သတင်းများ

ဂျပန်၌ အမေရိကန်တပ်ဖွဲ့ တိုးချဲ့ရေးအစီအစဉ် ပင်တဂွန်က ဖျက်သိမ်းနိုင်ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာဖော်ပြ

အမေရိကန်သမ္မတ Donald Trump အစိုးရက ဖက်ဒရယ်အစိုးရ၏ ဖွဲ့စည်းပုံကိုလျှော့ချရန် ကြိုးပမ်းနေစဉ် ပင်တဂွန်စစ်ဌာနချုပ်သည် ဂျပန်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းရေးအစီအစဉ်ကိုရပ်ဆိုင်းရန်စဉ်းစားနေကြောင်း အမေရိကန်မီဒီယာတစ်ခုက ဖော်ပြလိုက်သည်။

CNNသည် အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦး၏ပြောကြားချက်နှင့် ၎င်းတို့ရရှိခဲ့သည့် သတင်းတစ်ခုကို ကိုးကားကာ မတ်လ ၁၉ ရက်နေ့တွင် အဆိုပါသတင်းကို ဖော်ပြခဲ့သည်။

ဂျပန်အခြေစိုက် အမေရိကန်တပ်ဖွဲ့များတိုးချဲ့မှု ရပ်တန့်ခြင်းအစီအစဉ်သည် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် သက်သာစေနိုင်သော်လည်း ဂျပန်နိုင်ငံအတွင်း အမေရိကန်အတွက် နိုင်ငံရေးဆိုင်ရာထိခိုက်မှုကို ဖြစ်ပေါ် စေနိုင်ပြီး ပစိဖိတ်ဒေသ၌ အမေရိကန်၏ ကွပ်ကဲထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေနိုင်ကြောင်း အဆိုပါသတင်းက ဆိုပါသည်။ အီလွန်မက် ဦးဆောင်သော DOGE သည် ထရမ့်၏ဦးစားပေးမူဝါဒ MAGA ကို ဖော်ဆောင်နိုင်ရေး မလိုလားအပ်သော အသုံးစရိတ်များကို စိစစ်လျှော့ချမှုများ ဆောင်ရွက်လျက်ရှိသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးနေကြောင်း ရုရှားသမ္မတ ပြောကြား

အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများ မဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက် တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ်“စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များအဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။ အခြေအနေ

အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများ မဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက် တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ်“စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များအဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။ အခြေအနေ မည်သို့ပင် ဖြစ်လာပြီး နိုင်ငံတကာဆက်ဆံရေး မည်သို့ပင် ပြောင်းလဲလာစေကာမူ ရုရှား၏ ပြိုင်ဖက်များအားလုံးက ရုရှား၏ စီးပွားရေးနှင့် နည်းပညာစွမ်းရည်များကို တားဆီးရန် မျှော်လင့်ကြသည်ဟု ပူတင်က ပြောကြားခဲ့သည်။ ပူတင်က ရုရှားနိုင်ငံစီးပွားရေးအခြေအနေကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ရုရှား စီးပွားရေး အေးစက် လာမှုသည် ရှောင်လွှဲ၍မရသော်လည်း စီးပွားရေး တိုးတက်မှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလုပ်အကိုင်မဲ့နှုန်းနည်းပါးမှုကို ထိန်းသိမ်းထားရန် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး အစီအမံများ ချမှတ်ရန်လည်း ပူတင်က ညွှန်ကြားခဲ့သည်။

ကိုးကား -ဆင်ဟွာ

ဗဟိုဘဏ်အတိုးနှုန်းများကို အမေရိကန်ဗဟိုဘဏ်ဥက္ကဌ Jerome Powell က တည်ငြိမ်အောင် ထိန်းထားဆဲဖြစ်

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ Jerome Powell က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် သမ္မတထရမ့်၏ အမေရိကန်သို့ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်မှုသည် အမေရိကန် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးစေပြီး နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု ယာယီဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားထားပါသည်။

