CIA ဒါရိုက်တာအသစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု

News Image

  • CIA ဒါရိုက်တာအသစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၂၃ ရက် တွင် CIA ၏ ဒါရိုက်တာအဖြစ် သမ္မတ Donald Trump ၏ အမည်စာရင်းတင်သွင်းခံရသူ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း John Ratcliffe ကို ထောက်ခံအတည်ပြုခဲ့ကြသည်။

ဒီမိုကရက်ပါတီမှ ၂၀ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦးတို့ကလည်း ရီပတ်ပလီကင်ပါတီမှ အမည်စာရင်းတင်သွင်းမှုကို ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၅ မဲဖြင့် Ratcliffe ကို CIA ဒါရိုက်တာအဖြစ် အတည်ပြုခဲ့ကြသည်။

ရီပတ်ဗလီကင်အများစုကြီးစိုးသည့် အထက်လွှတ်တော်သည် အမျိုးသားလုံခြုံရေးအဖွဲ့မှစတင်ကာ အုပ်ချုပ်ရေးပိုင်းအတွက် အဓိကရာထူးနေရာများတွင် ထရမ့် အမည်စာရင်းတင်သွင်းသူများကို အတည်ပြုပေးလျက်ရှိသည်။

ရီပတ်ဗလီကင်အမတ်ဟောင်း Marco Rubio အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ခန့်အပ်ခဲ့သည်။

ကိုးကား-RT