Musk က Reuters အား လိမ်လည်နေသည်ဟု စွပ်စွဲ

News Image

  • Musk က Reuters အား လိမ်လည်နေသည်ဟု စွပ်စွဲ

Tesla နှင့် SpaceX CEO Elon Musk သည် Reuters အား “လိမ်လည်နေသည်” ဟုစွပ်စွဲပြီး သဘာဝအရင်းအမြစ်များနှင့် ပတ်သက်သည့် လက်ရှိညှိနှိုင်းမှုများတွင် အကျိုးကျေးဇူးရရှိစေရေး Starlink အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ရန် ခြိမ်းခြောက်သည့် အစီအစဉ်များအကြောင်း Reuters ၏ သတင်းဖော်ပြခဲ့မှုကို ငြင်းဆို ခဲ့သည်။

Reuters သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထိုအစီအစဉ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် အမေရိကန်တာဝန်ရှိသူ ၃ ဦး၏ ပြောကြားချက်များကို ကိုးကားသည်ဟုဆိုကာ အဆိုပါကိစ္စနှင့် ပတ်သက်သည့် သတင်းကို ဖော်ပြခဲ့သည်။ယူကရိန်းခေါင်းဆောင် Vladimir Zelensky နှင့် Trump ၏ကိုယ်စားလှယ် Keith Kellogg တို့အကြား လွန်ခဲ့သော သီတင်းပတ်က Kiev တွင် ကျင်းပခဲ့သည့်အစည်းအဝေး၌ ဝါရှင်တန်နှင့် ရှားပါးသတ္တုများဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးပါက Musk ၏ Starlink ဂြိုလ်တုဝန်ဆောင်မှုကို “ချက်ချင်းပိတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု Reuters က ဖော်ပြခဲ့သည်။

Musk သည် ထိုနေ့နောက်ပိုင်းတွင် ၎င်း၏လူမှုမီဒီယာပလက်ဖောင်း X ၌ ထိုသို့သောအစီအစဉ်များမရှိကြောင်း ငြင်းပယ်ခဲ့ပြီး Reuters အား “လိမ်လည်နေသည်” ဟု စွပ်စွဲခဲ့သည်။

အဆိုပါသတင်းသည် သတင်းအမှားဖြစ်ပြီး Reuters က လိမ်လည်ဖော်ပြ ခြင်းဖြစ်ကြောင်းနှင့် Reuters သည် AP (Associated Propaganda) ကဲ့သို့သော အစဉ်အလာဖြင့် သတင်းမှားများကို ထုတ်ပြန်နေသောဌာန ဖြစ်သည်ဟု Musk က ရေးသားခဲ့သည်။

ကိုးကား-RT