သတင်းများ

စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဟု အစ္စရေးဝန်ကြီးချုပ်ပြော

မတ်လ ၁၈ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး က လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဟားမက်ကြောင့်ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုနောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် Netanyahu က ယင်းကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဟားမက်သည် အစ္စရေးနိုင်ငံသား ဓားစာခံများကို လွှတ်ပေးရေးအပါအဝင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြောင်း Netanyahu က ပြောသည်။

Netanyahu က ဟားမက်အနေဖြင့် ဓားစာခံများကိုလွှတ်မပေးပါက တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟုဆိုပါသည်။

အစ္စရေးသည် ယခုအချိန်မှစတင်ကာ ဟားမက်နှင့်ပတ်သက်သည့် အရေးကိစ္စများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

စွမ်းအင်အခြေခံအဆောက်အအုံများ မတိုက်ခိုက်ရန် ထရမ့်နှင့် ပူတင် ကြား သဘောတူပြီးနောက် ရုရှားနှင့်ယူကရိန်းတို့ လူနေအခြေခံအဆောက်အအုံများကို လေကြောင်းမှ အပြန်အလှန် တိုက်ခိုက်ကြ

ရက် ၃၀ အတွင်း စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း မပြုလုပ်ရန် မတ် ၁၈ တွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့က သဘောတူညီကြပြီးနောက် မကြာမီတွင်ပင် ရုရှားနှင့်ယူကရိန်းတို့အကြား လူနေအခြေခံအဆောက်အအုံများကို လေကြောင်းမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ရိုက်တာက ဖော်ပြထားပါသည်။

ပူတင်က ဒေါ်နယ်ထရမ့်တောင်းဆိုသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် သဘောတူညီခဲ့သော်လည်း ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကိုမူ အပြည့်အဝထောက်ခံရန် ငြင်းဆိုခဲ့ပါသည်။ 

ထရမ့်နှင့်ပူတင်တို့ ဖုန်းဖြင့် ဆွေးနွေးကြမှုအပြီးတွင် ရုရှားက ယူကရိန်း ဒေသ၊ ဆူမီမြို့ရှိ ဆေးရုံ ၂ ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ရာ မီးလောင်ကျွမ်းခဲ့ရကြောင်း၊ တစ်ဖက်တွင်လည်း ယူကရိန်းက ရုရှားဒေသရှိ နိုင်ငံပိုင် ခရစ်စနိုဒါးဒ်ဒေသရှိ ရေနံသိုလှောင်ကန်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း ရိုက်တာက ဖော်ပြထားပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဂါဇာဒေသအား အစ္စရေးမှလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေး

ဂါဇာဒေသအား အစ္စရေးမှလေကြာင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးကို ပြန်လည်ဖော်ဆောင်ရန် အဖွဲ့ဝင်အများစုက တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် အမေရိကန် ကမူ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိပေ။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အနည်းဆုံး လူ(၄၀၄)ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုပြောကြားခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းအရေး အမြဲတမ်းလေ့လာသူ RiyadMansour က “ပါလက်စတိုင်းလူမျိုးများသည် ခွဲခြားမှုမရှိဘဲ လက်လွတ်စပယ် သတ်ဖြတ်ခံရခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပိတ်ဆို့ခံရခြင်း၊ ကိုယ်လက်အင်္ဂါများ ချို့တဲ့စေရန် လုပ်ဆောင်ခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းများကို ခံစားနေရကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားနိုင်ငံ သံတမန်များကလည်း Mansour ၏ ဂါဇာဒေသပစ်ခတ်တိုက်ခိုက်မှုများချက်ချင်းအဆုံးသတ်ရေး တောင်းဆိုချက်ကို ထောက်ခံခဲ့ကြပါသည်။

