သတင်းများ

ရုရှားက ဥရောပကို တိုက်ခိုက်ရန် အစီအစဉ် မရှိသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ထရမ့် အထူးကိုယ်စားလှယ်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff က ရုရှားသည် ဥရောပတစ်လွှားကို စစ်ဆင်နွှဲလာနိုင်သည့် အစီအစဉ် ရှိကြောင်း ပြောဆိုနေမှုသည် လုံးဝ မဖြစ်နိုင်သည့် ရာခိုင်နှုန်းသည်   ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း အမေရိကန်သတင်းထောက် Tucker Carison ၏ မေးမြန်းချက်ကို ပြတ်ပြတ်သားသား ဖြေကြားသွားပါသည်။

“ထိုသို့ပြောနေကြခြင်းကို မိမိအနေဖြင့် လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားလိုပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးမှာတုန်းက မရှိခဲ့သည့် နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့)ကို မိမိတို့ ခိုင်ခိုင်မာမာ ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း” အထူးကိုယ်စားလှယ်က ဖြေကြားသွားပါသည်။ 

ကိုးကား- TASS  

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှုး ဆာဂေးရှိုးဂူသည် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် ဗူလင်နှင့် တွေ့ဆုံ

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် မော်စကိုတွင် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါ ဗူလင်နှင့် တွေ့ဆုံခဲ့ပါသည်။

ဆွေးနွေးပွဲများသည် ဆားဘီးယားနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်နေသော လက်ရှိအခြေအနေကို အထူးဂရုပြု၍ လုံခြုံရေးနယ်ပယ်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။

ဆာဂေးရှိုးဂှု နှင့် ဗူလင်တို့၏ ယခင်တွေ့ဆုံမှုသည် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး၊ ထိုစဉ်က ၎င်းတို့သည် “နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဆားဘီးယားနိုင်ငံရှိ လက်ရှိအခြေအနေ” တို့ကို ဆွေးနွေးခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားဘက်မှ အစိုးရသည် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် “ဆားဘီးယား၏ ညီအစ်ကို ပြည်သူများ” အား ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိကြောင်းကိုလည်း ပြန်လည်အတည်ပြုခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆားဘီးယားနိုင်ငံ၊ နိုဗီဆတ် ရထားဘူတာ၌ အဆောက်အဦတစ်ခု ပြိုကျပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး၌ ပေါ်ပေါက်ခဲ့ပြီး ထိုအချိန်မှစ၍ ဆက်လက်ဖြစ်ပွားနေပါသည်။ ဆန္ဒပြသူများသည် ထိုအဖြစ်ဆိုးအတွက် အာဏာပိုင်များကို တာဝန်ခံစေလိုနေကြသည်။ ထိုဆန္ဒပြမှုများ၏ နောက်ခံ အခြေအနေတွင် ဆားဘီးယားသမ္မတ အလက်ဇန်ဒါ ဗူချစ်ခ်က ယူကရိန်း ၏ မိုင်ဒန်နှင့်ဆင်တူသော အရောင်ပြောင်းတော်လှန်ရေးသည် ဆားဘီးယား တွင် ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံ တစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရားစီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား

ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရား စီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား ခဲ့ပါသည်။

မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေး ဝန်ဆောင်မှုများသည် လွန်ခဲ့သော တစ်နှစ်က Crocus City Hall ဂီတပွဲခန်းမတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ခြင်းနှင့် အကောင်အထည် ဖော်ခဲ့ခြင်းတို့အတွက် တာဝန်ရှိကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆွီတ်လာနာ ပက်ထရန်ကိုက ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏အခြေအနေကို မတည်ငြိမ်အောင် ဖန်တီးရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

“စုဆောင်းရရှိခဲ့သော သက်သေအထောက်အထားများအပေါ် အခြေခံ၍၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ အကြမ်းဖက်မှုကို ရုရှားနိုင်ငံ၏ အခြေ အနေကို မတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှုများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အကောင်အထည်ဖော်ရန် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းဝင်များကို စုဆောင်းခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မတီ၏ ကိုယ်စားလှယ်က မည်သည့်နိုင်ငံဖြစ်ကြောင်းကို တိတိကျကျ ဖော်ပြခြင်း မရှိပါ။ ယခင်က ရုရှားဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့၏ ဒါရိုက်တာ အလက်ဇန်းဒါ ဘော့နစ်ကော့ဗ်က Crocus ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ယူကရိန်း စစ်ဘက် ထောက်လှမ်းရေးအဖွဲ့တို့ တိုက်ရိုက်ဆက်သွယ်မှုရှိကြောင်း ပြောကြားခဲ့ သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် မော်စကိုဒေသ ခရက်နို ဂေါ့စခ်မြို့ရှိ Crocus City Hall ဂီတပွဲကြည့်စင်၌ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄၅ ဦး သေဆုံးခဲ့ကာ သေဆုံးသူများတွင် ကလေး ၆ ဦးပါဝင်ပြီး လူပေါင်း ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ယခုအကြမ်းဖက်တိုက်ခိုက်မှုတွင် တရားခံ ၁၉ ဦးကို စွဲချက်တင်ထားပြီး ၎င်းတို့သည် လက်ရှိတွင် တရားစွဲဆိုထားသော အကြောင်းအရာများကို ပြန်လည်သုံးသပ်နေကြကာ သုံးသပ်ပြီးပါက တရားရုံးသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

