ကမ္ဘောဒီးယားနယ်စပ်အနီး မြေမြှုပ်မိုင်း နင်းမိ ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
ဩဂုတ် ၉ ရက်(စနေနေ့)တွင် ကမ္ဘောဒီးယားနှင့် နယ်စပ်အနီး တာဝန် ထမ်းဆောင်နေသော ထိုင်းစစ်သား သုံးဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားပါသည်။
ယခုဖြစ်စဉ်မှာ မကြာသေးမီက ငါးရက်ကြာ ပြင်းထန်သော ပဋိပက္ခအပြီး နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံ Sisaket နှင့် ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ခရိုင်အကြား နယ်စပ်တစ်လျှောက် စစ်ကင်းလှည့်လည်စဉ် စစ်သားတစ်ဦး မြေမြှုပ် မိုင်းပေါ်သို့ နင်းမိခဲ့သဖြင့် ၄င်းမှာ ခြေတစ်ဖက် ဆုံးရှုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ စစ်သားများအား ဆေးရုံတွင် ကုသမှုပေးနေပြီ ဖြစ်ကြောင်း စစ်တပ်က ပြောကြားထားပါသည်။
ကိုးကား- South China Morning Post
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