ထရမ့်က ဗြိတိန်စစ်တပ်အတွက် အာမခံပေးရန် ငြင်းဆို

News Image

  • ထရမ့်က ဗြိတိန်စစ်တပ်အတွက် အာမခံပေးရန် ငြင်းဆို

သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်စစ်တပ်သည် “၎င်းတို့ကိုယ်တိုင် စောင့်ရှောက်နိုင်ကြသည်” ဟု ပြောကြားခဲ့ပြီး ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုအဖြစ် ဗြိတိန်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ပါက အမေရိကန်က ထောက်ခံမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် ထိုသို့ ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီးယာစတာမာသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထရမ့်နှင့် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး ၎င်းက "ခိုင်မာပြီး တရားမျှတသော ငြိမ်းချမ်းရေး" ရရှိနိုင်ရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“၎င်းက အခြားဥရောပခေါင်းဆောင်များနှင့်အတူ ငြိမ်းချမ်းရေးကိစ္စအား နီးကပ်စွာ လက်တွဲလုပ်ဆောင်နေပြီး သဘောတူညီချက်တစ်ခုရရှိပါက ယူကေတပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်ရန်အသင့်ရှိကြောင်းနှင့် ဤသို့ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးကို ကြာရှည်စွာတည်တံ့စေမည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု” ဟု တွေ့ဆုံပွဲအပြီးတွင် စတာမာ က သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် UK တပ်ဖွဲ့ဝင်များစေလွှတ်မှုကြောင့် ရုရှားနှင့် ပဋိပက္ခ ဖြစ်ပွားပါက အမေရိကန်က ထောက်ပံ့ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းလာမှုကို ထရမ့်က ရှောင်ရှားခဲ့ပြီး UK သည် “အကူအညီများစွာ လိုအပ်မည်မဟုတ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

UK သည် ၎င်းတို့ကိုယ်တိုင် ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ကြပြီး ခေတ်မီတောင့်တင်းသည့် စစ်အင်အားကို ပိုင်ဆိုင်ထားကြောင်းနှင့် ၎င်းတို့ အကူအညီလိုအပ်ပါက အမေရိကန်အနေဖြင့် အသင့်ရှိနေမည်ဖြစ်ပြီး UK အနေဖြင့် အကူအညီလိုအပ်မည် မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