ယီမင်စစ်ဆင်ရေး အမေရိကန်တာဝန်ရှိသူများ၏ Chat Group ထဲ သတင်းသမားတစ်ယောက်ကို မှားယွင်းထည့်ခဲ့

News Image

  • ယီမင်စစ်ဆင်ရေး အမေရိကန်တာဝန်ရှိသူများ၏ Chat Group ထဲ သတင်းသမားတယောက်ကို မှားယွင်းထည့်ခဲ့

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ကို တိုက်ခိုက်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး “အမေရိကန်ထိပ်တန်းတာဝန်ရှိသူများ ဆွေးနွေးနေသည့် Chat Group ထဲတွင် သတင်းထောက် တစ်ယောက်ကို မှားယွင်းထည့်ခဲ့မိကြောင်း” အိမ်ဖြူတော်က အတည်ပြုလိုက်ပါသည်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ် အမည်နှင့် အကောင့်ကနေ ဆစ်ဂနယ် မက်ဆေ့ချ် အက်ပလီကေးရှင်း Chat Group ထဲသို့ မှားယွင်းထည့်သွင်းခဲ့ကြောင်း The Atlantic ၏ အယ်ဒီတာချုပ်ဖြစ်သူ ဂျက်ဖရီဂိုးဘတ်ကလည်း ပြောပါသည်။

ယီမင်ကို တိုက်ခိုက်မည့်ကိစ္စကို ဆစ်ဂနယ် မက်ဆေ့ချ် အက်ပလီကေးရှင်း Group တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်၊ အိမ်ဖြူတော် အကြီးအကဲ ဆူဇီဝိုင်းစ် ၊ စီအိုင်အေညွန်ကြားရေမှူး ဂျွန်ရက်ကလစ်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်နှင့် အခြားလုံခြုံရေးထိပ်တန်း တာဝန်ရှိသူများ ပါဝင်ကြပါသည်။

၎င်းတို့သည် မူဝါဒပိုင်းဆိုင်ရာများကို အခြေအတင်ဆွေးနွေးပြီးနောက် ယီမင်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း The Atlantic အယ်ဒီတာချုပ်က ပြောပါသည်။

ပြင်ပပုဂ္ဂိုလ်တစ်ယောက်ကို သတိထားရမည့် နိုင်ငံ့ကာကွယ်ရေးဆွေးနွေးမှုစကားဝိုင်းတွင် အမှတ်မထင်ထည့်သွင်းမိခြင်းသည် စစ်ဆင်ရေး လုံခြုံရေးနှင့်ပတ်သက်၍ ထရမ့်အစိုးရ၏ အံ့မခန်းကျိုးပေါက်မှုဟု ဝေဖန်သူများက ဆိုပါသည်။

ထရမ့်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘာမျှမသိကြောင်း ပြောပါသည်။ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချော့ရှန်မာ ကတော့ ထိုကိစ္စကို စုံစမ်းစစ်ဆေးရေး တောင်းဆိုမှုများဆီသို့ ဦးဆောင်နေပါသည်။

သို့သော် Chat Group ထဲတွင် စစ်ရေးအစီအစဉ်များနှင့်ပတ်သက်၍ မျှဝေခဲ့ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်ချ်က ဟာဝိုင်ယီ ခရီးစဉ်မတိုင်ခင် သတင်းထောက်များကို ပြောပါသည်။ 

ကိုးကား-BBC

Photo: UPI

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက