မြောက်ကိုရီးယားက ဂျပန် (EEZ) အပြင်ဘက် ဂျပန်ပင်လယ်ထဲ ဒုံးကျည်များ ပစ်လွှတ်

News Image

  • မြောက်ကိုရီးယားက ဂျပန် (EEZ) အပြင်ဘက် ဂျပန်ပင်လယ်ထဲ ဒုံးကျည်များ ပစ်လွှတ်

မြောက်ကိုရီးယားသည် ဂျပန်သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက် ဂျပန်ပင်လယ်ထဲသို့ မေလ ၈ ရက်တွင် ပစ်လွှတ်ခဲ့ကြောင်း၊   လတ်တလော သိရှိရသည့် သတင်းအချက်အလက်များအရ ပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း ဂျပန် NHK ရုပ်မြင်သံကြားက ဖော်ပြထားပါသည်။ 

ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ထိုဒုံးကျည်ပစ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်း၍ စိစစ်ဖော်ထုတ်လျက်ရှိပြီး ရေကြောင်း/ လေကြောင်း လုံခြုံရေးကို သေချာမှုရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား အမိန့်ညွှန်ကြားထားပါသည်။

တောင်ကိုရီးယား၏ ပူးတွဲကာကွယ်ရေးဦးစီးချုပ်အဆိုအရ   မြောက်ကိုရီးယား အရှေ့တောင်ပိုင်းရှိ Wonsan မြို့အနီးမှအဆိုပါ တာလတ်ဗုံးကြဲ ဒုံးကျည် များကို ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြောက်ကိုရီးယားသည် မတ်လ ၁၀ ရက်ကလည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့ Freedom Shield စစ်လေ့ကျင့်မှု ပြုလုပ်နေချိန်တွင် ပင်လယ်ဝါထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။

ကိုးကား- TASS

Photo: Le Monde

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