အိန္ဒိယလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ ပျောက်ဆုံးသူ ၂ ဦး ရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

News Image

  • အိန္ဒိယလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ ပျောက်ဆုံးသူ ၂ ဦး ရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

အိန္ဒိယစစ်တပ်က မေ ၇ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်အား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံးသေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ အခြား ပျောက်ဆုံးသူ ၂ ဦး ရှိပြီ ဖြစ်ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က ယင်းနေ့ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်က အိန္ဒိယစစ်တပ်၏ “Dassault Rafale” တိုက်လေယာဉ်နှစ်စင်းနှင့် “Sukhoi” စီးရီး တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး ဖြစ်ကြောင်းနှင့် ပါကစ္စတန်အပေါ် အိန္ဒိယ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန် အိန္ဒိယနယ်နိမိတ်အတွင်းရှိ စစ်ရေးကွပ်ကဲမှုဌာနတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ပါကစ္စတန်လေတပ်တိုက်လေယာဉ်များ အားလုံး လုံခြုံဘေးကင်းစွာ ပြန်လည်ရောက်ရှိပြီး ဖြစ်ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေး ဌာနက မေ ၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ထို့အပေါ် အိန္ဒိယစစ်တပ်က ပြန်လည် ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။ 

ကိုးကား- Xinhua