Powell က ဗဟိုဘဏ်အတိုးနှုန်းများကို ၄.၂၅ % မှ ၄.၅၀% အတွင်း တည်ငြိမ်အောင် ထိန်းထားနိုင်သည်ဟု ကြေညာပြီးနောက်တွင် သမ္မတ ထရမ့်သည် အမေရိကန်၏ စီးပွားရေးမိတ်ဖက်နိုင်ငံများမှ သွင်းကုန်များကို အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံလျက်ရှိသည့်အတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုမြန်ဆန်နေကြောင်း ပြောကြားထားပါသည်။ သို့သော် တစ်ဖက်တွင် Powell ၏ မူဝါဒဆိုင်ရာ အကြံပေးများက ၂၀၂၅ ခုနှစ်၊ ဒုတိယ သုံးလပတ်တွင် အတိုးနှုန်းများကို လျှော့ချရန် မျှော်လင့်နေကြောင်း သတင်းရရှိပါသည်။ 

Powell က နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များသည် ခိုင်မာလျက်ရှိသည်ကို နိုင်ငံ၏ လက်ရှိ အလုပ်လက်မဲ့နှုန်းသည် ၄.၁  ရာခိုင်နှုန်း ဖြစ်နေခြင်း၊  အလုပ်အကိုင်ဈေးကွက်သည် အကြမ်းဖျင်းအားဖြင့် မျှတလျက်ရှိနေခြင်းတို့ကို ကြည့်ပါက သိရှိနိုင်ပါကြောင်း ပြောကြားထားပါသည်။  သို့သော် ငွေကြေးဖောင်းပွမှုကြောင့် အလုပ်လက်မဲ့နှုန်းများ တိုးမြင့်လာခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဟုလည်း  Powell က ဆက်လက်ပြောကြားထားပါသည်။ 

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမ္မတထရမ့်က အမေရိကန်၏ အကောက်ခွန်မူဝါဒအသစ်ကို အထောက်အပံ့ဖြစ်စေရန် Powell အနေဖြင့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်သင့်ကြောင်း ၎င်း၏ Truth ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ရေးသားထားကြောင်း သိရှိရပါသည်။ 

ကိုးကား - CNA 

Photo: The Jakarta Post

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ဗြိတိန်က ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန် ပြင်ဆင်ထားဟုဆို

လန်ဒန်၊   စစ်ရေး

ရုရှားနှင့်အမေရိကန်တို့ကြား ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်ပြီးနောက်   ဗြိတိန်နိုင်ငံက ၎င်းတို့၏   အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့စေလွှတ်ရန်    အသင့်အနေ အထားပြင်ဆင်ထားကြောင်း   ဗြိတိန်သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်အရ ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေးပြင်ဆင်ထားရန် ဗြိတိန်စစ်ရေးဆိုင်ရာ စီမံကိန်းချမှတ်ရေးတပ်ဖွဲ့ဌာနချုပ်က   ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။

ဗြိတိန်စစ်ရေးဆိုင်ရာ  စီမံကိန်းချမှတ်ရေး တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားချက်အရ   ယူကရိန်းသို့   ဗြိတိန်အထူးတပ်ဖွဲ့မှ အရန်တပ်ဖွဲ့ဝင်များအား  စေလွှတ်မည်ဖြစ်ကြောင်း လန်ဒန်မြို့မှ ထုတ်ဝေသည့်  i paper ၏ဖော်ပြချက်အရ သိရသည်။

ဗြိတိန်နိုင်ငံသည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ စစ်ဘက်အကြီးအကဲများ၏ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန်   ပြင်ဆင်နေစဉ် ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေး ပြင်ဆင်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း   သိရသည်။

ဗြိတိန်အထူးတပ်ဖွဲ့ဝင်များသည် အစဉ်အလာအရဖြစ်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့မဟုတ်ဘဲ စစ်မြေပြင်တွင် အလျင်အမြန်ဖြန့်ကြက်နိုင်စွမ်း ရှိသည့်အပြင် ၎င်းတပ်ဖွဲ့များ၏ ထောက်လှမ်းရေးနှင့် ကင်းထောက်မှုတို့တွင် ကျွမ်းကျင်မှုများကြောင့် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ တပ်မတော်များအား  ဦးဆောင်နိုင်သည့် စွမ်းရည်ကိုပိုင်ဆိုင်ထားသည့် တပ်ဖွဲ့များ ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြားထားသည်။ 

Source: https://myawady.net.mm/

အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆို

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေးအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အစကတည်းက ထောက်ခံထားပြီး အဆိုပါပဋိပက္ခအား  ဖြေရှင်းနိုင်ရေး လုပ်ဆောင်သည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောသည်။

