သတင်းများ

တောမီးလောင်ရာ Los Angeles သို့   သမ္မတထရမ့် ဇန်နဝါရီ ၂၄ ရက်(သောကြာနေ့)တွင် သွားရောက်မည်

လွန်ခဲ့သောနှစ်ပတ်က တောမီးလောင်ကျွမ်းခဲ့သည့် လော့စ်အိန်ဂျလိစ်ရှိနေရာများသို့ ဇန်နဝါရီ ၂၄ ရက်နေ့ တွင် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တွင် ပြောကြားခဲ့ပါသည်။

“သမ္မတထရမ့်၏ လာရောက်လည်ပတ်မှုကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုသမ္မတ၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း” ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin က ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် ပြောကြားလိုက်ပါသည်။

တောမီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသောဒေသများအား ကူညီထောက်ပံ့ပေးနိုင်ရေး စံသတ်မှတ်ချက်များကို ပြည်ထောင်စုအနေဖြင့် ထုတ်ပြန်သင့်ကြောင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် မိုက်ဂျွန်ဆင် က   အကြံပေးပြောကြားပါသည်။

ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကာလများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများဖြစ်သည့် Asheville၊ မြောက်ကာရိုလိုင်းနား နှင့် တောင်ကာလီဖိုးနီးယားဒေသများတွင် ပြည်ထောင်စု၏ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအားကောင်းရန် လိုအပ်နေမှုကို ထောက်ပြပြောဆိုခဲ့ပြီး သမ္မတကျမ်းသစ္စာဆိုပွဲတွင်လည်း ထိုဒေသများတွင် ပြည်ထောင်စု၏ ထောက်ပံ့မှုအားနည်းနေကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။ 

ကိုးကား - www.dailynews.com

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ဥပဒေသစ်ကို ရေးဆွဲနေ

ရုရှားအာဏာပိုင်များသည် မော်စကို၏ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို တရားမ၀င်သိမ်းယူထားသောအနောက်နိုင်ငံများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်စေမည့် ဥပဒေမူကြမ်းကိုရေးဆွဲနေကြောင်း အစိုးရဥပဒေပြုရေးကော်မရှင်မှ ပြုစုထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ Izvestia သတင်းစာက ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဥပဒေမူကြမ်းတွင် လုပ်ထုံးလုပ်နည်းကို အလေးပေးဖော်ပြထားပြီး ပစ်မှတ်ထားသော နိုင်ငံခြားပိုင်ဆိုင်မှုများကို ခုံသမာဓိတရားရုံးက စီရင်ဆုံးဖြတ်ပြီးနောက် ရုရှားနိုင်ငံပိုင်အဖြစ်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အလေးပေးဖော်ပြထားသည်။ သိမ်းဆည်းမည့် ပိုင်ဆိုင်မှုများနှင့် ဘဏ္ဍာငွေစာရင်းကို နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြုစုမည်ဖြစ်သည်။

မေလတွင် ရုရှားသမ္မတဗလာဒီမာပူတင်သည် ဝါရှင်တန် မှသိမ်းယူထားသော ရုရှားပိုင်ဆိုင်မှုများအတွက် လျော်ကြေးပေးရန် အမေရိကန်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် အရေးပါသည့် ကနဦးအမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဥပဒေသည် အနောက်နိုင်ငံများနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို ပစ်မှတ်ထားမည်ဖြစ်ပြီး ရုရှားမှ ၎င်း၏ ဘဏ္ဍာငွေနှင့် ပိုင်ဆိုင်မှုများကို တရားမဝင်သိမ်းယူမှုမှ ဖြစ်ပေါ်လာသော ဘဏ္ဍာရေးပျက်စီးမှုများအတွက် ပြန်လည်လျော်ကြေးအဖြစ် ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်စေမည်ဟု ဥပဒေမူကြမ်းတွင်ဖော်ပြထားသည်။ 

အဆိုပါဥပဒေကြမ်းကို နိုင်ငံ၏တရားရေး ဝန်ကြီးဌာနကရေးဆွဲခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ကော်မရှင်၏ အစီရင်ခံစာတွင် ထည့်သွင်းခဲ့ကြောင်း Vedomosti သတင်းစာက ဖော်ပြခဲ့သည်။ 

၀ါရှင်တန်နှင့် ၎င်း၏မဟာမိတ်များသည် ဘရပ်ဆဲလ် အခြေစိုက် Euroclear တွင် ထိန်းသိမ်းထားသည့် ရုရှား ၏ ပိုင်ဆိုင်မှု ဒေါ်လာ ၃၀၀ ဘီလီယံခန့်ကို ယူကရိန်း၏ စစ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးစရိတ်များတွင် အစားထိုးအသုံးပြုနိုင်ရေး ၂၀၂၂ ခုနှစ်တွင် ထိန်းချုပ် သိမ်းဆည်းခဲ့သည်။ 

