ကိုဗစ်- ၁၉ ကာကွယ်ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် FDA က အတည်ပြု
နယူးယောက် မေ ၂၁
NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်- ၁၉ ကာကွယ်ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က အတည်ပြုချက်ပေးထားကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။
FDA ၏ ခွင့်ပြုချက်အရ အဆိုပါကာကွယ်ဆေးကို အသက် ၆၅ နှစ်နှင့် အထက် ရှိသူများ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ အဆုတ်ရောဂါကဲ့သို့ ရောဂါအခံရှိထားသူ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အသက်အရွယ်ကြီးရင့်သူများနှင့် အခြားရောဂါအခံရှိထားသူများအနေဖြင့် NUVAXOVID ကာကွယ်ဆေးကို သုံးစွဲနိုင်ကြောင်း FDA ၏ ကြေညာချက်၌ ဖော်ပြထားသည်။
FDA သည် NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်မှစ၍ အရေးပေါ်သုံးစွဲခွင့်ပြုထားသည်။
NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အစဉ်အလာအရ အသုံးများသည့် ပရိုတင်းအခြေခံနည်းပညာကို အသုံးပြုဖန်တီးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