ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်
သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေသနတစ်ခုအရဆိုရင် သွေးတိုးခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခုက ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များကလုပ်ထားတာပါ။
ဦးနှောက်ကိုမြန်ဆန်စွာပျက်စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာပါဝင်တာတွေကသွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည်နိမ့်ပါးခြင်းတို့ဖြစ်ပါတယ်။
အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေနိုင်ဆုံးသော အကြောင်းရင်းဖြစ်တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကိုကောင်းစေနိုင်ကြောင်းပညာရှင်များကပြောထားပါတယ်။
Ref: IEK.H
Source: https://myawady.net.mm/
MM-News-Category