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား မတ် လ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့သည့် ဖုန်းဖြင့် ဆွေးနွေးမှုသည် ယူကရိန်းငြိမ်းချမ်းရေး ရရှိရန်အတွက်  လိုအပ်သည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု   ၎င်းကဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ၎င်းတို့၏အမျိုးသား လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံအတွင်း ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလမှစ၍ အထူးစစ်ဆင်ရေး စတင်ဆင်နွှဲပြီးနောက် အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်ခဲယမ်းနှင့်   ငွေကြေးအထောက်အပံ့များ ပေးအပ်ခဲ့ရာမှ ပဋိပက္ခမှာ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း သိရသည်။

ရုရှားဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းတိုက်ခိုက်မှုမှာ ဘုံသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကရင်မလင်ပြောကြား

ရုရှားနိုင်ငံ၊ ကူဘင်ဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းစစ်တပ်က မတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် တိုက်ခိုက်မှုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ရရှိထားသော သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။

“ရုရှားသမ္မတဗလာဒီမာပူတင်၊ ရုရှားစစ်ဦးစီးချုပ်၏ ညွှန်ကြားမှုဖြစ်သည့် ရက်ပေါင်း ၃၀ အတွင်း ယူကရိန်းဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မှု မပြုလုပ်ရန် အားလုံးကို ညွှန်ကြားထားပြီးဖြစ်သော်လည်း ယခု ယူကရိန်း အစိုးရသည် အဆိုပါဘုံသဘောတူညီချက်များကို ဖောက်ဖျက်ရာ ရောက်သည့် လုပ်ရပ်တစ်ခုဆိုသည်မှာ သေချာနေပါသည်” ဟု ၎င်းက အလေးအနက် ပြောကြားထားပါသည်။ 

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် နီးစပ်လာပြီဟု အမေရိကန်ပြော

ဝါရှင်တန်၊ စစ်ရေး

ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေးသည် နီးသထက် နီးစပ်လာပြီဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေး အတွင်းဝန် ကာရိုလိုင်းလေဗစ်က ပြောကြားလိုက်ကြောင်းသိရသည်။

အိမ်ဖြူတော်၏အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယူကရိန်းတွင်   အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရန် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုမစတင်မီ မတ်လ၁၇ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင်   အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် လုပ်ဆောင်ရန်ဆုံးဖြတ်ထားကြောင်း ကာရိုလိုင်းလေဗစ်က ဆက်လက်ပြောကြားထားကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပြုလုပ် မည့်ဆွေးနွေးပွဲတွင် နယ်နိမိတ်ထိန်းချုပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုအချို့အားခွဲခြမ်းရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် ယူကရိန်းတွင် ရက်ပေါင်း၃၀  ကြာ  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချမှတ်နိုင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ထားသည်။

ယူကရိန်းအစိုးရသည် အမေရိကန်ကအဆိုပြုသည့် ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူလက်ခံထားသော်လည်း ခရိုင်းမီးယားဒေသနှင့် ရုရှားက၎င်းတို့ပိုင်အဖြစ်  ကြေညာထားသည့် နယ်နိမိတ်များကို စွန့်လွှတ်ရန်တွန့်ဆုတ်လျက်ရှိကြောင်းသိရသည်။   

ဆိုက်ဘာရာဇဝတ်မှုများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းပြီးနောက်ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာကျဆင်း

ဘန်ကောက်   မတ် ၁၈

ဆိုက်ဘာရာဇဝတ်မှုများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းလိုက်ပြီးနောက် ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ အစောပိုင်းမှစကာ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာ ကျဆင်းလာကြောင်း တာဝန်ရှိသူများက မတ် ၁၇ ရက်က ပြောကြားလိုက်သည်။

နယ်စပ်ဒေသများတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ လောင်စာဆီဖြတ်တောက်ခြင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းအပါအဝင် ထိရောက်သော ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းမှုများကို ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုဖြစ်ပွားနှုန်း ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဆက်ဂျန်တာရာရွန်းတန်က ပြောကြားလိုက်သည်။

ရာဇဝတ် ပြစ်မှုများတွင် အများဆုံးပါဝင်သော Call center လိမ်လည်မှုပေါင်း ၆၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ပရာဆက်က ပြောကြားခဲ့သည်။

ထိရောက်သော နှိမ်နင်းမှုများမဆောင်ရွက်မီက တစ်နေ့လျှင် ဆိုက်ဘာရာဇဝတ်မှုပေါင်း ၁၀၀၀ ကျော်အထိ တိုင်ကြားခံရကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားလိုက်သည်။

