သတင်းများ

မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များ နယ်စပ်ဒေသတွင် တပ်စွဲထား

ပြုံယမ်း အောက်တိုဘာ ၁၄

တောင်ကိုရီးယားနိုင်ငံမှ ဒရုန်းများကို စောင့်ကြည့်ရန် တောင်ကိုရီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ၌ မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များကို တပ်စွဲထားကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

တုံ့ပြန်ဆောင်ရွက်

အောက်တိုဘာ ၁၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနမှတစ်ဆင့် ကြေညာခဲ့သည်။

တောင်ကိုရီးယားတပ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းသို့ ယခုလအစပိုင်းတွင် ဒရုန်းယာဉ်များစေလွှတ်ပြီး ဝါဒဖြန့်ချိရေး စာရွက်များကို ကြဲချခဲ့သဖြင့် ယခုကဲ့သို့ တုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ လေပိုင်နက်အား စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းများကိုလည်း မြှင့်တင်ခဲ့သည်။ မိမိနိုင်ငံ၏ လေပိုင်နက်အား ခြိမ်းခြောက်လာပါက လိုအပ်သလို အရေးယူ ဆောင်ရွက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျောင်က ပြောကြား သည်။ 

အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း

ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအား တောင်းဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအားတောင်းဆိုခဲ့ကြောင်း သိရသည်။

အရှေ့ ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်နှင့် ယခုနှစ် မေလကုန်အထိ တစ်နှစ်အတွင်း သိမ်းပိုက် ထားသော ဆီးရီးယားဂိုလန်အပါအဝင် အနောက်ဘက်ကမ်းရှိ အစ္စရေးတို့၏ လှုပ်ရှားမှုများအပေါ် ခြုံငုံရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးတို့က အခြေချနေထိုင်ရေး လှုပ်ရှားမှုများ သိသိသာသာ တိုးချဲ့ လုပ်ဆောင်လာကြောင်း ၎င်းကထောက်ပြခဲ့သည်။

အတည်ပြုပြောကြား

ပါလက်စတိုင်းများအပေါ် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် အခြေချနေထိုင်သူများ၏ အကြမ်းဖက် မှုသည် သိသိသာသာတိုးလာသည့်အပြင် ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုသည်လည်း ပိုမိုခိုင်မာလာစေကြောင်း ဂူတာရက်စ်က ပြောသည်။

အထူးသဖြင့် ပါလက်စတိုင်းပိုင်အဆောက်အအုံပေါင်း ၁၂၇၇ လုံးကို ဖြိုချခဲ့ပြီးနောက် အိမ်ရာယူနစ် ၁၉၅၀၀ ခန့်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်များကို ဂူတာရက်စ်က အတည်ပြုပြောကြား သည်။

ပါလက်စတိုင်း နယ်မြေများအတွင်း၌ အခြေချနေထိုင်ရေး လှုပ်ရှားမှုအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် ပါလက်စတိုင်းပြည်သူများအား အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် အတင်းအကျပ် နှင်ထုတ်ခြင်းများကို ရပ်တန့်ရန် ဂူတာရက်စ်က အစ္စရေးအစိုးရအား တောင်းဆိုခဲ့သည်။

အခြေချနေထိုင်သူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုများအားလုံးကို သေချာ စွာ စုံစမ်းစစ်ဆေးရန်လည်း အစ္စရေးအစိုးရအဖွဲ့အား ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း သိရ သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈ ဦးသေဆုံး

ဂါဇာကမ်းမြောင်ဒေသ၌ နေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းကို အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၈ ဦးထက်မနည်း သေဆုံးပြီး အခြား ၅၄ ဦးကျော် ဒဏ်ရာရရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီယာအယ်ဘာလာ၏ မြို့တော်ပါလက်စတိုင်း လခြမ်းနီအသင်းဌာနချုပ်အနီးတွင် တည်ရှိသည့် ရာဖီဒါကျောင်းကို အစ္စရေးတပ်မတော်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းလခြမ်း နီအသင်း(ပီအာစီအက်စ်)က လူမှုကွန်ရက်မီဒီယာ X ၌ ဖော်ပြထားသည်။

သေဆုံးသူများထဲတွင် က‌လေးများနှင့် အမျိုးသမီးများပါဝင်ပြီး လူနာတင်ယာဉ် အမှုထမ်းများနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ ခဲ့ကြောင်း မက်ဒစ်က ပြောကြားသည်။

ဂါဇာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစကာ အစ္စရေးတပ်မတော်၏ စစ်ဆင်ရေးကြောင့် လူပေါင်း ၄၂၀၆၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၉၇၈၈၆ ဦး ရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။ 

ဆင်ဟွာ

အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်

အစ္စရေးလေတပ်သည် လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် ပြီးခဲ့သည့် တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ် ၁၈၅ ခုနှင့် ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့၏ ပစ်မှတ် ၄၅ ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် စစ်သွေးကြွအများအပြားသေဆုံးပြီး လက်နက်သိုလှောင်ရုံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ထပ်လောင်းပြောကြားသည်။ 

