Deepfake နည်းပညာဖြင့် ဖန်တီးထားသော သတင်းအချက်အလက် လှည့်စားမှု အန္တရာယ်ကို မော်စကိုက သတိပေး

News Image

  • Deepfake နည်းပညာဖြင့် ဖန်တီးထားသော သတင်းအချက်အလက် လှည့်စားမှု အန္တရာယ်ကို မော်စကိုက သတိပေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အတုအယောင် ဖန်တီးမှု (deepfake) နည်းပညာ တိုးတက်လာမှုကြောင့် ကမ္ဘာသည် “သတင်း အချက်အလက် လှည့်စားမှု” (informational barbarism) ဘက်သို့ ဦးတည်နေကြောင်း သတိပေးခဲ့ပြီး သတင်းဌာနများအနေဖြင့် အချက်အလက်စစ်ဆေးခြင်း (fact-checking) နှင့် ဗီဒီယိုအတုအစစ် စိစစ်ခြင်းတို့ အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့သော အာရှ-ပစိဖိတ် သတင်းဌာနများအဖွဲ့ (OANA) ၏ ၁၉ ကြိမ်မြောက်အထွေထွေညီလာခံတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုအတွင်း Zakharova က deepfake များကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်ခဲ့သည်။ သူမက မကောင်းသောရည်ရွယ်ချက်ရှိသူများသည် ၎င်းတို့၏ ပစ်မှတ်များကို “မုသားအဆိပ်ဆေးလုံးများ” (Poison Pills of Lies) ဖြင့် တိုက်ခိုက်ရန် အခွင့်အလမ်းတိုင်းကို အသုံးချနေပြီး ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင်ရန် AI အခြေခံသော အတုအယောင်အကြောင်းအရာများ (Generative Content) ကို အသုံးပြုလာကြောင်း ပြောကြားခဲ့သည်။

“လွန်ခဲ့သော နှစ်အနည်းငယ်ကအထိ deepfake ဆိုသည်မှာ လူများကို ရှုပ်ထွေးစေနိုင်သည့် အသစ်အဆန်းတစ်ခုသာဖြစ်သော်လည်း ယခုအခါ တွင် deepfake ဗီဒီယိုများ၏ အရည်အသွေးနှင့် အရေအတွက် တိုးလာမှုက လူသားမျိုးနွယ်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အဆင်သင့်ဖြစ်ပြီလားဆိုသည့် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်” ဟု Zakharova က ဆိုသည်။ “မိမိတွင် တိကျသော အဖြေ မရှိပါ” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် Zakharova ကိုယ်တိုင် အပါအဝင် အတုအယောင်အကြောင်းအရာများကို ဖော်ထုတ် ရှင်းလင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုအရာများ တိုးပွားလာသည်နှင့်အမျှ၎င်းတို့ကို တိုက်ဖျက်ရန် လိုအပ်သည့်အချိန်လည်း ပိုမိုများပြားလာကြောင်း သူမက ဆိုသည်။ အဆိုပါပြဿနာသည် လှည့်ဖြားသူများမှ deepfake များကို မြင့်တက်လာသည့်နှုန်းအတိုင်း အမျိုးမျိုးသောရှုထောင့်များရှိပြီး စနစ်တကျ နည်းလမ်းပေါင်းစုံဖြင့် အပြည်ပြည်ဆိုင်ရာ တုံ့ပြန်မှုကို လိုအပ်နေကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

“သတင်းဌာနများနှင့် အဓိကမီဒီယာ အဖွဲ့အစည်းများ အနေဖြင့်အချက်အလက် စစ်ဆေးခြင်းအတွက် အထူးတပ်ဖွဲ့များထားရှိရန်လိုအပ်ပြီး ယုံကြည်စိတ်ချရခြင်းမရှိသော အချက်အလက်များကို ယုံကြည် စိတ်ချရသည်ဟု ပြသရန် အသုံးပြုသည့် နည်းပညာဆိုင်ရာ လှည့်စားမှုများကို ဖော်ထုတ်နိုင်ရန် လေ့ကျင့်ထားရမည်မှာ အလိုလိုသိသာပါသည်” ဟု သူမက ပြောကြားခဲ့သည်။

မီဒီယာစနစ်အတွင်း အကြမ်းဖျဉ်း သတင်းအချက်အလက်များကို အများဆုံးကိုင်တွယ်သည့် သတင်းဌာနများသည် သဘာဝအားဖြင့်အတုအယောင်ပုံရိပ်များကို တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ပါဝင်နေကြောင်း Zakharova က ထောက်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်တွင် “သတင်းတုများ” ကို တိုက်ဖျက်ရန် အထူးလှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် ရုရှား၏ အမျိုးသား အကျိုးစီးပွားကို ပစ်မှတ်ထားသည့် သတင်းအချက်အလက် တိုက်ခိုက်မှု များအဖြစ် သတ်မှတ်ထားသည့် အကြောင်းအရာများအတွက် ပုံမှန်ငြင်းဆိုချက် ၅,၀၀၀ ကျော်နှင့် အသေးစိတ်ဖော်ထုတ်ချက် ၃၅၀ ကျော်ကို ထုတ်ပြန်ခဲ့ကြောင်း အရာရှိက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