သတင်းများ

ယီမင်စစ်ဆင်ရေး အမေရိကန်တာဝန်ရှိသူများ၏ Chat Group ထဲ သတင်းသမားတယောက်ကို မှားယွင်းထည့်ခဲ့

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ကို တိုက်ခိုက်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး “အမေရိကန်ထိပ်တန်းတာဝန်ရှိသူများ ဆွေးနွေးနေသည့် Chat Group ထဲတွင် သတင်းထောက် တစ်ယောက်ကို မှားယွင်းထည့်ခဲ့မိကြောင်း” အိမ်ဖြူတော်က အတည်ပြုလိုက်ပါသည်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ် အမည်နှင့် အကောင့်ကနေ ဆစ်ဂနယ် မက်ဆေ့ချ် အက်ပလီကေးရှင်း Chat Group ထဲသို့ မှားယွင်းထည့်သွင်းခဲ့ကြောင်း The Atlantic ၏ အယ်ဒီတာချုပ်ဖြစ်သူ ဂျက်ဖရီဂိုးဘတ်ကလည်း ပြောပါသည်။

ယီမင်ကို တိုက်ခိုက်မည့်ကိစ္စကို ဆစ်ဂနယ် မက်ဆေ့ချ် အက်ပလီကေးရှင်း Group တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်၊ အိမ်ဖြူတော် အကြီးအကဲ ဆူဇီဝိုင်းစ် ၊ စီအိုင်အေညွန်ကြားရေမှူး ဂျွန်ရက်ကလစ်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်နှင့် အခြားလုံခြုံရေးထိပ်တန်း တာဝန်ရှိသူများ ပါဝင်ကြပါသည်။

၎င်းတို့သည် မူဝါဒပိုင်းဆိုင်ရာများကို အခြေအတင်ဆွေးနွေးပြီးနောက် ယီမင်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း The Atlantic အယ်ဒီတာချုပ်က ပြောပါသည်။

ပြင်ပပုဂ္ဂိုလ်တစ်ယောက်ကို သတိထားရမည့် နိုင်ငံ့ကာကွယ်ရေးဆွေးနွေးမှုစကားဝိုင်းတွင် အမှတ်မထင်ထည့်သွင်းမိခြင်းသည် စစ်ဆင်ရေး လုံခြုံရေးနှင့်ပတ်သက်၍ ထရမ့်အစိုးရ၏ အံ့မခန်းကျိုးပေါက်မှုဟု ဝေဖန်သူများက ဆိုပါသည်။

ထရမ့်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘာမျှမသိကြောင်း ပြောပါသည်။ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချော့ရှန်မာ ကတော့ ထိုကိစ္စကို စုံစမ်းစစ်ဆေးရေး တောင်းဆိုမှုများဆီသို့ ဦးဆောင်နေပါသည်။

သို့သော် Chat Group ထဲတွင် စစ်ရေးအစီအစဉ်များနှင့်ပတ်သက်၍ မျှဝေခဲ့ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်ချ်က ဟာဝိုင်ယီ ခရီးစဉ်မတိုင်ခင် သတင်းထောက်များကို ပြောပါသည်။ 

ကိုးကား-BBC

Photo: UPI

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ် ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် အမေရိကန် မျှော်လင့်လျက်ရှိဟုဆို

အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း အတွင်းသိများ၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းစာက မတ်လ ၂၃ ရက်တွင် ဖော်ပြသည်။

ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံတွင် ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် အတွက် ထရမ့်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် တိုးတက်မှု အချို့ကို ရရှိထားပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ကြား သဘောတူညီခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းတို့ကြား  တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

သို့သော် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းတွင် အပြည့်အဝ အပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီချက်ကို မကြာမီ ချမှတ်နိုင်မည်ဖြစ်ကြောင်း  ထရမ့်က မတ်လ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားသည်။