အစ္စရေးတပ်မတော်သားများနှင့် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့များအကြား မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အစ္စရေးတပ်မတော်သည် စစ်သွေးကြွအဖွဲ့ဝင်များကို ချေမှုန်းရန်အတွက် အသင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အစ္စရေးတပ်မတော်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆင်ခြေဖုံးတွင် အောက်တိုဘာ ၈ ရက်က တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း လက်ဘနွန် အမျိုးသား သတင်းအေဂျင်စီက ပြောကြားသည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ မြေအောက်ဥမင်အတွင်းရှိ စစ်ဆင်ရေးဌာနချုပ်ကို အောက်တိုဘာ ၈ ရက်တွင် အစ္စရေးက တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၅၀ခန့် သေဆုံးခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ ယင်းတိုက်ခိုက်မှုများအတွင်း  ဟစ်ဇ်ဘိုလာအဖွဲ့၏ ခေါင်းဆောင်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ

အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေးတိုးချဲ့

အစ္စရေးတပ်များက လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ အီရန်‌ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့ကို တိုက်ခိုက်ရန်အတွက် ဒေသအလိုက် ပစ်မှတ်ထားသော စစ်ဆင်ရေးများကို တိုးချဲ့ လိုက်ကြောင်း သိရသည်။

အစ္စရေးတပ်မတော်သည် လက်ဘနွန်တောင်ပိုင်းဒေသသို့ နောက်ထပ်တပ်မတော်သား ထောင်ချီ ဖြန့်ကြက်ထားကြောင်း၊ ထို့ပြင် ၎င်းတို့သည် ဒုံးကျည်ပစ်လွှတ်သော လောင်ချာများနှင့် နယ်စပ် အနီးရှိ ဥမင်လိုဏ်ခေါင်းတစ်ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လက်နက်များကို သိုလှောင် သိမ်းဆည်းရန် အသုံးပြုသည့် ဟစ်ဇ်ဘိုလာြခံဝင်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၆ ဦး သေဆုံးကြောင်း၊ ဟစ်ဇ်ဘိုလာ အဖွဲ့သည် နိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး မီဒီယာများကလည်း အစီရင်ခံ‌ဖော်ပြထားသည်။

လူပေါင်း ၂၅၀၀၀၀ နီးပါးမှာ လက်ဘနွန်မှ ထွက်ပြေးပြီး ဘေးလွတ်ရာရှာဖွေရန် ဆီးရီးယား နိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂကယ်ဆယ်ရေး အေဂျင်စီက ပြောသည်။

အများစုမှာ လွန်ခဲ့သော နှစ်များအတွင်း တိုက်ပွဲဖြစ်ပွားမှုများမှ လွတ်မြောက်ခဲ့သော ဆီးရီးယား နိုင်ငံသားများဖြစ်သည်ဟု ဆိုသည်။ 

အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာမြို့အား ဟစ်ဇ်ဘိုလာအဖွဲ့ တိုက်ခိုက်

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာမြို့ကို ဒုံးကျည်အမြောက်အမြားဖြင့် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဂါဇာကမ်းမြောင်ရှိ မြို့၊ ရွာများနှင့် အရပ်သားများအား အစ္စရေးတို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေဖြင့် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများက ဟိုင်ဖာမြို့မြောက်ဖက်အား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ထပ်လောင်းပြောကြားသည်။ 

အစ္စရေးသည် အောက်တိုဘာ ၇ ရက်တွင် လက်ဘနွန်တောင်ပိုင်းရှိ ဒေသများတွင် လေကြောင်း တိုက်ခိုက်မှု ၃၀ ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်တပ်မတော် သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောကြားသည်။ 

လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဆရီဖာမြို့တွင် လူနေအိမ်တစ်လုံးအား အစ္စရေးတပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း သိရသည်။   

လက်ဘနွန်၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးပြီး ၁၀၀၀၀ နီးပါး ဒဏ်ရာ ရရှိ

အစ္စရေးအစိုးရသည် မကြာသေးမီက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် လက်ဘနွန်ရှိ တီဟီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။ 

 အစ္စရေးတပ်မတော်သည် လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတောင်ပိုင်းတွင်လည်း မြေပြင်စစ်ဆင်ရေးကို စတင်လိုက်ကြောင်း သိရသည်။ အစ္စရေးတပ်မတော်နှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲဖြစ်ပွားမှုသည် ပြီးခဲ့သည့် အောက်တိုဘာလနောက်ပိုင်း အရှိန်မြှင့်လာခဲ့သည်။

ယင်းနောက်ပိုင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော်သေဆုံးကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀၀ ရှိကြောင်း လက်ဘနွန်အစိုးရကပြောသည်။ လူပေါင်း တစ်သန်းကျော်မှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရကြောင်း သိရသည်။ 

 အစိုးရက တည်ဆောက်ပေးထားသော ခိုလှုံရေးနေရာ ၉၀၀ နီးပါးအနက် အများစုမှာ လူပြည့်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောသည်။

 လူများသည် အမိုးအကာမရှိသော လမ်းများပေါ် သို့မဟုတ် ပန်းခြံများတွင် အိပ်ကြရကြောင်းလည်း ၎င်းတို့က ပြောသည်။ 