ကိုးကား - Tass

Photo: www.aa.com.tr

ယူကရိန်း တပ်မတော်သည် ရုရှားနိုင်ငံ၊ ဘဲလ်ဂိုရိုဒ်မြို့၏ စစ်မျက်နှာတွင် ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံး

ယူကရိန်း တပ်မတော်သည် ဘဲလ်ဂိုရိုဒ် စစ်မျက်နှာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“ဘဲလ်ဂိုရိုဒ်မြို့ စစ်မျက်နှာတွင်၊ ရုရှားမြောက်ပိုင်းတပ်မ၏တပ်ဖွဲ့များသည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့နှင့် နယ်မြေကာကွယ်ရေး တပ်ဖွဲ့တို့ကို ဆူမီဒေသ၏ ဂရူနိုဗ်ကာ၊ လော့နီယာ၊ ဆက်ဒ်ကီနှင့် တူရီယာ ကျေးရွာများတွင် ထိခိုက်ဆုံးရှုံးစေခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၉၅ ဦး၊ တင့်ကား တစ်စီး၊ သံချပ်ကာကား နှစ်စီး၊ ကား ၁၄ စီး၊ နှင့် လက်နက်ကြီး ခြောက်လက်အထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူကရိန်း တပ်မတော်သည် ရုရှား အရှေ့ဘက် တပ်မ၏ တာဝန်ယူမှု နယ်မြေအတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၁၆၅ ဦးအထိ ဆုံးရှုံးခဲ့ရပါသည်။ “ရုရှား အရှေ့ ဘက်တပ်မ၏ တပ်ဖွဲ့များသည် ရန်သူ၏ ကာကွယ်ရေးနယ်မြေအတွင်းသို့ ဆက်လက်တိုးဝင်နိုင်ခဲ့ပါသည်။ ၎င်းတို့ သည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့၊ လေကြောင်းတပ်ဖွဲ့နှင့် ရိန်ဂျာ တပ်ဖွဲ့တို့ကို ဒိုနက်စ်က် ပြည်သူ့သမ္မတနိုင်ငံ၏ အိုထရာ့ဒ်နိုယေ၊ ဖီဒိုရိုဗ်ကာနှင့် ဗီဆီလိုယေ ကျေးရွာများတွင် အနိုင်ယူခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၁၆၅ ဦး၊ တင့်ကား တစ်စီး၊ ကား ခြောက်စီး နှင့် လယ်ကွင်းကျည်ကြီးသိုလှောင်ရုံ သုံးခုအထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အဓိကအချက်မှာ ခရိုင်းမီးယား၊ Denetsk၊ Lugansk၊ Zaporozhye၊ Kherson ဒေသတို့၏ အခြေအနေများကြောင့် ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားလိုက်ပါသည်။

ထိုဒေသများမှာ ရုရှားဘာသာစကားသုံးစွဲသူများဖြစ်ကြောင်း၊ ရုရှား အုပ်ချုပ်ရေးအောက်တွင်နေချင်ကြောင်း ပြသသည့် ဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအချက်က အဓိက ပြဿနာဖြစ်ပါကြောင်း၊ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုင်နက်လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်လားဆိုသည်မှာ မဖြေရှင်းရသေးပါကြောင်း၊ သို့ရာတွင်လည်း ထိုဒေသများကို ရုရှားက ထိန်းချုပ်ထားကြပြီးလည်းဖြစ်ပါကြောင်း၊ ကမ္ဘာကြီးက ထိုဒေသတွေကို ရုရှားပိုင် ဒေသဟု တရားဝင် အသိအမှတ်ပြုမည်လားဆိုသည်မှာ အဓိက မေးခွန်း ဖြစ်ပါကြောင်း ပြောကြားထားပါသည်။

