သတင်းများ

ထရမ့်-ပူတင် မဆွေးနွေးမီ သယံဇာတလဲလှယ်မှု သဘောတူညီချက် အမေရိကန် လိုချင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဆော်ဒီအာရေးဗီးယား တွင် ရုရှားသမ္မတပူတင်နှင့် သမ္မတထရမ့်တို့ ပြုလုပ်မည့် ငြိမ်းချမ်းရေး‌ ဆွေးနွေးပွဲမတိုင်မီ ယူကရိန်းနှင့် သတ္တုသယံဇာတဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း၊ အစီအစဉ်အသေးစိတ်ကို နောက်ပိုင်း တွင်မှသာ ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း၊ နှစ်ဖက်လုံးအတွက် ရိုးရှင်းသော သဘောတူညီချက်တစ်ရပ်ကို ရယူလိုကြောင်း ရိုက်တာသတင်းဌာနကို ကိုးကား၍ TASS က ဖော်ပြထားပါသည်။ 

ပြီးခဲ့သည့်မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်ဘက်က ကမ်းလှမ်းထားသည့် သယံဇာတလဲလှယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ယူကရိန်း သမ္မတဇီလန်စကီးက ငြင်းပယ်ခဲ့ပါသည်။ ထိုကမ်းလှမ်းချက်တွင် ယူကရိန်း၏ မြေရှားသတ္တုသယံဇာတ ၅၀ % ကို အမေရိကန်က ပိုင်ဆိုင်ရန် အဆိုပြုထားပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ မပါဝင်ခဲ့ချေ။ ယူကရိန်းအကျိုးစီးပွားကို ကာကွယ်ရန် လုံခြုံရေး အာမခံ ချက်များ ပါဝင်သည့် သဘောတူညီချက် တစ်ရပ်ကိုသာ လက်ခံနိုင်မည် ဖြစ်ကြောင်း ဇီလန်စကီးက တုံ့ပြန်ပြောကြားခဲ့ပါသည်။ 

ယခုအခြေအနေတွင် ယူကရိန်းနှင့် အမေရိကန်အကြား သတ္တု သယံဇာတ ဆိုင်ရာ သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများမှာ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်နေပြီး ယူကရိန်း၏ အနာဂတ်နှင့် လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။

ကိုးကား-TASS

နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်ရန် ဇီလန်စကီးကို တောင်အာဖရိက သမ္မတ ဖိတ်ကြား

တောင်အာဖရိကသမ္မတ Cyril Ramaphosa က ယူကရိန်းသမ္မတ Volodymyr Zelensky ကို တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်ခရီး အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း တောင်အာဖရိကသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က TASS သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

“အဆိုပါခရီးစဉ်သည် ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်ဖျန်ဖြေပေးမည့် တောင်အာဖရိက၏ ကြိုးပမ်းမှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း” ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး ခရီးစဉ်ရက်အတိအကျကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။                                                                                                                                                                                                           

ဇီလန်စကီးသည် တောင်အာဖရိကသို့ အလည်အပတ်ခရီးသွားရောက်လိုကြောင်း ယခင်က ပြောကြားခဲ့ပြီး ယခု တောင်အာဖရိက၏ တရားဝင် ဖိတ်ကြားချက်ကို လက်ခံထားသည်။ ယခုခရီးစဉ်သည် ရုရှားနှင့် ယူကရိန်း အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါသည်။

အာဏာဆက်လက်ရယူရန် ကြိုးစားခဲ့သည့် ဘရာဇီးသမ္မတဟောင်းကို တရားစွဲ

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သမ္မတဟောင်း ဂျားဘော်ဆိုနာရိုကို အာဏာဆက်လက်ရယူရန် ကြိုးပမ်းမှုဖြင့် ဘရာဇီး အစိုးရရှေ့နေချုပ်က စွဲချက်တင်ထားသည်။ အဆိုပါစွဲချက်များတွင် ၎င်း၏ နေရာကိုဆက်ခံသူ သမ္မတ လူဝစ်အင်နာစီယိုလူလာဒါဆီဗာ ကို လုပ်ကြံရန် ကြံစည်မှုလည်းပါဝင်နေပါသည်။