အမေရိကန်စေ့စပ် ဆွေးနွေးသူများသည် လက်ရှိတွင်   အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ချမှတ်နိုင်ရေးအတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့်  မတ်လ ၂၄ ရက်တွင် သီးခြားတွေ့ဆုံ ဆွေးနွေးရန်  စီစဉ်ထားကြောင်း   သိရသည်။

Source: https://myawady.net.mm/

ယူကရိန်းတပ်ဖွဲ့ဝင်များသည် Kursk အနီးရှိ ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ဆို

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ရုရှား၏ Kursk ဒေသတွင် တည်ရှိသော Sudzha မြို့၌ ယူကရိန်းတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်မီးရှို့ခြင်းများ ကျူးလွန်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မတ် ၂၃ (တနင်္ဂနွေနေ့)က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ စစ်ဘက်စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများသည် ဒေသခံများနှင့် ပူးပေါင်းကာ ယူကရိန်းဘက်မှကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် သက်သေအထောက်အထားများ စုဆောင်းနေသည်ဟု ဆိုသည်။

Sudzha မြို့သည် ယူကရိန်းတပ်ဖွဲ့များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်စဉ်က သိမ်းပိုက်ခဲ့သော အကြီးဆုံးမြို့ဖြစ်ပြီး ယခုလအစောပိုင်းတွင် ရုရှား တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ခဲ့သည်။

ဒေသခံအများအပြား၏ ပြောကြားချက်များအရ Kursk ဒေသတွင် ပြည်သူများကိုသတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟူသောအချက်ကို အတည်ပြုနိုင်ကြောင်း စုံစမ်းစစ်ဆေးသူများကဆိုသည်။ ထိုကျူးလွန်မှုများတွင် ဆက်စပ်ပါဝင်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့ဝင်များကို ရှာဖွေဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေဆဲဖြစ်သည်။

ကိယက်ဗ်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် Kursk ဒေသသို့ စစ်ဆင်နွှဲခဲ့ပြီး Sudzha နှင့် ကျေးရွာများစွာကို သိမ်းပိုက်ခဲ့သည်။ ယူကရိန်း ခေါင်းဆောင် ဗလာဒီမာဇီလန်းစကီးက အဆိုပါစစ်ဆင်မှုသည် အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကျိုးအမြတ်ရရှိရန် ရည်ရွယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် ရုရှားတပ်ဖွဲ့များက တန်ပြန်စစ်ဆင်ရေးကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး နယ်မြေများကို တဖြည်းဖြည်း ပြန်လည်သိမ်းပိုက်လျက်ရှိသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ယူကရိန်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေ၏ ၈၆% ခန့် ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂရင်းလန်းဝန်ကြီးချုပ်က အမေရိကန် ဒုတိယသမ္မတ၏ဇနီး Usha Vance အပါအဝင် အမေရိကန်အရာရှိများလာရောက်လည်ပတ်မည့် ခရီးစဉ်ကို ပြင်းထန်စွာကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သိမ်းပိုက်ရန် ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပြီး ဒုတိယသမ္မတ၏ ဇနီး Usha Vance အပါအဝင် အမေရိကန်အရာရှိများ၏ Greenland သို့ လည်ပတ်မည့်အစီအစဉ်သည် လွန်စွာရန်လိုသောအပြုအမူဖြစ်ပြီး ဆက်ဆံရေးကိုဆိုးရွားစေမည်ဖြစ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က ပြောဆိုခဲ့သည်။

အမေရိကန် ဒုသမ္မတ JD Vance ၏ ဇနီး Usha Vance သည် ယခု သီတင်းပတ်အတွင်း ဂရင်းလန်းကျွန်းသို့သွားရောက်ပြီး ကျွန်း၏ အမျိုးသား ခွေးလှည်းပြိုင်ပွဲကို ကြည့်ရှုကာ “ဂရင်းလန်း ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုအစီအစဉ်တွင် ပါဝင်ဆင်နွှဲမည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz သည်လည်း မကြာမီတွင် ထိုနယ်မြေသို့သွားရောက်လည်ပတ်မည်ဟု ခရီးစဉ်နှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က တနင်္ဂနွေနေ့ (မတ် ၂၃) က ဂရင်းလန်းသတင်းစာ Sermitsiaq နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်ကို “လွန်စွာရန်လိုသော အပြု အမူ” ဟု ပြောဆိုခဲ့ပြီး Waltz ၏ခရီးစဉ်ကိုလည်း ကန့်ကွက်ခဲ့သည်။

