တတိယကမ္ဘာစစ်ကို တားဆီးနိုင်ခဲ့ပြီဟု အမေရိကန်သမ္မတပြော
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၎င်း၏အနိုင်ရရှိမှုသည် တတိယကမ္ဘာစစ်ကို တားဆီးရာတွင် အရေးပါခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။ ထို့ပြင် အမေရိကန် ဒုသမ္မတဟောင်း ကမ်မလာဟားရစ်သာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက အချိန်တစ်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ပေါ်ပေါက်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့်ကပြောခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသနှင့် ယူကရိန်းတို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရေးသည် ၎င်း၏အဓိက နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က “တတိယကမ္ဘာစစ်တွင် ပါဝင်လာမည့် နိုင်ငံတိုင်းအတွက် အကျိုးအမြတ်ရှိမည် မဟုတ်ကြောင်း၊ ဂျိုးဘိုင်ဒင်အစိုးရ ထပ်မံ အုပ်ချုပ်ခဲ့မည်ဆိုပါက အားလုံးကတတိယ ကမ္ဘာစစ်ထဲရောက်နေလောက်ပြီ ဖြစ်သော်လည်း ယခုအချိန်တွင် တတိယကမ္ဘာစစ်ကို မိမိအနေဖြင့် တားဆီးနိုင်လိုက်ပါပြီ” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းသာ ၂၀၂၁ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာခဲ့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား-NP News