၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်စွမ်းအင်သုံး ဝေဟင်တက္ကစီများထွက်ပေါ်လာမည်
၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ် စွမ်းအင်သုံး ဝေဟင်တက္ကစီများထွက်ပေါ် လာမည်ဖြစ်ကြောင်း Airline ANA ကုမ္ပဏီ က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ထား သည်။ Airline ANA သည် အမေရိကန်မှ Joby Aviation နှင့်ပူးပေါင်း၍ လူငါးဦးလိုက်ပါနိုင်သော ဝေဟင်တက္ကစီအစီးရေ ၁၀၀ ကျော်ကို ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် အကျိုးတူကုမ္ပဏီထူထောင်ထားသည်။
ယင်းဝေဟင်တက္ကစီကို လေယာဉ်မှူး တစ်ဦးကမောင်းနှင်ကာ ခရီးသည်လေးဦး ကိုတင်ဆောင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၂၀ နှုန်းဖြင့်ပျံသန်းနိုင်စေမည်ဖြစ်သည်။ အဆိုပါဝေဟင်တက္ကစီကို နရီတာ နှင့် ဟာနဲဒါလေဆိပ်တို့မှ တိုကျိုမြို့သို့ပြေး ဆွဲသွားမည်ဖြစ်သည်။ လက်ရှိ နရီတာမှ တိုကျိုမြို့သို့ ကား သို့မဟုတ် ရထားဖြင့် သွားလျှင် တစ်နာရီကြာမည်ဖြစ်ပြီး ဝေဟင်တက္ကစီဖြင့်ဆိုပါက ၁၅ မိနစ်သာကြာမည်ဖြစ်ကြောင်း သိရသည်။
Ref: ST
MWD Web Portal
MM-News-Category