ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့
နယူးယောက် မေ ၂၁
ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။
အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ကင်ဆာဆဲလ်များဖယ်ရှားစဉ် ဆီးအိမ်တစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် အော်စကာလာရိန်ဇာ အမည်ရှိ အမျိုးသားကို ဆီးအိမ်တစ်ခုလုံးအစားထိုးလဲလှယ် ကုသပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ဆီးအိမ်အစားထိုးကုသရေးအတွက် လေးနှစ်ကြာကြိုစားခဲ့ရပြီးနောက် ပြီးခဲ့သည့် မေ ၄ ရက်က အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် ခွဲစိတ်ဆရာဝန်များသည် အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသရာတွင် ကျောက်ကပ်သစ်ကိုပါ ထည့်သွင်းပေးခဲ့ရခြင်းဖြစ်ရာ သိမ်မွေ့ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုဖြစ်ခဲ့ရသည်။
မိမိတို့၏ ခွဲစိတ်ကုသနည်းလမ်းသည် ဆီးအိမ်အစားထိုးရန် လိုအပ်နေသည့် လူနာများအတွက် အကျိုးကျေးဇူးရှိနိုင်ကြောင်း အမေရိကန်ခွဲစိတ်ဆရာဝန်များက ပြောကြားသည်။
အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုး ကုသရာတွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ် ကဝစ်ခ်ဆေးကျောင်းမှ ခွဲစိတ်ဆရာဝန်များလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ကိုးကား : ရတနာပုံသတင်းစာ
Photo: Good News Network