လက်ရှိတွင် Denetsk ၊ Lugansk၊ Zaporozhye၊ Kherson ဒေသများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ ၂၇ အထိ ကျင်းပသောဆန္ဒခံယူပွဲ များအပြီးတွင် ရုရှား၏ အစိတ်အပိုင်းများအဖြစ် ထည့်သွင်းခဲ့ပါသည်။ ထို့ပြင် ခရိုင်းမီးယားနှင့် Sevastopol ကိုလည်း ၂၀၁၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်သော ဆန္ဒခံယူပွဲများအပြီး ရုရှားအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါသည်။

ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ယူကရိန်းသမ္မတဇီလန်စကီးက ထိုဒေသများကို ရုရှားပိုင်ဒေသများအဖြစ် အသိအမှတ် မပြုနိုင်သည့်အတွက် ပြဿနာဆက်လက်ရှိနေခြင်းဖြစ်ကြောင်း Witkoff က ထောက်ပြထားပါသည်။

အမေရိကန်နှင့် ဆက်ဆံရေး မရေရာမှုများကြား ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ဥရောပသမဂ္ဂ ထုတ်ပြန်ကြေညာ

အနာဂတ်တွင် နေတိုးအဖွဲ့အား အမေရိကန်၏ ပံ့ပိုးမှုနှင့်ပတ်သက်၍ မရေမရာရှိနေချိန်တွင် ဥရောပကော်မရှင်က စစ်ရေးအရ အသင့်ရှိမှုကို တိုးမြှင့်ကာ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်မဟုတ်သော မဟာမိတ်များအပေါ် မှီခိုမှု လျှော့ချရန် ရည်ရွယ်လျက် အီးယူ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ကျယ်ပြန့်သော စီမံချက်တစ်ရပ်ကို မတ် ၁၉ ရက်က ကြေညာခဲ့သည်။

“ကျွန်မတို့ အမှီပြုနေသည့် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ပါဘူး။ ဥရောပဟာ အရှိန်မြှင့်ပြင်ဆင်သွားဖို့ အသင့်ရှိနေပါပြီ။ ကျွန်မတို့အနေဖြင့် ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ကာကွယ်ရေးစွမ်းရည်ကို အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့် ချဉ်းကပ်မှုပုံစံကို ကျင့်သုံးရမှာပါ” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းစီမံချက်၏ အဓိကအကျဆုံး အစိတ်အပိုင်းမှာ White Paper for European Defence – Readiness 2030 ဟူသော ဥရောပကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းနှင့် ကာကွယ်ရေးစွမ်းရည်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ဘဏ္ဍာရေးအရ ထောက်ကူပေးမည့် ကာကွယ်ရေး အစီအမံတို့ပင်ဖြစ်သည်။

ယင်းတို့သည် ReArm Europe Plan/Readiness 2030 ကာကွယ်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဥရောပကော်မရှင်က ဆိုသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများက ဖော်ထုတ်တွေ့ရှိရသည့် အလွန်အရေးပါသော ကာကွယ်ရေးဆိုင်ရာ ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရေး၊ စုပေါင်းဝယ်ယူဖြည့်တင်းမှု မြှင့်တင်ရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဥရောပ၏ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍ ခိုင်မာအားကောင်းရေး စသော အဓိကဦးစားပေးကိစ္စရပ်များကို အဆိုပါ စက္ကူဖြူစာတမ်း၌ ဖော်ပြ ထားသည်။
ထို့ပြင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ တိုးမြှင့်ရန်၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းထိရောက်စွာ ချိန်ညှိခြင်းဖြင့် ဥရောပသမဂ္ဂတစ်ခွင်၌ စစ်လက်နက် ပစ္စည်းဈေးကွက် ချဲ့ထွင်ရန် လိုအပ်သည်ဟုလည်း ထိုစက္ကူဖြူစာတမ်း၌ အလေးအနက် ဖော်ပြထားသည်။

လက်ရှိတွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံများက အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းစနစ်များကို အသုံးပြုလျက်ရှိသဖြင့် အပြန်အလှန် ချိတ်ဆက်နိုင်စွမ်းနှင့် ထိရောက်မှုတို့တွင် အကန့်အသတ်ဖြစ်ပေါ်လျက်ရှိသည်။

အနာဂတ်စီမံချက်သစ်ကို အီးယူအစိုးရခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခြင်းဖြစ်ရာ ဥရောပကာကွယ်ရေးကိစ္စရပ်က ထိပ်သီးအစည်းအဝေး၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်ရှိနေပါသည်။

