မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ယူကရိန်း စစ်မြေပြင်သို့ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားပြောကြား
မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်မြေပြင်တွင် အသေအပျောက်များနေသည်ဟု သတင်းထွက်ပေါ် နေသော်လည်း ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများက ပြောကြားလိုက်ပါသည်။
FOX News နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို “စမတ်ကျသည့် လူကလေး” ဟု ခေါ်ဝေါ်လိုက်ကာ မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာရန် ကြိုးစားသွားမည်ဟုပြောကြားလိုက်ခြင်းကလည်း မြောက်ကိုရီးယားကရုရှားကို ဆက်လက်ထောက်ပံ့ပေးမည့်ကိစ္စမှာ ပိုမို ခိုင်မာလာကြောင်းသုံးသပ်ထားကြသည်။
ရုရှားသို့ မြောက်ကိုရီးယားက ယူကရိန်းစစ်မြေပြင်သို့ တပ်ဖွဲ့ဝင် ၁၁,၀၀၀ ခန့်ကို စေလွှတ်လိုက်ပြီး ၄ လ အကြာ ဇန်နဝါရီ ၂၄ရက်နေ့က တောင်ကိုရီးယားက ထုတ်ပြန်လိုက်သည့် ကြေညာချက်တစ်ခုတွင် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း ဖော်ပြထား ပါသည်။
ကိုးကား-The Guardian