ဂရင်းလန်းကိုသိမ်းပိုက်ရန် ထရမ့်၏အကြံအစည်သည် နည်းပညာမြင့် လုပ်ငန်းများအတွက် အရေးပါသော အဖိုးတန်ရှားပါး သတ္တုအရင်းအမြစ် များကြွယ်ဝသည့် ထိုနယ်မြေကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိ စေခဲ့ပြီး အမေရိကန်၊ ရုရှားနှင့် တရုတ်တို့က အာတိတ်ဒေသတွင် ဩဇာ လွှမ်းမိုးရန် ပြိုင်ဆိုင်နေသည့်အတွက် ကျွန်း၏အနာဂတ် လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းများထွက်ပေါ်စေခဲ့သည်။ ထရမ့်သည် ဒိန်းမတ်နှင့် ဂရင်းလန်းတို့က ၎င်း၏အကြံအစည်ကို ခိုင်မာစွာပယ်ချခဲ့သော်လည်း အမေရိကန်က ကျွန်းကို အင်အားသုံး သို့မဟုတ် စီးပွားရေး ဖိအားပေး ခြင်းဖြင့် သိမ်းပိုက်ရန်စိတ်ဝင်စားကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည်။

ဒိန်းမတ်မှ ဂရင်းလန်း၏လွတ်လပ်ရေးအတွက် တွန်းအားပေးခဲ့သူ Egede က ဂရင်းလန်းပြည်သူများ၏ သံတမန်ရေးရာလုပ်ဆောင်မှုသည် "ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ ဂရင်းလန်းကို ပိုင်ဆိုင် ထိန်းချုပ်ရန် ရည်မှန်းချက်ကို တွန်းလှန်နိုင်သည်" ဟု ပြောကြားခဲ့သည်။

Egede ဦးဆောင်သော လက်ဝဲပါတီ IAInuit Ataqatigiit သည် ယခုလ အစောပိုင်းက ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဂရင်းလန်း၏ အနာဂတ် ဦးဆောင်သူ ဖြစ်လာနိုင်သူ Jens-Frederik Nielsen ကလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ လာရောက်လည်ပတ်မှုသည် “လေးစားမှု ကင်းမဲ့ခြင်း” ကို ပြသရာရောက်သည်ဟု ဆိုသည်။

ကိုးကား-CNN

ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့သည် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကိုစောင့်ကြည့်ရန် အထူးကိုယ်စားလှယ်များ ခန့်အပ်မည်

ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့သည် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကိုစောင့်ကြည့်ရန် အထူးကိုယ်စားလှယ်များ ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့သည် (ရုရှား- ဘယ်လာရုစ် ပြည်ထောင်စု နိုင်ငံ) ၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များဆိုင်ရာ စာချုပ်အား အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် အထူးကိုယ်စားလှယ်များ အဖွဲ့အစည်းကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ 

ဘယ်လာရုစ် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး အလက်ဇန်းဒါး ဗိုလ်ဖိုဗစ်က နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်ကိုလည်း အသုံးပြုသွားမည်ဟု ဖော်ပြခဲ့ပါသည်။   

ဘယ်လာရုစ် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဗိုလ်ဖိုဗစ်က ဘယ်လာရုစ်-၁ ရုပ်သံလိုင်းတွင် ထုတ်လွှင့်ခဲ့သည့် ၎င်း၏ ပြောကြားချက်တွင် “အဆိုပါစာချုပ်ကို စောင့်ကြည့်ရေးရှုထောင့်မှ ရုရှားဖက်ဒရေးရှင်း နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏စွမ်းဆောင်ရည်များဖြင့် အထူးကိုယ်စားလှယ်များ အဖွဲ့အစည်းကိုအနာဂတ်တွင် စတင်ရန် စီစဉ်ထားပြီး၊ ၎င်းတို့သည် ထိုစာချုပ်၏ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်မှုကို ခြေရာခံသွားမည် ဖြစ်သည်” ဟု ရှင်းလင်းခဲ့သည်။ 