၂၀၂၂ခုနှစ်၊ အောက်တိုဘာ ရွေးကောက်ပွဲတွင် လူလာ က ဘောဆိုနာရို ကို မဲအရေအတွက်အနည်းငယ်အသာဖြင့် အနိုင်ရပြီးနောက် ဘရာဇီး သမ္မတအဖြစ် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ ရသည်။ ရွေးကောက်ပွဲပြီးသွားပြီးနောက်ပိုင်း ဥပဒေအရ သမ္မတအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ရှိနေသေးသည့် ဘော်ဆိုနာရိုက မဲလိမ်မှုပြဿနာကိုအကြောင်းပြကာ နိုင်ငံတော်အာဏာကို ဆက်လက် ရယူထားနိုင်ရန်ကြိုးပမ်းမှုများ လုပ်ဆောင်လာခဲ့သည်။

အစိုးရရှေ့နေချုပ် ပေါ်လိုဂိုနတ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးခံခဲ့ရသော သမ္မတဟောင်းနှင့် ၎င်း၏လက်တွဲဖော် ဗိုလ်ချုပ်ကြီး ဝေါ်တာ ဘရာဂါနတ်တို့သည် နိုင်ငံကို သိမ်းပိုက်ရန်စီစဉ်နေသည့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေကြောင်း ဖေဖော်ဝါရီ ၁၈ ရက် တွင် ပြောကြားခဲ့ပြီး စွဲချက်များတွင် လက်ရှိသမ္မတကို အဆိပ်ခတ်ရန် ကြံစည်မှုနှင့် တရားရုံးချုပ် တရားသူကြီး အလက်ဇန်ဒါဒီမိုရေး ကို လုပ်ကြံရန်ကြံစည်မှုလည်း ပါဝင်နေသည်။ 

ဘောဆိုနာရို၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ် ဩဂတ်စတိုလန်နို နှင့် ရေတပ်ဦးစီးမှူးဟောင်း ဗိုလ်ချုပ်ကြီး ဂါနီယာဆန်းတို တို့အပါအဝင် စစ်ဘက်အရာရှိ စုစုပေါင်း ၃၄ ဦးကို လုပ်ကြံမှုအတွက် တရားစွဲဆိုထားကြောင်း သတင်းရရှိပါသည်။  ဘောဆို နာရို၏ ရှေ့နေများက စွဲချက်များအားငြင်းဆိုခဲ့ကာ အဆိုပါ စွပ်စွဲချက် များသည် စိတ်ပျက်ဒေါသထွက်စရာဖြစ်နေကြောင်း ပြောဆိုထားပြီး သမ္မတဟောင်းက ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်ရန် ရည်ရွယ်သည့် မည်သည့်လှုပ်ရှားမှုကိုမျှ သဘောတူခဲ့ခြင်း မရှိကြောင်း၊ သမ္မတဟောင်းအားစွပ်စွဲထားသည့်  ၎င်းအား ပံ့ပိုးပေးသည့် အဖွဲ့အစည်းများလည်း မရှိကြောင်း  အခိုင်အမာပြောကြားထားပါသည်။

ကိုးကား-Myanmar National Post

ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ ဖေဖော်ဝါရီလ အကုန်ပိုင်းတွင် တွေ့ဆုံနိုင်ဟုဆို

မော်စကို၊ နိုင်ငံရေး

ရုရှားသမ္မတ  ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီလ အကုန်ပိုင်းတွင် တွေ့ဆုံနိုင်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဖေဖော်ဝါရီလ၁၉ ရက်တွင် ပြောသည်။

သို့သော် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည်  ၂၀၂၁  ခုနှစ်နောက်ပိုင်းမှစ၍ ရုရှားနှင့် အမေရိကန်တို့ကြား ပထမဆုံးအကြိမ်  မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သောကြောင့်  ကြိုတင်ပြင်ဆင်ရန် အချိန်ပိုမိုကြာမြင့်နိုင်ကြောင်း ပက်စကော့က ဆက်ပြောသည်။

မိမိအနေဖြင့် သမ္မတဗလာဒီမာပူတင်နှင့် ယခုလအတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု ထရမ့်က ဖေဖော်ဝါရီလ  ၁၈ ရက်တွင် ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသည့် အမေရိကန်-ရုရှားဆွေးနွေးမှု၌ ယူကရိန်းကပါဝင်မှုမရရှိခြင်းနှင့် ပတ်သက်၍ ယူကရိန်းအစိုးရ၏ စိုးရိမ်မှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားအစိုးရနှင့် သဘောတူညီချက်တစ်ရပ်ကို အစောပိုင်းကတည်းက ချမှတ်နိုင်ရန် အခွင့်အရေးရှိခဲ့သော်လည်း ထိုသို့သဘောတူညီချက်ရရှိစေရန် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ထရမ့်က ဆက်လက်ပြောကြားသည်။

