အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်

News Image

  • အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်

အီး-စီးကရက်များကို သုံးနှစ်လောက် သောက်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးမှာ ပေါက်ပေါက်ဆုပ်အဆုတ်လို့ခေါ်ကြတဲ့ ကုမရနိုင်သောအဆုတ်ရောဂါဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ ဒါဟာဆယ်ကျော်သက်များအတွက် အီး-စီးကရက်ရဲ့ဆိုး ကျိုးတစ်ခုအဖြစ်ထွက်ပေါ်လာပါတယ်။

ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဆိုတာက ရှားပါးတဲ့အပြင် ပြင်းထန်လှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့ လေပြွန်အသေးလေးများကိုထိခိုက်စေတာဖြစ်ပါတယ်။

အထူးသဖြင့် အီး-စီးကရက်အရည်ထဲ မှာပါဝင်တဲ့ ဒိုင်ယာစီတယ်လိုမျိုးဒြပ်ပေါင်းက အဆိပ်သင့်စေတဲ့အဓိကအရာဖြစ်လာတာဖြစ်ပါတယ်။ သူကအဆုတ်ကိုရောင်စေပြီးဒဏ်ရာရစေတာဖြစ်ပါတယ်။

Ref: IEK.H

Source: https://myawady.net.mm/