ကိုးကား-ဆင်ဟွာ

နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား အမေရိကန် က နှစ်လအချိန်ပေးထားဟု CNN သတင်းဌာန ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ ပေးပို့ခဲ့သည့် စာတစ်စောင်၌ နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား နှစ်လ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းစာတွင် ပါဝင်သော အကြောင်းအရာများကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မတ် ၁၉ ရက်၌ ဖော်ပြခဲ့သည်။

နျူကလီးယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသည့် စာတစ်စောင်ကို အီရန် ခေါင်းဆောင်ပိုင်းထံ ပေးပို့ထားသည်ဟု မတ်လအစောပိုင်းတွင် ထရမ့်က Fox Business Network သတင်းဌာနကို ပြောကြား ခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော်၌ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“အီရန်နှင့် မကြာခင်မှာ ဖြစ်လာနိုင်သည့် အခြေအနေတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “တခြားတစ်ခုခုထက် ငြိမ်းချမ်းရေးသဘောတူညီမှုရသည်ကိုသာ မြင်ချင်ကြောင်း ဆိုလိုခြင်းဖြစ်သော်လည်း တခြားတစ်ခုခုနှင့်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဟု ထရမ့်က ဆိုသည်။
ယင်းစာအား ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ်က လွန်ခဲ့သောသီတင်းပတ်အတွင်း အဘူဒါဘီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် ယူအေအီးက ယင်းစာကို အီရန်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌမမြောက်မျိုးဆက်သစ်တိုက်လေယာဉ် F-47 အား ထုတ်လုပ်မည် ဖြစ်ကြောင်း ထရမ့်ကြေညာ

အမေရိကန်လေတပ်က F-47 ဟုအမည်ပေးထားသည် ဆဋ္ဌမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်အား ဘိုးရင်း ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။

 “ကမ္ဘာ့ပထမဆုံးသော ဆဋ္ဌမမြောက်မျိုးဆက်တိုက်လေယာဉ်ဖြင့် အမေရိကန်လေတပ်အား အဆင့်မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတိုက်လေယာဉ်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမျှ လိုက်၍မမှီနိုင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါတိုက်လေယာဉ်ကို F-47 ဟု အမည်ပေးသွားမည်ဖြစ်ကြောင်း” သမ္မတထရမ့်က ကာကွယ်ရေးဝန်ကြီးနှင့်အတူ Oval Office ၌ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာပိုင်းတွင် တရုတ်ထက် နှာတစ်ဖျားသာရေးအတွက် လေကြောင်းစိုးမိုးမှုမျိုးဆက်သစ်တိုက်လေယာဉ် တည်ဆောက်ခြင်းကဏ္ဍတွင် ဘိုးရင်းနှင့် လော့ခ်ဟိမာတင် ကုမ္ပဏီ တို့သည် ယှဉ်ပြိုင်လျက်ရှိကြသည်။

အဆိုပါ F-47 မျိုးဆက်သစ်တိုက်လေယာဉ်သည် ခေတ်အမီဆုံး၊ စွမ်းဆောင်ရည်အကောင်းဆုံးနှင့် ထုတ်လုပ်ခဲ့သမျှ တိုက်လေယာဉ်များထဲတွင် ဖျက်စွမ်းအား အကြီးဆုံးဖြစ်ပြီး မကြုံစဖူး ထူးကဲသည့် စွမ်းဆောင်ရည်နှင့် လှုပ်ရှား စစ်ကစားနိုင်စွမ်းအား မြင့်မားသည့် “ကိုယ်ပျောက်တိုက်လေယာဉ်” ဖြစ်ကြောင်း၊ စမ်းသပ်ထုတ်လုပ်မှုအဆင့်ဖြင့် (၅)နှစ်နီးပါး လျှို့ဝှက်စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွင် အခြားသောနိုင်ငံများထက် များစွာထူးကဲသာလွန်မှုရှိကြောင်း၊ ရန်သူနိုင်ငံများအနေဖြင့် F-47 ဝင်ရောက်လာမှုကို မြင်တွေ့နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား မည်သည့်အရာက လာရောက်ထိမှန်သည်ကို သိရှိနိုင်မည်မဟုတ်ကြောင်း၊ မိမိတို့သည် F-47 အား အဆိုပါရည်ရွယ်ချက်သက်သက်ဖြင့် အသုံးပြုမည်မဟုတ်ကြောင်း၊  သို့သော် ထိုစွမ်းဆောင်ရည်မျိုး ရှိရမည် ဖြစ်ကြောင်း၊ ဖြစ်လာခဲ့သည့်အချိန်မျိုးတွင် ၎င်း၏ သမ္မတသက်တမ်းအတွင်း F-47 လေတပ်အုပ် အဖွဲ့သစ်ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ F-47 ထုတ်လုပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာစွန့်စားမှု အချို့ပါဝင်သည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြောင်းစသည်ဖြင့် ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့မှုကို CBS သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- CBS News    

