အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို “ဒုံးကျည်များဖြင့် တိုက်ခိုက်မည်” ဟု ပြောကြား

News Image

  • အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို “ဒုံးကျည်များဖြင့် တိုက်ခိုက်မည်” ဟု ပြောကြား

အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် နှင့် ရေနံသယ်ယူ ပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်သိမ်းရန် တောင်းဆိုလိုက်သည်။

“အမေရိကန်က ဖော်ဒိုးနျူကလီးယားစက်ရုံကို တိုက်ခိုက်ပြီးနောက် ယခု မိမိတို့အလှည့်ဖြစ်ပါပြီ” ဟု သဘောထားတင်းမာသော Kayhan သတင်းစာ ၏ အယ်ဒီတာချုပ် Hossein Shariatmadari က သတိပေးပြောကြား ခဲ့သည်။ ၎င်းသည် ၎င်းကိုယ်ကို အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ၏ “ကိုယ်စားလှယ်” အဖြစ် ယခင်က ပြောဆိုခဲ့သူ ဖြစ်သည်။

Kayhan ၏ Telegram မက်ဆေ့ဂျ်တွင် Shariatmadari က “အချိန် ဆွဲခြင်း၊ နှောင့်နှေးခြင်းမရှိဘဲ ပထမအဆင့်အနေဖြင့် ဘာရိန်းတွင် အခြေစိုက်နေသော အမေရိကန်ရေတပ်အား ဒုံးကျည်များဖြင့် တိုက်ခိုက် ရမည်။ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာနေသော အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်သင်္ဘောများ အား ပိတ်ပင်ရမည်” ဟု ပြောကြားခဲ့သည်။

ထိုမက်ဆေ့ဂျ်၏ အဆုံးတွင် ကုရ်အာန်ကျမ်းမှ စကားစုတစ်ခုဖြင့် အဆုံးသတ်ထားပြီး၊ “၎င်းတို့ကို သင်တွေ့သမျှနေရာတိုင်းတွင် သတ် ပစ်လော့” ဟု ဖော်ပြထားသည်။

ယခုအချိန်အထိ အမေရိကန်၏ အီရန်နျူကလီးယား စက်ရုံ တိုက်ခိုက်မှု အား ခေါင်းဆောင် Khamenei ထံမှ တရားဝင်တုံ့ပြန်ချက် မရှိသေးပေ။ 

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