တစ်သျှူးတွေကို ကုသရာမှာ အသုံးဝင်တဲ့ ဂျယ်တစ်မျိုးကို ဒိန်ချဉ်မှထုတ်လုပ်

News Image

  • တစ်သျှူးတွေကို ကုသရာမှာ အသုံးဝင်တဲ့ ဂျယ်တစ်မျိုးကို ဒိန်ချဉ်မှထုတ်လုပ်

ဒိန်ချဉ်ဆိုတာ ကျန်းမာရေးအတွက်များစွာ ကောင်းကျိုးပြုတဲ့ အစားအစာတစ်ခုဖြစ်တာ အားလုံးအသိပါ။  အထူးသဖြင့်  သူ့မှာ လူသားတွေအတွက် လိုအပ်တဲ့ အကျိုးပြုဗက်တီး ရီးယားလေးတွေ များစွာပါဝင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတစ်ခုဖြစ်နေတာပါ။ အခုတော့ ကိုလံဘီယာအင်ဂျင်နီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့တီထွင်ဖန်တီးမှု အရ ဒိန်ချဉ်ကို အစားအစာတစ်ခု အနေနဲ့သာမဟုတ်ဘဲ တစ်သျှူးတွေကိုကုသရာမှာလည်း အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာအင်ဂျင်နီယာတက္ကသိုလ်မှ သုတေသနပညာရှင်များက  ဒိန်ချဉ်ကနေပြီး  ဂျယ်တစ်မျိုးကို ထုတ်လုပ်လိုက်တာပါ။ အဲဒီဂျယ်ကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းနိုင်ပါတယ်။ အထူးသဖြင့် ပညာရှင်များက နို့မှရရှိတဲ့ extracellular vesicles လေးတွေကို ကောင်းစွာအသုံးချထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးချမှုကြောင့် ထွက်ပေါ်လာတဲ့အရာက သက်ရှိ တစ်သျှူးများနဲ့ တစ်ပုံစံတည်းတူညီကာ သဘာဝ အလျောက်ပြန်လည် ဖြစ်ပေါ်ခြင်းကို အားပေးနိုင်စေတဲ့ ဂျယ်တစ်မျိုးကိုရရှိလာတာ ဖြစ်ပါတယ်။

ပညာရှင်များက သူတို့ဖန်တီးထားတဲ့ဂျယ်ကို ကြွက်များမှာစမ်းသပ်ရာ တခြားဓာတုပစ္စည်းတွေ ထပ်ထည့်စရာ မလိုဘဲနဲ့ သွေးကြောလေးတွေဖြစ် တည်မှုနဲ့ တစ်သျှူးကို ပြန်လည်ပြုပြင်မှုတို့ကို ပိုမို အားကောင်းစေတာ တွေ့ရပါတယ်။ ဒါဟာအောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လိုအောင်မြင်မှု

လဲဆိုရင် နောင်တစ်ချိန်မှာ လူ့ခန္ဓာကိုယ်ကို ကုသမှုအတွက် အစားအစာတွေကနေ ထွက်ပေါ်လာတဲ့ ဇီဝနည်းပညာက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တဲ့အောင်မြင်မှု ဖြစ်ပါတယ်။ လက်ရှိမှာတော့အဲဒီဂျယ်နဲ့ ကိုယ်ခံအားတုံ့ပြန်မှုတို့က တစ်သျှူးတွေ ပြန်လည်ဖြစ်ပေါ်မှုကို ဘယ်လိုမျိုး ကူညီပေးနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်များက ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။              

 Ref: SD

ကိုထက်

MWD Web Portal