ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူအများစုကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ် ပြန်လည်ရုတ်သိမ်း

News Image

  • ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူအများစုကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ် ပြန်လည်ရုတ်သိမ်း

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တွင် ပါဝင်ခဲ့သည့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းများကို လုံခြုံရေး စောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အမေရိကန်ဒုတိယသမ္မတဟောင်း ကင်မ်လာဟဲရစ်l ကလင်တန် အပြင် သမ္မတဟောင်း ဂျိုးဘိုင်ဒင် မိသားစုဝင်များကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အစီစဥ်ကို ပြန်ရုတ်သိမ်းသွားမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းအန်တိုနီ ဘလီကန်၊ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဂျိတ်ဆူလီဗန်l အမေရိကန်ဒုတိယရှေ့နေချုပ်ဟောင်း လီဆာ အပါဝင် ဂျိုးဘိုင်ဒင် လက်ထက်အမေရိကန် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူ အများစု ကို လုံခြုံရေးစောင့်ရှောက်ခွင့် ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်ခဲ့ ပါသည်။ အမေရိကန် သတင်းဌာနများက ထရမ့်၏လုပ်ရပ်သည် ၄င်း၏ နိုင်ငံရေး ပြိုင်ဘက်ဟောင်းများကို တိုက်ခိုက်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောပါသည်။

ထရမ့်သည် လွန်ခဲ့သောလကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။ ထရမ့်က အမေရိကန်လုံခြုံရေးအေဂျင်စီ အကြီးအကဲများကို ယခင်အစိုးရလက်ထက်တွင် ပါဝင်ခဲ့သူများကို လုံခြုံရေးစောင့်ရှောက်ခွင့် ပြန်ရုတ်သိမ်းမည့် အစီစဥ်အတွက် လိုအပ်သည်များ လုပ်ဆောင်ရန် ညွန်ကြားထားသည်။ အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရမ့် တာဝန်ယူပြီးနောက် ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်ထားသော စည်းကမ်းအမိန့်များကို ပယ်ဖျက်ခဲ့ပြီး အမိန့်အသစ် အများအပြား ထုတ်ပြန်ခဲ့သည်။

ကိုးကား-NP News