သို့သော် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dorothy Shea ကမူ ဟားမက်တို့အပေါ် တိုက်ခိုက်မှုကိုသာ ပြစ်တင်ဝေဖန်ခဲ့ပြီး “ဟားမက်တို့သည် အရပ်ဘက်အဆောက်အဦများကို စစ်စခန်းများအဖြစ် ဆက်လက် အသုံးပြုလျက်ရှိသည်ကို လူတိုင်းအသိပင်ဖြစ်ကြောင်းနှင့် ဤသို့သောလုပ်ရပ်မျိုးကို မိမိတို့ အမေရိကန်နိုင်ငံ အနေဖြင့် ရှုတ်ချကြောင်း” ပြောကြားခဲ့ပါသည်။

ဟားမက်စစ်သွေးကြွများက အစ္စရေးဓားစာခံများကို လွှတ်ပေးရန်ကိစ္စကို ငြင်းဆိုခဲ့သောကြောင့် တိုက်ခိုက်ရန် လိုအပ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဟားမက်နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်ဖြစ်သူ Basem Naim က မိမိတို့ဟားမက်အနေဖြင့် အပစ်အခတ်ရပ်စဲမည် မဟုတ်ကြောင်း၊ “မိမိတို့အပေါ် ဖိအားပေးလျှင် ဓားစာခံများကို ပြန်လည်လွှတ်ပေးလိမ့်ဟူသည့် အစ္စရေးနှင့် အမေရိကန်တို့၏ ယုံကြည်မှု သည် လွဲမှားသည့်အယူအဆတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ သို့သော်လည်း လိုအပ်ပါက မိမိကိုယ်ကိုခုခံကာကွယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း” NHK သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ 

အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ အပြီးအပိုင် ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဂါဇာဒေသ ပြန်လည်ထူထောင်ရေး အတွက် ကြားဝင်စေ့စပ်သည့် နိုင်ငံများနှင့် ဆွေးနွေးနိုင်သည့်အချိန်မှသာ ဓားစာခံများအား ပြန်လည်လွှတ်ပေး မည်ဖြစ်ကြောင်း Naim က ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

Trump အစိုးရအဖွဲ့က JFK လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများကို ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒါလပ်စ်မြို့၌ လုပ်ကြံခံခဲ့ရသော အမေရိကန် သမ္မတဟောင်း John F. Kennedy လုပ်ကြံခံရမှုနှင့် သက်ဆိုင်သည့် စာမျက်နှာထောင်ချီပါရှိသည့် အစိုးရမှတ်တမ်းများကို ထုတ်ပြန်လိုက်သည်။

National Archives က မတ်လ ၁၈ ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်၌ စာမျက်နှာ ၆၃,၀၀၀ ခန့်ကို နှစ်ကြိမ်ခွဲ၍ လွှင့်တင်ဖော်ပြခဲ့ပြီး ဒစ်ဂျစ်တယ် စနစ်ပြောင်းပြီးပါက ပိုမိုများပြားသော မှတ်တမ်းများကို ထုတ်ပြန်ရန် မျှော်လင့်ထားသည်။

“သမ္မတ John F. Kennedy လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများထဲတွင် ယခင်က လုံခြုံရေးအဆင့်သတ်မှတ်ချက်အရ ထိန်းချုပ်ထားသော မှတ်တမ်း အားလုံးကို ထုတ်ပြန်လိုက်သည်” ဟု ၎င်းက ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် မကြာမီ ထရမ့်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း John F. Kennedy၊ ဆီနိတ်လွှတ်တော်အမတ် Robert F. Kennedy နှင့် အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူ Martin Luther King Jr. တို့ လုပ်ကြံခံခဲ့ရသည့် အစိုးရမှတ်တမ်းများကို လုံခြုံရေးအဆင့်သတ်မှတ်ချက် ပယ်ဖျက်ရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား-RT

အစ္စရေးက ဂါဇာရှိ ဟားမက်တို့အား လေကြောင်းမှတိုက်ခိုက်ရာ အနည်းဆုံး လူ (၂၀၀ )ဦး သေဆုံး

မတ်လ (၁၈) ရက်နေ့ နံနက်အစောပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်တို့ကို ပစ်မှတ်ထားကာ ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။

