အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ

News Image

  • အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာ ဝါသနာရှင်များ၏  လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရသိရသည်။

ယခုလအစောပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာတစ်ခုက   KHAN  ဒုံးကျည်ဓာတ်ပုံများကိုတင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဘလော့များတွင်လည်း အကျယ်တဝင့်ဖော်ပြလာသည့်အပြင် ပြည်တွင်း သတင်းဌာနကြီး တစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်း ဖြစ်သည်။

တူကီယဲနိုင်ငံရှိ Roketsan ကုမ္ပဏီက ထုတ်လုပ်ထားသော အဆိုပါ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်စခန်းတစ်ခု၌ထားရှိခြင်း ဖြစ်သည်ကို ဓာတ်ပုံများတွင်တွေ့ရသည်။ ယင်းဒုံးကျည်သည် အလေးချိန်ကီလိုဂရမ် ၂၅၀၀ ရှိပြီး ကီလိုဂရမ် ၄၇၀ ရှိထိပ်ဖူးကို တင်ဆောင်ကာ ကီလိုမီတာ ၂၈၀ ရှိပစ်မှတ် ကိုပစ်ခတ်နိုင်ကြောင်း သိရသည်။

Ref: AGC

MWD Web Portal