ပူတင်၏ V-Day ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက် ယူကရိန်း တုံ့ပြန်မှု မရှိသေး

News Image

  • ပူတင်၏ V-Day ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက် ယူကရိန်း တုံ့ပြန်မှု မရှိသေး

ရုရှားသမ္မတဗလာဒီမာပူတင်၏ V-Day အထိမ်းအမှတ် ၃ ရက် (၇၂ နာရီ) ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ယူကရိန်းဘက်မှ အထူး တလည် တုံ့ပြန်မှု မရှိသေးကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က ပြောကြားလိုက်ပါသည်။

မော်စကိုစံတော်ချိန် မေ ၈ ရက် ညသန်းခေါင်မှ မေ ၁၁ ရက် ညသန်းခေါင်အထိ (မြန်မာစံတော်ချိန် မေ ၇ ရက် ည ၉:၀၀ မှ မေ ၁၀ ရက် ည ၉:၀၀ အထိ) ရုရှားဘက်မှ စစ်ဆင်ရေးအားလုံးကို ယာယီရပ်နားမည် ဟု ရုရှားသမ္မတက ကြေညာထားပါသည်။ 

ယူကရိန်းသမ္မတ ဇီလန်စကီးက ထိုကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ၎င်း၏ အခြေအနေအရ ပိုရှည်လျားသော အပစ်အခတ်ရပ်စဲမှုကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မော်စကိုရှိ အောင်ပွဲနေ့အခမ်းအနားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 

ယခင် အီစတာပွဲတော်ကာလတွင်လည်း ရုရှားက ၃၀ နာရီကြာ အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်းခဲ့ရာ အစပိုင်းတွင် ယူကရိန်းဘက်မှ ငြင်းဆိုခဲ့ သော်လည်း နောက်ပိုင်းတွင် ပါဝင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုအချို့ ဆက်လက်ပြုလုပ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ ပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