အစ္စရေး၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၂၀၀) ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးသူငယ်များဖြစ်ကြောင်းပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ဇန်နဝါရီလမှစ၍ ယာယီအပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဟု ဆိုနိုင်ပေသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသည် ဂါဇာမြောက်ပိုင်းအပါအဝင် ဂါဇာမြို့နှင့် Deir al-Balah မြို့၊ ဂါဇာ အလယ်ပိုင်းရှိ Khan Younis မြို့နှင့် Rafah မြို့နှင့် တောင်ပိုင်းဂါဇာကမ်းမြောင်ဒေသစသည့်နေရာစုံကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ဟူသီလက်နက်ကိုင်များအား ဆက်လက်နှိမ်နင်းမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဟူသီလက်နက်ကိုင်များအနေဖြင့် အခြားနိုင်ငံ၏ သင်္ဘောများနှင့် အမေရိကန်ရေတပ်အား တိုက်ခိုက်နိုင်စွမ်း မရှိတော့ သည့်တိုင်အောင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များကို အမေရိကန်နိုင်ငံက ဆက်လက်နှိမ်နင်းမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် ဟူသီလက်နက်ကိုင်များအပေါ် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အမေရိကန် စစ်သင်္ဘောများကို ၁၇၄ ကြိမ်တိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမေရိကန်စစ်တပ်အနေဖြင့် ယခုအကြိမ်တွင် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက် နိုင်စွမ်းမရှိတော့သည့်တိုင်အောင် အခိုင်အမာ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မာကိုရူဘီယိုက CBS သတင်း ကုမ္ပဏီ၏ “Face the Nation” အစီအစဉ် မေးမြန်းမှု လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

မာကိုရူဘီယိုက အမေရိကန်နိုင်ငံအနေဖြင့် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း၊ “လောလောဆယ် မလိုအပ်သေးဘူး” ဟု ၎င်းက ယူဆကြောင်း ပြောကြားခဲ့သည်။

အမေရိကန် က မတ် ၁၅ ရက်တွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ရာ ယင်းနောက်တွင် ဟူသီလက်နက်ကိုင်များက အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် ၎င်းအတူ လိုက်ပါလာသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၃ ဦးသေဆုံးကာ အခြားသူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ကိုးကား- ဆင်ဟွာ

တောင်ကိုရီးယားနှင့်ယူကရိန်းတို့အကြား မြောက်ကိုရီးယား စစ်သုံ့ပန်းများကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ဆွေးနွေး

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul သည် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha နှင့် ဖုန်းခေါ်ဆိုစဉ်အချိန်အတွင်း မြောက်ကိုရီးယားစစ်သုံ့ပန်းများကို ကိုင်တွယ်မှုနှင့်ပတ်သက်၍ ယူကရိန်း၏ ပူးပေါင်းဆောင်ရွက်မှုများကို တောင်းဆိုခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားအစိုးရသည် ရုရှားနှင့်ယူကရိန်းအကြား ဖြစ်ပွားနေသည့် စစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန်အတွက် ၎င်း၏တပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ စေလွှတ်ဖြန့်ကြက်ချထားခဲ့သည်ဟု အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းတို့က စွပ်စွဲပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါ သည်။

သို့သော်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းတို့၏ စွပ်စွဲပြောဆိုချက်များကို ရုရှားနှင့် မြောက်ကိုရီးယားအစိုးရတို့က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းပြည်သူများကို ထောက်ခံရန်အတွက် တောင်ကိုရီးယား၏ ကြိုးပမ်းမှုများကို Cho Tae-yul က ထပ်မံအတည်ပြုပြောဆိုခဲ့ပြီး ယူကရိန်း၌ ဖမ်းဆီးခံထားရသည့် မြောက်ကိုရီးယားစစ်သားအားလုံးအနေဖြင့် တောင်ကိုရီးယားသို့ လာရောက်ရန် ဆန္ဒရှိပါက လက်ခံသွားမည်ဟုလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှစတင်ပြီး ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၃၀၀၀ ကျော် သေဆုံး/ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းအစိုးရကပြောကြားခဲ့ပါသည်။

