အမေရိကန်နိုင်ငံ၌ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် ပြည်နယ်အချို့က တရားစွဲဆို

News Image

  • အမေရိကန်နိုင်ငံ၌ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် ပြည့်နယ်အချို့က တရားစွဲဆို

ဝါရှင်တန်   ဇန်နဝါရီ ၂၃

အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရက်တစ်ဦးဆောင်သော ပြည်နယ် ၂၂ ခုနှင့် အခြားပြည်နယ်များသည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံအတွင်း မွေးဖွားသူတိုင်းသည် ၎င်းတို့၏ မိဘများ မည်သည့်နိုင်ငံသားဖြစ်စေ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

လက်မှတ်ရေးထိုး

သို့သော် ၎င်းတို့၏ မိခင်များသည် နိုင်ငံအတွင်း တရားမဝင် သို့မဟုတ် ခေတ္တနေထိုင်သူများဖြစ်ပါက ၎င်းတို့၏ ဖခင်များသည် အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်သူများ မဟုတ်ပါက အမေရိကန်နိုင်ငံ၌ မွေးဖွားသော ကလေးများအား အလိုအလျောက် နိုင်ငံသားအဖြစ် ခံယူခွင့်မပြုသည့် အမိန့်တစ်ရမ်ကို ထရမ့်က ဇန်နဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတထရမ့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တရားရုံးချုပ်မှ အမိန့်စာတစ်ရပ်ထုတ်ပြန်ရန် တောင်းခံခဲ့ကြောင်း ဒီမိုကရက်တစ်ဦးဆောင်သော ပြည်နယ် ၂၂ ခု အပါအဝင် ကိုလံဘီယာခရိုင်နှင့် ဆန်ဖရန်စစ္စကိုမြို့တို့က ပြောကြားသည်။

နယူးဂျာစီပြည်နယ် ရှေ့နေချုပ် မတ်သရူးပလတ်ကင်က အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားသူအားလုံးသည် အမေရိကန်၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသူများဖြစ်ပြီး အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဆိုပါဥပဒေဆိုင်ရာ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်နှင့် နောက်ဆက်တွဲ တရားရုံးချုပ်၏ စီရင်ထုံးများကို ကိုးကားပြီး ပြောကြားသည်။

ထို့ပြင် အမေရိကန်သမ္မတများတွင် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဖက်သတ်ပြန်ရေးနိုင်သည့် အခွင့်အာဏာမရှိကြောင်း မတ်သရူးပလတ်ကင်က ပြောကြားသည်။ 

Source: ကြေးမုံသတင်းစာ