သတင်းများ

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ နှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ (၁) နာရီ က ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် နွေသီးနှံ မျိုးစုံ (၁၀၄၀၃) ဧက စိုက်ပျိုး

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံမျိုးစုံ(၅၂၅၃၄)ဧက စိုက်ပျိုးခဲ့ပြီး သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း တွင် (၁၀၄၀၃)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ကျောက်ဆည်မြို့နယ်၊ အမှတ်(၅)အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) စတင် ကျင်းပ

ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) ၏ ဒုတိယအကြီးဆုံး နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) ကို တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့၌ ဇွန် ၂၄ ရက် (အင်္ဂါနေ့) မှစတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ 

ယူကေ-ယူကရိန်း စစ်သုံးဒရုန်း ပူးပေါင်းထုတ်လုပ်ရေး စတင်မည်ဟု ကြေညာ

လန်ဒန်တွင် တနင်္လာနေ့ (ဇွန် ၂၃) က ကျင်းပသော သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်း အား စစ်ရေးအကူအညီပေးရာတွင် ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်မှုနှင့် ကြီးမားသောတိုးတက်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ဇီလန်စကီးက အဆိုပါသဘောတူညီချက်ကို သမိုင်းဝင်လုပ်ဆောင်မှုဟု ဖော်ပြခဲ့သည်။

မော်စကိုအစိုးရက ဗြိတိန်နိုင်ငံအား ရုရှား-ယူကရိန်းပဋိပက္ခတွင် အဓိက ထောက်ပံ့တွန်းအားပေးနေသည့် နိုင်ငံအဖြစ် မကြာခဏ ပြောဆိုလေ့ရှိသည်။

ကရင်မလင်က ရုရှားအနေဖြင့် အာဖရိကသို့ ပြန်လည်ရောက်ရှိလာရခြင်း၏ အကြောင်းရင်းများကို ရှင်းလင်းဖော်ပြ

Izvestia သတင်းစာ၏ ဖော်ပြချက်အရ ရုရှားနိုင်ငံအနေဖြင့် အာဖရိက နှင့် ဆက်ဆံရေး နက်ရှိုင်းစေရန် ကြိုးပမ်းမှုများသည် အာဖရိကရှိ နိုင်ငံများတွင် ကိုလိုနီစနစ်သစ်၏ လွှမ်းမိုးမှုအပေါ် မကျေမနပ်ဖြစ်လာမှုနှင့် တိုက်ဆိုင်နေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

Peskov က တနင်္လာနေ့ (ဇွန် ၂၃) က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အာဖရိကရှိ ရုရှား၏ ဩဇာလွှမ်းမိုးမှု ဆုတ်ယုတ်သွားခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း အခြေအနေများ ပြန်လည်ပြောင်းလဲလာကြောင်း ရှင်းပြခဲ့သည်။

အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

ဗိုလ်ချုပ်ကြီး ရောဘတ် စပါလ်ဒင်း က အမေရိကန် လေတပ်သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ်ကို ၁၀ နှစ်ကျော်ကတည်းကရေးဆွဲခဲ့ပြီး ထရမ့်အစိုးရလက်ထက်တွင် "အကောင်းဆုံး" အကောင်အထည် ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၏ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) သည် ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Hun Sen တို့ကြား ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် စတင်လိုက်ပြီဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် စစ်ဝတ်စုံဖြင့် ထိုင်းနယ်စပ်သို့ သွားရောက် လည်ပတ်

ဟွန်မာနက်သည် စစ်ဝတ်စုံဝတ်ပြီး နယ်စပ်တပ်စခန်းများသို့ သွားရောက်လည်ပတ်စဉ် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနေသည့် အချိန် ဖြစ်သည်။

ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားဖွယ် နယ်မြေအနီး ပြာ့ဗီဟီယား (Preah Vihear) စီရင်စုရှိ ထိုင်းနယ်စပ်တစ်လျှောက် တပ်များသို့ သွားရောက် လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ်မဖြစ်မီက ၎င်းသည် ကမ္ဘောဒီးယား တပ်မတော်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည်။