ကိုးကား-NP News

ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုတွေအားလုံးအတွက် အီရန်က တာဝန်ယူရမည်ဟု အမေရိကန်သမ္မတပြော

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ နောက်ထပ် တိုက်ခိုက်မှု များအတွက် အီရန်က တာဝန်ယူရမည်ဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေး ပြောဆိုခဲ့ပါသည်။

ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများအပေါ် တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်ခဲ့ပြီးနောက် တစ်ရက် အကြာတွင် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ သတိပေးပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်နယ်ထရမ့်က “ဟူသီလက်နက်ကိုင်အဖွဲ့၏ နောက်ထပ် တိုက်ခိုက်မှု များအားလုံးအတွက် အီရန်ကတာဝန်ယူရမည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း တာဝန်ယူရမည်၊ ဤအကျိုးဆက်များက အလွန်ဆိုးရွားနိုင်ကြောင်းနှင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များအားလုံးသည် အီရန်၏ကျောထောက်နောက်ခံပြုမှုများ ပါဝင်သည်” ဟု သတိပေးပြောဆိုခဲ့ပါသည်။

ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့အား စစ်လက်နက်ပစ္စည်းပေးပို့ခြင်းများ၊ ငွေကြေးထောက်ပံ့ခြင်းများနှင့် ထောက်လှမ်းရေး အချက်အလက်များ ပေးပို့ခြင်းအားလုံးကို အီရန်က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေါ်နယ် ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသည်။

လွန်ခဲ့သောရက်ပိုင်းက အမေရိကန်စစ်တပ်သည် ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင်အဖွဲ့ကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်ပါသည်။

ရုရှားအနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်တွင် လုံခြုံရေးအာမခံချက်များ ထည့်သွင်းတောင်းခံမည်ဟု တာဝန်ရှိသူဆို

ရုရှားအနေဖြင့် ယူကရိန်းနှင့် သက်ဆိုင်သည့် မည်သည့် သဘောတူညီချက်တွင်မဆို အမေရိကန်နှင့် နေတိုးအဖွဲ့ထံမှ ခိုင်မာသော လုံခြုံရေးအာမခံချက်များကို ထည့်သွင်းတောင်းခံမည်ဖြစ်ကြောင်း မတ် ၁၆ ရက် က ပြည်တွင်းမီဒီယာနှင့် အင်တာဗျူးတစ်ခု၌ ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ပြောကြားခဲ့သည်။

ယူကရိန်း၏ ကြားနေအဖြစ်တည်ရှိရေး၊ ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရေးတို့က အဆိုပါ အာမခံချက်များတွင် အဓိကပါဝင် ရမည်ဖြစ်ကြောင်း ဂရက်ရှ်ကိုက ဆိုသည်။

နေတိုးအဖွဲ့၏ အရှေ့ဘက်စစ်နံရှိ တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်ဆတိုးလာသည့်အတွက် ရုရှားအပေါ် သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ဥရောပနိုင်ငံများ၏ လက်နက်ပြန်လည် တပ်ဆင်နေဆဲ အခြေအနေက ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများက လိုအပ်သည်ဟု ယူဆမှသာလျှင် ယူကရိန်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေး အတွက် ဖြစ်နိုင်ခြေရှိလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) ဘက်က ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း အရိပ်အမြွက်ပြသမည်ဆိုလျှင် ရုရှားအနေဖြင့်လည်း သီးခြား ဆွေးနွေးမှုများအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား-Myanmar National Post