Kremlin က ၎င်း၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ခြင်း အပေါ် “ခိုးယူမှု” ဟု အကြိမ်ကြိမ် ရှုတ်ချခဲ့ပြီး အဆိုပါ ထိန်းချုပ်မှုသည် တရားမ၀င်ဖြစ်ပြီး အန္တရာယ်ရှိသော လုပ်ဆောင်မှုတစ်ခုအဖြစ် တုန့်ပြန်ခဲ့သည်။ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မော်စကိုသည် ၎င်း၏ပိုင်ဆိုင်မှုသိမ်းယူခြင်းတွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကိုးကား-RT

တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်းနှင့် ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲ လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်း စီမံခန့်ခွဲမှုနှင့် လည်ပတ်လုပ်ကိုင်မှု၌ ပါဝင်ဆောင်ရွက်ခြင်း မရှိသကဲ့သို့ ယင်းတူးမြောင်း အရေးကိစ္စများတွင်လည်း ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပေ။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ တူးမြောင်းနှင့်ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲလေးစားကာ ယင်းအား အပြည်ပြည်ဆိုင်ရာကြားနေရေလမ်းကြောင်းတစ်ခုအဖြစ် အစဉ်သဖြင့် အသိအမှတ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

ပနားမားတူးမြောင်းအား ပြန်လည်ရယူမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို ညှိနှိုင်း၍မရနိုင်ကြောင်း၊ ပနားမားတူးမြောင်းအား မည်သည့်အင်အားကြီးနိုင်ငံကမှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်ထားခြင်းမရှိကြောင်း ပနားမား သမ္မတ ဟိုဆေးရာအူးလ်မူလီနို၏ အတိအလင်းပြောကြားချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မော်က ဆိုသည်။

ကိုးကား-ဆင်ဟွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်ဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်အစည်းအဝေးများ နှစ်စဉ် အောင်မြင်စွာကျင်းပနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda (တန်ဝစ်ယုံချင်ဒါ) တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ Cincds.gov.mm

သမ္မတထရမ့်၏ ဂရင်းလန်းပိုင်ဆိုင်ရေး ကြေညာ ချက် က နေတိုးအဖွဲ့ဝင်များကြား ပဋိပက္ခ မီးမွှေးလာနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

ဂရင်းလန်းကို အမေရိကန်ပိုင်နက်ဖြစ်လာစေရေး ထရမ့်မှတ်ချက်များက နေတိုးအဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အမေရိကန်၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေသော နေတိုးအဖွဲ့ လုပ်ငန်းလည်ပတ်မှုအတွက်  ထည့်ဝင်ပေးနေသည့် ကုန်ကျစရိတ်ပမာဏ လျှော့ချနိုင်ရေး ဥရောပနိုင်ငံများက ပိုမိုတာဝန်ယူပေးကြရန် ဖိအားပေးလာနိုင်ကြောင်း၊ ဂရင်းလန်းကိစ္စတွင်လည်း နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြားနယ်မြေပိုင်နက်ရယူလိုမှုနှင့်ပတ်သက်၍  ပထမဆုံး သာဓကဖြစ်လာကြောင်း အမေရိကန်ကွန်မြူနစ်ပါတီဝင် Christopher Helali က TASS ကို  ပြောကြားထားပါသည်။

ကိုးကား-TASS

အမေရိကန်အစိုးရသည် အမျိုးသားနှင့် အမျိုးသမီး လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုသည့်အမိန့် ထရမ့် လက်မှတ်ရေးထိုး

အမေရိကန်အစိုးရသည် အမျိုးသားနှင့် အမျိုးသမီး လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုကြောင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စီမံအုပ်ချုပ်ရေးအမိန့်ကို ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။   

ကိုးကား- hindustantimes.com                                                                                                                   

အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ရေးသဘောတူညီချက်အတွက် သံတမန်ရေးနှင့် ကာကွယ်ရေးမူဘောင်တွင် ပြင်ဆင်မှုများ ပြီးမြောက်

အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ရေး သဘောတူညီချက်အတွက် သံတမန်ရေးနှင့် ကာကွယ်ရေးမူဘောင်တွင် ပြင်ဆင်မှုများ ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရသစ်သည် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေးသဘောတူညီချက် ဒုတိယအဆင့် နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်လိုလားပြီး အစ္စရေး-ဆော်ဒီ သဘောတူညီချက်အတွက် လမ်းခင်းပေးလိုသည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

ကိုးကား - Israeli Channel 12

ရာထူးတာဝန်ယူပြီးနောက် “နာရီ အနည်းငယ် အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့်ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ထရမ့်ပြော

အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် ၎င်း တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမှုအပြီး “နာရီအနည်းငယ် အတွင်း” ဘိုင်ဒန်၏သမ္မတအမိန့် ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့်က ဘိုင်ဒန်အစိုးရ၏ “တယူသန်ပြီး မိုက်မဲသော” သမ္မတအမိန့် ကြေညာချက်တိုင်းကို ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီး နာရီအနည်းငယ်အတွင်း ရုပ်သိမ်းမည်ဟု ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ ပြောကြားခဲ့သည်။ မိမိ၏ ရာထူးတာဝန်ထမ်းဆောင်မှုက “အမေရိကန် ဆုတ်ယုတ်ခဲ့သော လေးနှစ်တာ” ကို အဆုံးသတ်

အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် ၎င်း တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမှုအပြီး “နာရီအနည်းငယ် အတွင်း” ဘိုင်ဒန်၏သမ္မတအမိန့် ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့်က ဘိုင်ဒန်အစိုးရ၏ “တယူသန်ပြီး မိုက်မဲသော” သမ္မတအမိန့် ကြေညာချက်တိုင်းကို ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီး နာရီအနည်းငယ်အတွင်း ရုပ်သိမ်းမည်ဟု ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ ပြောကြားခဲ့သည်။ မိမိ၏ ရာထူးတာဝန်ထမ်းဆောင်မှုက “အမေရိကန် ဆုတ်ယုတ်ခဲ့သော လေးနှစ်တာ” ကို အဆုံးသတ်ပေးမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ထရမ့် က ၎င်းလက်မှတ်ရေးထိုးမည့် သမ္မတအမိန့် ကြေညာချက်များသည် နယ်စပ်လုံခြုံရေး၊ စွမ်းအင် အရင်းအမြစ်၊ ပြည်ထောင်စုအစိုးရ အသုံးစရိတ်၊ လူမှုမီဒီယာပလက်ဖောင်း TikTok၊ “ဗဟုအသွင်၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်မှု” မူဝါဒ စသည် တို့နှင့် ပတ်သက်ကြောင်း ပြောကြားခဲ့သည်။

ထရမ့် တာဝန်ထမ်းဆောင်သည့်ရက်တွင် သမ္မတ အမိန့်ကြေညာချက် ၁၀၀ ကျော်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာများ၏ သုံးသပ်ချက်အရ သိရသည်။ ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြို့တော်ဝါရှင်တန် အထူးဇုန်တွင် အအေးလွန်ကဲသောရာသီဥတုဖြစ်ပေါ်မည်ဟု ခန့်မှန်းထား၍ ၎င်း၏တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားကို အဆောက်အအုံအတွင်းကျင်းပရန် ပြောင်းလဲ ထားကြောင်းသိရသည်။

ကိုးကား - ဆင်ဟွာ

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အစည်းအဝေးကို ရှီကျင့်ဖျင် ဦးဆောင်ကျင်းပ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုသည့် ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် တရုတ်နိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) ၏ နိုင်ငံရေးဗျူရို အစည်းအဝေး ကို ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ (NPC) ဦးဆောင်ပါတီဝင်များ၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံ (CPPCC)၊ ပြည်သူ့တရားရုံးချုပ် (SPC) နှင့် ပြည်သူ့ရှေ့နေချုပ် (SPP) တို့အပြင် CPC ဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့တို့၏ လုပ်ငန်းအစီရင်ခံစာအပေါ်   ကြားနာဆွေးနွေးပြီးနောက် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

ကိုးကား- တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ                      

Photo: GSRRA                                                                                                   

ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာ

အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် ဝါရှင်တန် စံတော်ချိန် နေ့လယ် ၁၂ နာရီတွင် အမေရိကန် ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ 

ဝါရှင်တန်၏ ၁၉၈၅ ခုနှစ် နောက်ပိုင်း အအေးဆုံးရာသီဥတုအခြေအနေကြောင့် အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို လွှတ်တော်အဆောက်အအုံ၏ ရှေ့ ဘက်မျက်နှာစာ၌ ပြုလုပ်ခြင်းမရှိတော့ဘဲ လွှတ်တော်အဆောက်အအုံတွင်းရှိ ခန်းမဆောင်၌ ခမ်းနားထည်ဝါစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် သမ္မတဒေါ်နယ်ထရမ့်သည် ဝါရှင်တန်မြို့လယ်ရှိ Capital One Arena တွင် ပြုလုပ်သည့် ဆီးနိတ်လွှတ်တော် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။ 

သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်တွင် အမေရိကန်သမ္မတ ရာထူးကို သမ္မတဒေါ်နယ်ထရမ့်ထံ လွှဲပြောင်းပြီးနောက် ထရမ့်၏ ကျမ်းသစ္စာဆိုပွဲအပြီး ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားပါသည်။ 

ကိုးကား-CBS NEWS