သတင်းများ

သက်မဲ့ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိ

ကင်ဘာရာ ဇွန် ၂၄ 
နှစ်ပေါင်းများစွာ သက်မဲ့ ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရေဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျ သိပ္ပံပညာရှင်များက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဇွန် ၂၃ ရက် သတင်းများ အရ သိရသည်။

အဆိုပါရေဒီယိုအချက်ပြလှိုင်း ထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံ ပညာရှင်များက ပတ်သ်မိုင်ဒါအမည် ရှိရေဒီယိုတယ်လီစကုပ်ဖြင့်ထောက်လှမ်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

မော်စကို ဇွန် ၂၄

အီရန် နျူကလီးယားအဆောက်အအုံများအား အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုသည် ကမ္ဘာကြီးအား အန္တရာယ်များသည့် အခြေအနေ တစ်ခုအတွင်းသို့ တွန်းပို့နေ ကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၂၃ ရက်တွင် ဝေဖန်လိုက်သည်။ မော်စကိုမြို့သို့ ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီနှင့် ကရင်မလင် နန်းတော်၌ တွေ့ဆုံဆွေးနွေးစဉ် ရုရှားသမ္မတပူတင်က အီရန် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အဆိုပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ် လူဝင်လူထွက်ပိတ်ပင်

ဗန်ကောက် ဇွန် ၂၄ 
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ်က ဇွန် ၂၃ ရက်တွင် လူဝင်လူထွက် စတင် ပိတ်ပင်ထားကြောင်း သိရသည်။ 

အဆိုပါ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ကျောင်းသားများနှင့် ဆေးဝါးကုသမှုခံယူမည့်သူများမှလွဲ၍ မော်တော်ယာဉ်နှင့် ခြေလျင်ခရီးသည်များ ဝင်ရောက်မှုကို ထိုင်းဘုရင့်ကြည်းတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။

ကာတာနိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို ဒုံးကျည် ၁၄ စင်းဖြင့် အီရန်တိုက်ခိုက်

တီဟီရန် ဇွန် ၂၄

အီရန်နျူကလီးယား အဆောက်အအုံများတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် ကာတာနိုင်ငံရှိ အမေရိကန် လေတပ်စခန်းတစ်ခုကို ဇွန် ၂၃ ရက် တွင် ဒုံးကျည် ၁၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်လေတပ်က အီရန် နျူကလီးယားအဆောက်အအုံ သုံးလုံးကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံက ကာတာနိုင်ငံရှိ  အယ်လ်အူဒီ အမေရိကန် လေတပ်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အယ်လ်အူဒီ လေတပ်စခန်းနှင့် ကာတာနိုင်ငံတို့၌ မည်သူမျှအထိအခိုက်မရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန် မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၄

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ စနစ်တကျ ကြပ်မတ်ပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး

မန္တလေး ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ညစ်ညမ်းရေထဲမှ နိုက်ထရိတ်ကနေ အမိုးနီးယားကို ၆ စက္ကန့်တည်းနဲ့ ထုတ်လုပ်မယ်

နိုက်ထရိတ်ဆိုတာကို စွန့်ပစ်ရေဆိုးတွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အဲဒီ နိုက်ထရိတ်ဆိုတာတွေက အပင်တွေ ကြီးထွားရှင်သန်မှုအတွက် တကယ့်ကိုအရေးပါတဲ့ အရာဖြစ်ပေမယ့်လည်း ရေထဲမှာ ပမာဏအလွန်များပြားစွာ ပါဝင်နေရင်တော့ အဲဒီရေရဲ့အရည်အသွေးကလည်း ဆိုးဝါးစွာ ကျဆင်းသွားရပါတယ်။ ဒါဆိုရင် ရေထဲကနေ အဲဒီနိုက်ထရိတ်တွေကို ဘယ်လိုဖယ်ရှား ရင်ကောင်းမလဲဆိုတာကို သုတေသန ပညာရှင်များ ကလေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ပလတ်စတစ်အမှိုက်မှသည် ပါရာစီတမောဆီသို့

ပါရာစီတမောဆိုတာ သာမန်နာကျင်ကိုက်ခဲမှုတွေ အတွက်တော့ အဖိုးနှုန်းချိုချိုနဲ့ အစွမ်းထက်တဲ့ဆေးတစ်လက်ပါ။ သူ့ကိုထုတ်လုပ်ထားတာက ဗက်တီးရီးယားပိုးတစ်မျိုးကို အသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအတွက် ရေနံစိမ်းလိုမျိုး ရုပ်ကြွင်းလောင်စာများကနေ ထုတ်လုပ်ထားတာပါ။ ဒီလိုထုတ်လုပ်တဲ့အတွက် စွမ်းအင်အသုံးပြုရမှုပမာဏလည်း များပြားပြီး ကာဗွန်ဓာတ်ငွေ့ကလည်း အလွန်အကျွံထွက်ရှိပါတယ်။

တရုတ်က နေရောင်ခြည်စွမ်းအင်ကို အများဆုံး အသုံးပြုနိုင်သူအဖြစ် စံချိန်အသစ်တင်

အစိမ်းရောင်စွမ်းအင်ကို ပိုမိုအသုံးပြုလာသော တရုတ်နိုင်ငံသည် ယခုအခါ နေရောင်ခြည်စွမ်းအင်ကို အများဆုံးအသုံးပြုသည့်နိုင်ငံအဖြစ် စံချိန်အသစ်ထပ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မေလအတွင်း တရုတ်နိုင်ငံက ဆိုလာပြားများ တပ်ဆင်ပြီး ရယူအသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပမာဏသည် ၉၃ ဂစ်ဂါဝပ်အထိရှိရာ ထိုပမာဏသည် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း အခြားနိုင်ငံများတပ်ဆင်အသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏထက် များပြားကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင် အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။