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

ဆားဘီးယား အာဏာပိုင်များသည် အနောက်တိုင်း ထောက်လှမ်းရေးဝန်ဆောင်မှုများကို “အရောင်ပြောင်းတော်လှန်ရေး” စီစဉ်ခွင့် မပြုကြောင်း ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါ ဗူလင်က ပြောကြား

ဆားဘီးယား အာဏာပိုင်များသည် ဘဲလ်ဂရိတ်မြို့တွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများ၏ နောက်ကွယ်တွင်ရှိနေသည့် အနောက်တိုင်းထောက်လှမ်းရေး ဝန်ဆောင်မှုများကို အရောင်ပြောင်းတော်လှန်ရေး ဆင်နွှဲခွင့် မပြုနိုင်ကြောင်း​ပြောကြားခဲ့ပါသည်။

“ဘဲလ်ဂရိတ်မြို့တွင် အရောင်ပြောင်းတော်လှန်ရေးဖြစ်ပွားနေပြီး၊ ၎င်းသည် ရုရှားနှင့် ပတ်သက်သည့် မိမိတို့၏ ရပ်တည်ချက်နှင့် ခွဲ၍မရပါ။ အနောက်တိုင်း ထောက်လှမ်းရေးဝန်ဆောင်မှုများသည် ဆားဘီးယား တွင် အဆိုပါအရှုပ်တော်ပုံကို စီစဉ်ရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင်ရှိနေပြီး၊ မတူညီသော အစိုးရတစ်ရပ်ကို အာဏာရလာစေရန် ရည်ရွယ်နေပါသည်။ မိမိတို့သည် ထိုသို့ ဖြစ်ပွားခွင့် မပြုပါ" ဟု ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါ ဗူလင်က ပြောကြားခဲ့ပါသည်။

ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါ ဗူလင်က ရုရှားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ရှိုးဂူနှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့အား လက်ရှိဖြစ်ပျက်နေသောအခြေအနေများအတွင်း ၎င်းတို့၏ “သဘောထား နှင့် ရပ်တည်ချက်” အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ “ဆားဘီးယား၏ တရားဝင် အာဏာပိုင်များအတွက် သင့်တော်သော ထောက်ခံမှုသည် မိမိတို့အတွက် အလွန် အရေးပါပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

Photo: AP News

ယူကရိန်းပဋိပက္ခအတွင်း ရုရှားစစ်သည် ၂၅၀,၀၀၀ ခန့်အထိ သေဆုံး ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနပြော

၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားဘက်မှ စစ်သည် ၉၀၀,၀၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည် ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ခန့်အထိ သေဆုံးခဲ့ကြောင်းနှင့် ဤသည်မှာ ဒုတိယကမ္ဘာစစ်ကာလမှစ၍ ယနေ့အချိန်အထိ ရုရှားနိုင်ငံ၏ စစ်သည်သေဆုံးမှု ပမာဏအမြင့်ဆုံးအခြေအနေတစ်ရပ်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ (၂၀) ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ ပါသည်။

ရုရှားသမ္မတ ပူတင်နှင့် ၎င်း၏ စစ်ဘက်ခေါင်းဆောင်ပိုင်းများသည် ယူကရိန်းစစ်ပွဲအတွက် ပြည်သူလူထုနှင့် အဓိက ပံ့ပိုးပေးသည့်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ထိခိုက်မှုမရှိစေဘဲ သေဆုံးမှုနှုန်းကို ကာမိစေရန်အတွက် အင်အားပြန်လည်ဖြည့်တင်းရန် အသေအချာ ပြင်ဆင်ထားရှိကြောင်း၊ သို့သော် ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲနွမ်းပါးသည့် ဒေသများမှ တိုင်းရင်းသားလူနည်းစုများ၏အသက်များအား တန်ဖိုးထားမှု လွန်စွာနည်းပါးကြောင်း၊ အဆိုပါဒေသများကို အဓိကထား၍ စစ်သည်စုဆောင်းမှုများကို လုပ်ဆောင်ကြကြောင်း၊ မော်စကိုကဲ့သို့သော မြို့ပြဒေသမှ ဆလပ်လူမျိုးများသည် ဆင်းရဲနွမ်းပါးကြသည့် အခြားသောလူနည်းစုတိုင်းရင်းသားများထက် စစ်သားစုဆောင်းခံရမှုနှုန်းမှာ လွန်စွာ နည်းပါးလှကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)