အမေရိကန်နှင့် ရုရှားအရာရှိကြီးများကြား ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့၌ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် အဓိကအာရုံစိုက် လုပ်ဆောင်ခြင်းဖြစ်သော်လည်း  ၎င်းဆွေးနွေးမှုသည်    ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အလွန့်အလွန် အရေးကြီးသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း  ပက်စကော့က ဆက်လက် ပြောကြားထားကြောင်း သိရသည်။

Source: Myawady Web Portal

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်ရောင်းဝယ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဗာဟိုရာဒါ (ယူကရိန်းလွှတ်တော်) တွင် ကြေညာ

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်ရောင်းဝယ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဗာဟိုရာဒါ (ယူကရိန်းလွှတ်တော်) တွင် ကြေညာခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်ရောင်းဝယ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ယူကရိန်းလွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၊ အတွင်းရေးမှူး ရိုမန်ကို စတန်ကိုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ ယူကရိန်း သည် အမေရိကန်ထံမှ အကူအညီတောင်းခံမှုများကို ယခင်ကတည်းက ငြင်းဆန်ခံခဲ့ရပြီး အဆိုပါ လက်နက်ပို့ဆောင်ရေးလမ်းကြောင်း၏ အနာဂတ်သည် မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရှိရပါသည်။

ကိုးကား - RIA Novosti

ဒေါ်နယ်ထရမ့်က ဗလာဒီမာ ဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း ခေါ်ဆိုကာ ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို စီမံခန့်ခွဲမှုညံ့ဖျင်းပြီး အမေရိကန်ငွေကြေးအကူအညီများကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် အမေရိကန် - ရုရှားတွေ့ဆုံဆွေးနွေးပွဲပြီးနောက် ဝါရှင်တန်နှင့် ကိယက်ဗ်အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ၎င်း၏ Truth Social ပလက်ဖောင်း၌ ထရမ့်က ဇီလန်စကီးကို ဝေဖန်ကာ “ယူကရိန်းခေါင်းဆောင်သည် အမေရိကန်ပြည်ထောင်စုအား မအောင်မြင်နိုင်သော စစ်ပွဲတစ်ခုထဲသို့ ဒေါ်လာ ၃၅၀ ဘီလီယံ သုံးစွဲရန် စည်းရုံးခဲ့သည်” ဟု ရေးသားခဲ့သည်။ ထို့အပြင် ၎င်းက ဇီလန်စကီးသည် “ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆိုနေပြီး ယူကရိန်းရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းသည်” ဟု ဆိုသည်။

“ရွေးကောက်ပွဲမရှိသော အာဏာရှင် ဇီလန်စကီးအနေဖြင့် ရွေးကောက်ပွဲ ကို အမြန်ဆုံးလုပ်ဆောင်ခြင်းက ၎င်းအတွက် ကောင်းမွန်သော အဖြေရရှိမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက နိုင်ငံမဲ့ဖြစ်သွားနိုင်သည်” ဟု ထရမ့်က သတိပေးခဲ့သည်။

ကိုးကား-RT

ဂျပန်၀န်ကြီးချုပ်ဟောင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အမျိုးသား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဂျပန်၀န်ကြီးချုပ်ဟောင်း Kishida Fumio ရှိသည့် နေရာအနီးသို့ ဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ပေါက်ခဲ့သော အမျိုးသားကို ဂျပန်အနောက်ပိုင်း Wakayama ခရိုင်ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါသည်။ တရားခံသည် ထိုစဉ်က တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် အများပြည်သူအကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု တရားရုံးက ပြောပါသည်။

တရားခံဖြစ်သူ Kimura Ryuji က ဖောက်ခွဲရေးပစ္စည်းများနှင့် ပစ်ပေါက် ခဲ့ရာ လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ် စည်းရုံးခဲ့ချိန် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဝန်ကြီးချုပ် Kishida သည် Wakayama မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ရောက်ရှိနေခဲ့ပြီး ထိုနေရာတွင် လုပ်ကြံခံခဲ့ရသော်လည်း ဒဏ်ရာရရှိခြင်းမရှိဘဲ အခင်းဖြစ်ပွားရာနေရာမှ အလျင်အမြန် ရွှေ့ပြောင်းတိမ်းရှောင်နိုင်ခဲ့ပါသည်။

