ကုလသမဂ္ဂအဖွဲ့အား ဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် အမေရိကန်သံတမန်စွပ်စွဲ
ဝါရှင်တန် ဇန်နဝါရီ ၂၃
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အီလစ်စတီဖာနစ်ခ်သည် အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင်ယှဉ်တွဲနေထိုင်မှုဆိုင်ရာ ဖြေရှင်းချက်အပေါ် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကို ဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် စွပ်စွဲခဲ့ကြောင်း သိရသည်။
အီလစ်စတီဖာနစ်ခ်သည် ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် အထက်လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။
အလေးပေးပြောကြား
ကုလသမဂ္ဂအဖွဲ့အား ဂျူးဆန့်ကျင်သည့်အဖွဲ့အစည်းအဖြစ် အီလစ်စတီဖာနစ်ခ်က အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ၎င်း၏ အစ္စရေးလိုလားသော ရပ်တည်ချက်ကို အလေးပေးပြောကြားခဲ့သည်။
အစ္စရေးသည် အနောက်ဘက်ကမ်းတစ်ခုလုံးအတွက် သမ္မာကျမ်းစာဆိုင်ရာအခွင့်အရေးအရ ပိုင်ဆိုင်ခွင့်ရှိသည်ဟု လက်ယာယိမ်းအစ္စရေးနိုင်ငံရေးသမားများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်း အီလစ်စတီဖာနစ်ခ်က ပြောကြားသည်။
အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်တို့ပါဝင်သော အနာဂတ်ပါလက်စတိုင်းနိုင်ငံနှင့်အတူ ပေါင်းစည်းနေထိုင်မည့် အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ယှဉ်တွဲနေထိုင်မှု ဖြေရှင်းချက်နှင့်ပတ်သက်ပြီး အီလစ်စတီဖာနစ်ခ်က သဘောထားကွဲလွဲလျက်ရှိသည်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိရန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အပါအဝင် အမေရိကန် အုပ်ချုပ်ရေးအဖွဲ့ အများအပြားက ၎င်းအမြင်ကို ဆုပ်ကိုင်လျက်ရှိသည်။
အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့အား ငွေကြေးထောက်ပံ့မှုအများဆုံးပေးသည့် နိုင်ငံဖြစ်သည်။
လက်ရှိတွင် “အမေရိကန်သည်သာ ပထမ” မူဝါဒနှင့်အညီ အမေရိကန်နိုင်ငံနှင့် သဘောထားမတူညီသည့် အဖွဲ့အစည်းအား ငွေကြေးထောက်ပံ့ပေးမှုအပေါ် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
Source: ကြေးမုံသတင်းစာ