနိုင်ရေး ဥရောပနိုင်ငံများက ပိုမိုတာဝန်ယူပေးကြရန် ဖိအားပေးလာနိုင်ကြောင်း၊ ဂရင်းလန်းကိစ္စတွင်လည်း နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြားနယ်မြေပိုင်နက်ရယူလိုမှုနှင့်ပတ်သက်၍ ပထမဆုံး သာဓကဖြစ်လာကြောင်း အမေရိကန်ကွန်မြူနစ်ပါတီဝင် Christopher Helali က TASS ကို ပြောကြားထားပါသည်။
ကိုးကား-TASS

အမေရိကန်အစိုးရသည် အမျိုးသားနှင့် အမျိုးသမီး လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုကြောင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စီမံအုပ်ချုပ်ရေးအမိန့်ကို ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

ကိုးကား- hindustantimes.com