အသက် ၂၅ နှစ်အရွယ် Kimura သည် လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှုနှင့် ဖောက်ခွဲရေးပစ္စည်းထိန်းချုပ်ရေးအက်ဥပဒေကို ချိုးဖောက်မှု အပါအဝင် စွဲချက် ၅ ခုဖြင့် Wakayama ခရိုင်တရားရုံး၌ ရုံးတင်စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးမှုအရ ဖောက်ခွဲရေးပစ္စည်းများသည် လူကို သေစေနိုင်သည်ဟု တရားသူကြီး Fukushima Keiko က ဖေဖော်ဝါရီ ၁၉ ရက်နေ့က တရားစီရင်မှုတွင် ပြောကြားခဲ့သည်။ Kimura သည် Kishida သေဆုံးသွားနိုင်ကြောင်းကို သိထားပြီး ၎င်းဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် လူသတ်မှုကျူးလွန်ရန်ကြိုးပမ်းမှုနှင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်ဟု တရားသူကြီးက ဆိုပါသည်။

ကိုးကား-NHK World

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် ပထမဆုံးသမ္မတဖြစ်လာ

ရာထူးမှဖြုတ်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ် သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် တောင်ကိုရီးယား၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်ဟု သိရပါသည်။ယွန်းဆက်ယိုးလ်သည် စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရခြင်းလည်းဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ ရက်တွင် ယွန်းဆက်ယိုးလ်က စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

သို့သော်လည်း လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယွန်းဆက်ယိုးလ်သည် စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုကို နာရီပိုင်း အကြာ တွင် ပြန်လည်ရုတ်သိမ်းခဲ့ရကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ယွန်းဆက်ယိုးလ်သည် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုများကို ခံခဲ့ရကြောင်းလည်း သိရသည်။ ယွန်းဆက်ယိုးလ် ကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၁၀ နာရီ ၃ဝ မိနစ်အချိန်တွင်ထုတ်ပြန်ခဲ့သည်ဟု အကျင့်ပျက်ခြစားမှု စုံစမ်း စစ်ဆေးရေး အဆင့်မြင့်အရာရှိများရုံး (CIO)က ပြောကြားခဲ့ပါသည်။

ယခင်လ(ဇန်နဝါရီ)ကတည်းက ဖမ်းဆီးခံခဲ့ရသည့် ယွန်းဆက်ယိုးလ် သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်ပေးခံရနိုင်ဖွယ်ရှိနေကြောင်းသိရပြီး ယွန်းဆက်ယိုးလ်၏ အမှုကြားနားမှုကို ဖေဖော်ဝါရီ လ ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် လုပ်ဆောင်သွားမည်ဟုလည်းသိရပါသည်။

ကိုးကား-NP News

ရဝမ်ဒါသည် ဘယ်လ်ဂျီယံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်

ရဝမ်ဒါနိုင်ငံသည် ဘယ်လ်ဂျီယံနှင့် ငါးနှစ်ကြာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယာယီရပ်ဆိုင်းလိုက်ပြီး ဘယ်လ်ဂျီယံ အား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခတွင် တစ်ဖက်မှ ရပ်တည်နေသည်ဟုလည်းကောင်း၊ “ဖွံ့ဖြိုးရေးကို နိုင်ငံရေးအရ အသုံးချနေသည်ဟုလည်းကောင်း” စွပ်စွဲခဲ့ သည်။

ဘယ်လ်ဂျီယံက ကီဂါလီအား M23 လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြီးနောက် အရှေ့အာဖရိကနိုင်ငံဖြစ်သော ရဝမ်ဒါ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၈ ရက် တွင် ကြေညာခဲ့သည်။ M23 လက်နက်ကိုင်အဖွဲ့သည် ကွန်ဂိုစစ်တပ်များနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ထပ်မံတိုက်ခိုက်ပြီး North Kivu နှင့် South Kivu ပြည်နယ်များရှိ မြို့ကြီးနှစ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ဘယ်လ်ဂျီယံ၏ ကိုလိုနီဟောင်းဖြစ်သော ကွန်ဂိုတွင် ကလေးများအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။