အဆိုပါအစီအစဉ်သည် ပြည်ထောင်စုနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး၊ နှစ်နိုင်ငံ၏အကျိုးစီးပွားကို သဟဇာတဖြစ်စေမည့် ယန္တရားတစ်ရပ်အဖြစ် ရပ်တည်မည်ဖြစ်ပါသည်။

ကိုးကား - Tass

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အစ္စရေး-ဟားမက် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် လူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောကြား

အစ္စရေး-ဟားမက် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၅၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။ ဤသည်မှာ အစ္စရေးက တိုက်ခိုက်မှုများ ပြန်လည်စတင်ပြီး ရှေ့ဆက်ရမည့်နေ့ရက်များတွင် ပိုမိုခက်ခဲလာမည့် စစ်ပွဲ၏အကျိုးရလဒ်များအပေါ် ဆက်လက် ကြုံတွေ့ ရဦးမည့် ဝမ်းနည်းဖွယ်ရာ အခြေအနေတစ်ခုပင်ဖြစ်သည်။

ဝန်ကြီးဌာနက လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၄၁ ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၅၀,၀၂၁ ဦး အထိ ရှိလာခဲ့သည်။

ဂါဇာရှိအာဏာပိုင်များသည် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အရပ်သားများနှင့် ဟားမက် အဖွဲ့ဝင်များကို ခွဲခြားဖော်ပြခြင်း မရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂက သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ဆိုသည်။ ထို့အပြင်လူထောင်ပေါင်းများစွာသည် အပျက်အစီးများအောက်တွင် ရှိနေသေးသည် ဟု ခန့်မှန်းရသောကြောင့် အမှန်တကယ်သေဆုံးမှုအရေအတွက်သည် ထိုထက်ပို၍များပြားနိုင်ကြောင်း သတင်းများကဆိုသည်။

ဂျာမနီက ဥရောပ၏ အရေးကြီးသော အချိန်ကာလအတွက် ကာကွယ်ရေးအသုံးစရိတ် ဘီလီယံချီ၍ သုံးစွဲမည်

Trump နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခုရရှိနိုင်ရေး ကြိုးပမ်းနေသည့် ဆောင်ရွက်မှုများသည် Kyiv ထက် Moscow အတွက် ပိုမို အကျိုးကျေးဇူးရှိစေနိုင်သည်ဟု ဥရောပနိုင်ငံများက လက်ခံယုံကြည်လျက် ရှိကြကာ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ၎င်းတို့၏ ကိုယ်ပိုင် စစ်အင်အားကို ခိုင်မာစွာတည်ဆောက်နိုင်ရေး အာရုံစိုက်လာကြသည်။

ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် လိုအပ်နေမှုကို အမြန်ဆုံးဖြည့်တင်းနိုင်ရေးအတွက် ပြောင်းလဲမှုများကို အလျင်အမြန် ဆောင်ရွက်လာခဲ့သည်။ Bundeswehr ဟုလူသိများသော ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နှစ်ပေါင်းများစွာ အသုံးစရိတ် လျှော့ချခဲ့မှုများအတွက် စစ်ရေးစွမ်းရည်အားနည်းမှု၏ သားကောင်ဖြစ်ခဲ့ရသည်။ သို့သော် ယခုအခါ ထိုအခြေအနေသည် ပြောင်းလဲတော့မည်ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် Friedrich Merz က ဂျာမနီသည် စစ်အေးတိုက်ပွဲအပြီး နောက်ပိုင်း ၎င်း၏စစ်တပ်ကို ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချိန်ကောင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ဂျာမနီသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြွေးမြီကန့်သတ်ချက်ကို အဓိကပြုပြင်ပြောင်းလဲမှုတစ်ခုအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ယူရို ဘီလီယံ ချီသော ရန်ပုံငွေများကို ဖြေလျှော့ပေးခဲ့သည်။ ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၃.၅% ကို သုံးစွဲပါက ၁၀ နှစ်ကာလအတွင်း ယူရို ၆၀၀ ဘီလီယံ (ဒေါ်လာ ၆၅၂ ဘီလီယံ) အထိ ရှိနိုင်သည်ဟု CNN က ဖော်ပြခဲ့သည်။

