အစ္စရေး-ဟားမက် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် လူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောကြား
အစ္စရေး-ဟားမက် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၅၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။ ဤသည်မှာ အစ္စရေးက တိုက်ခိုက်မှုများ ပြန်လည်စတင်ပြီး ရှေ့ဆက်ရမည့်နေ့ရက်များတွင် ပိုမိုခက်ခဲလာမည့် စစ်ပွဲ၏အကျိုးရလဒ်များအပေါ် ဆက်လက် ကြုံတွေ့ ရဦးမည့် ဝမ်းနည်းဖွယ်ရာ အခြေအနေတစ်ခုပင်ဖြစ်သည်။
ဝန်ကြီးဌာနက လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၄၁ ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၅၀,၀၂၁ ဦး အထိ ရှိလာခဲ့သည်။
ဂါဇာရှိအာဏာပိုင်များသည် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အရပ်သားများနှင့် ဟားမက် အဖွဲ့ဝင်များကို ခွဲခြားဖော်ပြခြင်း မရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂက သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ဆိုသည်။ ထို့အပြင်လူထောင်ပေါင်းများစွာသည် အပျက်အစီးများအောက်တွင် ရှိနေသေးသည် ဟု ခန့်မှန်းရသောကြောင့် အမှန်တကယ်သေဆုံးမှုအရေအတွက်သည် ထိုထက်ပို၍များပြားနိုင်ကြောင်း သတင်းများကဆိုသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