“ဘယ်လ်ဂျီယံသည် DRC နှင့်အတူ ရဝမ်ဒါ၏ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အထောက်အပံ့များရရှိမှုကို ဖျက်ဆီးရန်ရည်ရွယ်သည့် ရန်လိုသော လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ခဲ့ပြီး ထိုသို့သော ကြိုးပမ်းမှုများသည် ဘယ်လ်ဂျီယံနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အခြေခံမရှိတော့ကြောင်း ပြသနေပါသည်။ ထို့ကြောင့် ရဝမ်ဒါသည် ၂၀၂၄-၂၀၂၉ ခုနှစ်အတွင်း နှစ်နိုင်ငံအကူအညီပေးရေးအစီအစဉ်၏ ကျန်ရှိသောအပိုင်းကို ယာယီရပ်ဆိုင်းလိုက်ပါသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရပ်ဆဲလ်ရှိ ဘယ်လ်ဂျီယံသံရုံး၏ ဝက်ဘ်ဆိုက်အရ ဘယ်လ်ဂျီယံ၏ အကူအညီပေးရေးဘဏ္ဍာငွေမှာ ယူရို ၉၅ သန်း (ဒေါ်လာ ၉၉ သန်း) ဖြစ်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသော ပဋိပက္ခက Kinshasa နှင့် Kigali အကြား ဆက်ဆံရေးကို တင်းမာစေခဲ့သည်။ ကွန်ဂိုအစိုးရက အိမ်နီးချင်းနိုင်ငံဖြစ်သော ရဝမ်ဒါသည် အရှေ့ပိုင်းဒေသ၏ ကြွယ်ဝသော သတ္တုအရင်းအမြစ်များကို ထိန်းချုပ်ရန် ပြိုင်ဆိုင်နေသည့် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာထဲမှ တစ်ဖွဲ့ဖြစ်သော M23 ကို ထောက်ပံ့ပေးနေသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲခဲ့သည်။ ယခင်နှစ်က ကုလသမဂ္ဂ၏ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကလည်း ရဝန်ဒါစစ်သား ၄,၀၀၀ ခန့်သည် M23 လက်နက်ကိုင်အဖွဲ့နှင့်အတူ တိုက်ခိုက်နေသည် ဟု အစီရင်ခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက နိုင်ငံသို့ပြန်လာမည်ဟု ကတိပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရကို “အကြမ်းဖက်သမား” တစ်ဦးက ဦးဆောင်နေပြီး ထိုသူသည် “အကြမ်းဖက်သမားများ” ကို လွှတ်ပေးကာ နိုင်ငံတွင် “ဥပဒေမဲ့အခြေအနေ” ကို အားပေးနေသည်ဟု ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ပြင်းထန်စွာဝေဖန်ခဲ့သည်။ ဆန္ဒပြမှုများကြောင့် ဩဂုတ်လတွင် နှုတ်ထွက်ခဲ့ရပြီး ယခုအခါ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေရသည့် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာပြီး အာဏာပြန်လည်ရယူမည်ဟု ကတိပြုထားသည်။

အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ ရှိတ်ဟာဆီနာသည် ယမန်နှစ်က သူမအား အာဏာမှ ဖယ်ရှားခဲ့သည့် အရေးအခင်းအတွင်း သေဆုံးခဲ့သည့် ရဲအရာရှိလေးဦး၏ဇနီးများနှင့် အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး “အဆိုပါ သတ်ဖြတ်မှုများသည် မိမိကိုအာဏာကနေ ဖယ်ရှားရန်အတွက် စနစ်တကျ စီစဉ်ခဲ့ကြသည့် လျှို့ဝှက်အကြံအစည်၏ တစ်စိတ်တစ်ပိုင်းပါကြောင်း” NDTV က သူမ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပြီး “မိမိအနေဖြင့် ရဲများ၏ သေဆုံးမှုအတွက် ပြန်လာပြီး လက်စားချေမည်" ဟု ကတိပြုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ကျောင်းသားများဦးဆောင်သည့် အကြမ်းဖက် အရေးအခင်းများကြောင့် သူမ၏အစိုးရ ပြုတ်ကျပြီးနောက် ရှိတ်ဟာဆီနာသည် အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ကို ယာယီအစိုးရ၏ အတိုင်ပင်ခံ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး အစိုးရ၏အဓိကရည်မှန်းချက်များမှာဥပဒေနှင့် ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရန်နှင့် ရွေးကောက်ပွဲသစ်များမှတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြီးကြပ်ရန် ဖြစ်သည်။

ရှိတ်ဟာဆီနာ ထွက်ခွာပြီးနောက် သူမနှင့် သူမ၏အစိုးရအဖွဲ့ဝင်များအပေါ် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြည်သူ့လွတ်လပ်ခွင့်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင် များပြားလှသော ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ဒါကာရှိ ယာယီအစိုးရက အိန္ဒိယအစိုးရအား ရှိတ်ဟာဆီနာကို ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုခဲ့ပြီး သူမအား နိုင်ငံသို့ပြန်လာစေကာ တရားရင်ဆိုင်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နယူးဒေလီမှ ယခုအချိန်ထိ တရားဝင် အကြောင်းပြန်ခြင်းမရှိသေးဘဲ ဟာဆီနာအား နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့သည်။