အစ္စရေးက ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်

ဟားမက်နှင့် ကျန်ရှိနေသော ဓားစာခံများလွတ်မြောက်ရေးနှင့် စစ်ပြေငြိမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြယ်ပြီးနောက် အစ္စရေးက ဂါဇာ တွင် လေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က မတ်လ ၁၈ ရက်(အင်္ဂါ)နေ့ နံနက် အစောပိုင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွှယ်သော စစ်ရေးပစ်မှတ်များကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ရုံးမှ ထုတ်ပြန်ချက်တွင် အဆိုပါ တိုက်ခိုက်မှုများသည် “ဟားမက်၏ အစ္စရေးဓားစာခံများကိုလွှတ်ပေးရန် အကြိမ်ကြိမ်ငြင်းဆန်ခြင်းနှင့် အမေရိကန်သမ္မတ၏ ကိုယ်စားလှယ် Steve Witkoff နှင့် စေ့စပ်ညှိနှိုင်းပေးသူများ၏ အဆိုပြုချက်များကို ငြင်းပယ်ခြင်း” အတွက် တုံ့ပြန်မှုဖြစ်ကြောင်းဖော်ပြခဲ့သည်။

“အစ္စရေးသည် ယခုမှစ၍ ဟားမက်ကို တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင် သွားမည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဟားမက်တို့ စိုးမိုးသော ဂါဇာမှ အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Al Jazeera သတင်းဌာနက စစ်ပွဲများပြန်လည်စတင်ပြီးနောက် ဂါဇာတွင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်းဖော်ပြခဲ့သည်။ ပါလက်စတိုင်းသတင်းဌာန Wafa ကလည်း လူဦးရေထူထပ်သော ဂါဇာ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Reuters သတင်းဌာနက ဟားမက် အကြီးအကဲတစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ အစ္စရေးသည် အမေရိကန်နှင့် အာရပ်နိုင်ငံများက ကြားဝင် ညှိနှိုင်းပေးခဲ့သော စစ်ပြေငြိမ်းရေးကို “တဖက်သတ်” အဆုံးသတ် လိုက်ကြောင်း ဖော်ပြခဲ့သည်။ AP ၏ ဖော်ပြချက်အရ ဇန်နဝါရီ ၁၉ ရက်တွင် စတင်အသက်ဝင်ခဲ့သော သဘောတူညီချက်အရ ဟားမက်က အကျဉ်းသား ၂၅ ဦးနှင့် ဓားစာခံ ၈ ဦး၏ အလောင်းများကို လွှဲပြောင်း ပေးခဲ့ပြီး အစ္စရေးထောင်များမှ ပါလက်စတိုင်းလူမျိုး ၁,၅၀၀ ခန့်ကို လွှတ်ပေးခဲ့သည်။

ပထမအဆင့် စစ်ပြေငြိမ်းရေးသဘောတူညီချက် မတ်လ ၁ ရက်တွင် သက်တမ်းကုန်ဆုံးပြီးနောက် အစ္စရေးနှင့် ဟားမက်တို့သည် နောက်ထပ် အဆင့်များအတွက် သဘောတူညီမှုရရှိရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ အစ္စရေးအစိုးရက ဟားမက်အား “လှည့်စားမှုနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ရေး နည်းဗျူဟာ” ကျင့်သုံးသည်ဟု စွပ်စွဲခဲ့ပြီး အမေရိကန် ကိုယ်စားလှယ် Steve Witkoff မှ လွန်ခဲ့သည့်သီတင်းပတ်က တင်ပြခဲ့သောအစီအစဉ်ကို ငြင်းပယ်ခဲ့ခြင်းသည် ဟားမက်၏ အမှားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟားမက်၏ ပြောရေးဆိုခွင့်ရှိသူ Abdel-Latif Al-Qanoua က ယခုလ အစောပိုင်းတွင် Reuters သတင်းဌာနသို့ ပြောကြားရာ၌ ၎င်းတို့သည် ကြားဝင်စေ့စပ်ပေးသူများနှင့် ပူးပေါင်း၍ အစ္စရေးအား စစ်ပြေငြိမ်းရေး၏ နောက်ထပ်အဆင့်များကို အကောင်အထည်ဖော်ရန် တွန်းအားပေး နေကြောင်း ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