အီရန်နှင့် အစ္စရေး ၁၂ ရက်ကြာ စစ်ပွဲ ပြီးဆုံး
အီရန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြကြောင်း ထရမ့်က Truth Social လူမှုကွန်ယက်ပေါ် ရေးတင်သည်။ အစ္စရေးနှင့် အီရန်တို့ကြား တညီတညွတ်တည်း သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည့် အတွက် အပြည့်အဝ အပစ်ရပ်စဲရေး စတင်တော့မည်ဖြစ်ပါသည်။ နှစ်နိုင်ငံ စလုံး လက်ကျန်မစ်ရှင်များ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိအချိန် မှ ၆ နာရီခန့်အကြာ အချိန်ယူပြီးနောက် အပစ်အခတ်ရပ်စဲမှု စတင်မည် ဖြစ်သည်။ ပထမဆုံး အီရန်ဘက်က အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီ ကြာ ထိန်းထားရမှာဖြစ်ပြီး အစ္စရေးကလည်း နောက်ထပ် ၁၂ နာရီကြာ ထိန်းထားရပါမည်။ စုစုပေါင်း ၂၄ နာရီပြည့်ပြီးပါက စစ်ပွဲ ပြီးဆုံးသွားပြီ ဟု သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်ကိုနှစ် နိုင်ငံ စလုံးက ငြိမ်းချမ်းစွာ လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၁၂ ရက်ကြာစစ်ပွဲကို အဆုံးသတ်ရန် လိုအပ်နေသည့် ခံနိုင်ရည်၊ သတ္တိနှင့် ဉာဏ်ပညာများ ရှိကြသည့် အစ္စရေးနှင့် အီရန် နှစ်နိုင်ငံလုံးကို ဂုဏ်ပြုလို ပါကြောင်း ရေးသားထားပါသည်။ အဆိုပါစစ်ပွဲသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး အရှေ့အလယ်ပိုင်းဒေသကို ဖျက်ဆီးနိုင်သော်လည်း ယခု အချိန်တွင် ထိုကဲ့သို့ မည်သည့်အခါမျှ ဖြစ်နိုင်မည်မဟုတ်ပါ” “နောင်တွင် လည်း ထိုသို့ဖြစ်လာမည်မဟုတ်ပါ” ဟု ဖော်ပြထားပါသည်။
“ဘုရားသခင်သည် အစ္စရေးကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အီရန်ကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အရှေ့အလယ်ပိုင်း ဒေသကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အမေရိကန် ပြည်ထောင်စုကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် ဤကမ္ဘာကြီးကို ကောင်းချီး ပေးပါစေ” ဟု ဒေါ်နယ်ထရမ့်က ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အဆုံးသတ်ထားပါသည်။
ကိုးကား- Donal Trump’ Telegram Channel
Photo: Mint