ဖေဖော်ဝါရီလတစ်လတည်းတွင် ဆိုက်ဘာလိမ်လည်မှုများကြောင့် ဘဏ္ဍာငွေဆုံးရှုံးမှုပေါင်း ဘတ်သန်း ၂၀၀ ခန့် ကျဆင်းခဲ့ကြောင်း အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကိုတိုက်ဖျက်ရန် သက်ဆိုင်ရာအာဏာပိုင်များ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Source: မြန်မာ့အလင်းသတင်းစာ

ပြင်သစ်က နျူကလီးယားလက်နက်တပ်ဆင်ထားသော လေယာဉ်များကို ဂျာမနီနယ်စပ်၌ ဖြန့်ကြက်ချထားမည်

ပြင်သစ်သမ္မတ မက်ခရွန်က ဂျာမနီနယ်စပ်တစ်လျှောက်ရှိ ၎င်း၏ အဓိက လေတပ်စခန်းများထဲမှတစ်ခုကို နျူကလီးယား ခရူးဇ်ဒုံးကျည်များ တပ်ဆင်ထားသော Rafale တိုက်လေယာဉ်များ ဖြန့်ကြက်ချထားနိုင်ရန် အဆင့်မြှင့်တင်မည်ဟု မတ်လ ၁၈ ရက်နေ့တွင်ပြောကြားခဲ့သည်။

ပြင်သစ်အရှေ့ပိုင်းရှိ Luxeuil-Saint-Sauveur အခြေစိုက်စခန်းတွင် လေယာဉ်များကို အခြားနေရာသို့မပြောင်းရွှေ့မီ ၂၀၁၁ ခုနှစ်အထိ နျူကလီးယားလက်နက်များကို ဖြန့်ကြက်ချထားခဲ့သည်။

“Luxeuil လေတပ်စခန်းကို အဆင့်မြှင့်တင်ပြီး ပြင်သစ်၏ နျူကလီးယား ဟန့်တားမှုအစီအစဉ်တွင် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်ပါဝင်စေမည်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

“၂၀၃၅ ခုနှစ်မတိုင်မီတွင် Luxeuil သည် Rafale တိုက်လေယာဉ် မျိုးဆက်သစ်နှင့် ၎င်း၏ hypersonic နျူကလီးယား ဒုံးကျည်များကို လက်ခံသည့် ပထမဆုံးစခန်း ဖြစ်လာမည်” ဟု သမ္မတက ကြေညာခဲ့သည်။ Rafale တပ်ခွဲနှစ်ခုအား တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ပြီး စခန်းသည် စစ်ဘက်ဆိုင်ရာနှင့်အရပ်ဘက် ဝန်ထမ်းပေါင်း ၂,၀၀၀ နီးပါးအထိ နှစ်ဆ တိုးလာမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရသည် စခန်းကို ခေတ်မီတိုးတက်စေရန်နှင့် Rafale မှာယူမှုများကို အရှိန်မြှင့်ရန် ယူရို ၁.၅ ဘီလီယံ (ဒေါ်လာ ၁.၆၄ ဘီလီယံ) သုံးစွဲမည်ဟု ဆိုသည်။

ကိုးကား-RT

ဂါဇာအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လူအသေအပျောက် များစေခဲ့သည့် တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တို့ကပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။ ရန်လိုမှုများကို ရပ်တန့်ရန် နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက် အကောင် အထည်ဖော်ရန် အာရပ်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုများရှိနေချိန်တွင် အစ္စရေး၏တိုက်ခိုက်မှုများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အစ္စရေး၏လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင် ဒေသ၌ အနည်းဆုံးလူ (၃၂၆) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက မတ်လ ၁၈ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

အစ္စရေး၏တိုက်ခိုက်မှုများနှင့်အတူ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးရန် ကြိုးပမ်းမှုများအားလုံး ပျက်ပြယ်သွားခဲ့ရကြောင်းလည်း သိရပါသည်။ ဂါဇာ ကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးသည် လွန်ခဲ့သော ဇန်နဝါရီလ ၁၉ ရက်က စတင်အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အစ္စရေး၏တိုက်ခိုက်မှုများသည် ဒေသအတွင်းတည်ငြိမ်ရေးအတွက် ဆိုးရွားသည့်အကျိုးဆက်များကို ယူဆောင်လာစေမည့် လုပ်ရပ်များပင်ဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News