NATO မဟာမိတ် ၅ နိုင်ငံက ဂျာမနီအလယ်ပိုင်းရှိ ဖော်ပြမထားသော နေရာတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ လေ့ကျင့်မှုသည် မဟာမိတ်အဖွဲ့၏ အခြားအဖွဲ့ဝင်တစ်ဦးအား “ပြည်ပ ရန်သူ” တစ်ဦး၏ တိုက်ခိုက်မှုကို တုန့်ပြန်သော လေ့ကျင့်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်” ဟု CNN ကဆိုသည်။

စစ်ရေးလေ့ကျင့်မှု အစီအစဉ်အပြီး Hammerstein က CNN ကို “ဂျာမနီ သည် ဥရောပ၏ ဦးဆောင်နိုင်ငံတစ်ခုဖြစ်ပြီး မဟာမိတ်နိုင်ငံများအတွက် အပြည့်အဝရပ်တည်ပေးသွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

သက်တမ်းကုန်ဆုံးတော့မည့် ဝန်ကြီးချုပ် Olaf Scholz က နိုင်ငံအတွက်ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒအသစ် လိုအပ်ကြောင်း Bundeswehr အတွက် အထူးဂရုစိုက်မှု လိုအပ်ကြောင်း ပြောကြားခဲ့ကာ Bundeswehr ၏ အသုံးစရိတ်ကို ယူရို ၁၀၀ ဘီလီယံသုံးစွဲရန် သတ်မှတ်ခဲ့ပြီး ထိုသို့ ပြုလုပ်ရန် Scholz က နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ညွှန်ပြခဲ့သည်။

ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူအများစုကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ် ပြန်လည်ရုတ်သိမ်း

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တွင် ပါဝင်ခဲ့သည့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းများကို လုံခြုံရေး စောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အမေရိကန်ဒုတိယသမ္မတဟောင်း ကင်မ်လာဟဲရစ်l ကလင်တန် အပြင် သမ္မတဟောင်း ဂျိုးဘိုင်ဒင် မိသားစုဝင်များကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အစီစဥ်ကို ပြန်ရုတ်သိမ်းသွားမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းအန်တိုနီ ဘလီကန်၊ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဂျိတ်ဆူလီဗန်l အမေရိကန်ဒုတိယရှေ့နေချုပ်ဟောင်း လီဆာ အပါဝင် ဂျိုးဘိုင်ဒင် လက်ထက်အမေရိကန် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူ အများစု ကို လုံခြုံရေးစောင့်ရှောက်ခွင့် ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်ခဲ့ ပါသည်။ အမေရိကန် သတင်းဌာနများက ထရမ့်၏လုပ်ရပ်သည် ၄င်း၏ နိုင်ငံရေး ပြိုင်ဘက်ဟောင်းများကို တိုက်ခိုက်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောပါသည်။

ထရမ့်သည် လွန်ခဲ့သောလကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။ ထရမ့်က အမေရိကန်လုံခြုံရေးအေဂျင်စီ အကြီးအကဲများကို ယခင်အစိုးရလက်ထက်တွင် ပါဝင်ခဲ့သူများကို လုံခြုံရေးစောင့်ရှောက်ခွင့် ပြန်ရုတ်သိမ်းမည့် အစီစဥ်အတွက် လိုအပ်သည်များ လုပ်ဆောင်ရန် ညွန်ကြားထားသည်။ အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရမ့် တာဝန်ယူပြီးနောက် ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်ထားသော စည်းကမ်းအမိန့်များကို ပယ်ဖျက်ခဲ့ပြီး အမိန့်အသစ် အများအပြား ထုတ်ပြန်ခဲ့သည်။

ကိုးကား-NP News

အမေရိကန်က ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စီးကို အရှေ့ အလယ်ပိုင်းဒေသ၌ ဖြန့်ကြက်ချထားမည်

အမေရိကန်က ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ရေပြင်တွင် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို ဖြန့်ကြက်ချထားခြင်းအပါအဝင် အမေရိကန်စစ်အင်အား တိုးချဲ့မည့်အစီအစဉ်များကိုအမေရိကန် သမ္မတဒေါ်နယ်ထရမ့်အစိုးရက ပြန်လည်သုံးသပ်လျက် ရှိကြောင်း သိရပါသည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း အမေရိကန်တပ်ဖွဲ့များသည် ယီမင် အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏ အခြေခံအဆောက်အဦများကို ပစ်မှတ်ထားသည့် တိကျသောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်းလည်း သိရပါသည်။

ထို့အပြင် နေ့စဉ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် နောက်ထပ်တပ်ဖွဲ့ဝင်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြန့်ကြက်ချထားရန် အစီအစဉ်များကို အပြီးသတ်လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

အဆိုပါအစီအစဉ်များ၏ အဓိကရည်ရွယ်ချက်သည် ဟူသီ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးစွမ်းရည်များကို ကျဆင်းစေပြီး ပင်လယ်နီ အတွင်း သွားလာ နေသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းကို ဟန့်တားရန်ဖြစ်သည်ဟုလည်း သိရပါသည်။ ထို့အပြင် ကုန်တင်သင်္ဘောများကိုဟူသီလက်နက်ကိုင်အဖွဲ့၏တိုက်ခိုက်မှုများ ရပ်တန့်သွားသည့်အချိန်အထိ ယင်းစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ရန် တာဝန်ရှိသူများက မျှော်လင့်ထားသည်ဟုလည်း သိရပါသည်။

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့်သေချာဟု အမေရိကန် သံတမန်ပြော

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့် သေချာကြောင်း   အမေရိကန်အထူးသံတမန် စတိဝှစ်ကော့က ပြောကြားလိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများသို့  ကျူးကျော်တိုက်ခိုက်မည် ဟူသော ပြောဆိုချက်များသည် ရယ်ဖွယ်ကောင်းပြီး ယုတ္တိမရှိသော ပြောဆိုမှုများသာဖြစ်ကြောင်း ဝှစ်ကော့က အမေရိကန်သတင်းထောက်တစ်ဦးဖြစ်သူ တပ်ကာ ကာလ်ဆန်နှင့် မတ်လ ၂၁ ရက်တွင်  ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား   သိမ်းပိုက်လိုခြင်း မရှိကြောင်း၊ အကြောင်းမှာ ယူကရိန်းအား သိမ်းပိုက်ခြင်းသည် အစ္စရေးက ဂါဇာကမ်းမြောင် ဒေသအား သိမ်းပိုက်ခြင်းကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့သော် ယူကရိန်းပဋိပက္ခဖြစ်ပွားစဉ် အတွင်း နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတချို့က   ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား မကြာမီနှစ်များအတွင်း တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု ပြောဆိုလျက်ရှိကြောင်း၊ ၎င်းနိုင်ငံများ၏ ပြောဆိုချက်များသည်  ယုတ္တိမရှိသည့်ပြောဆိုမှုများသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ   အထူးသံတမန် ဝှစ်ကော့က ဆက်လက်ပြောကြားထားသည်။

ထို့အတူ ယူကရိန်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မကြာမီချမှတ်နိုင်မည်ဖြစ်ပြီး ထိုသို့ သဘောတူညီချက်ချမှတ်ပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန်အစိုးရက ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုပြုလုပ်သည့် ဝှစ်ကော့၏ တွေ့ဆုံမေးမြန်းခန်းသည် ၎င်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယခုလအစောပိုင်းက တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။  