သားဖြစ်သူ တရားစွဲခံထားရသည့် ရာဇဝတ်မှု ၂ ခုကို ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်
သားဖြစ်သူ ဟန်တာဘိုင်ဒန် တရားစွဲဆိုခံနေရသည့် ရာဇဝတ်မှု ၂ ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါသည်။ ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ သေနတ်ဝယ်ယူမှုနှင့် အခွန်တိမ်းရှောင်မှုစသည့် ရာဇဝတ်မှုနှစ်ခုဖြင့် တရားစွဲဆိုခံထားသည့်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် အစီအစဉ် မရှိဟု ယခင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးသည်။
၎င်းသည် သမ္မတတာဝန်ယူချိန်ကတည်းက တရားရေး ဌာန၏ ဆုံးဖြတ်ချက်အပေါ် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သားဖြစ်သူ မတရားသဖြင့် တရားစွဲဆိုခံ ရသည့်တိုင်အောင် မိမိအနေဖြင့် နှုတ်ဆိတ်စောင့်ကြည့် နေခဲ့ကြောင်း တနင်္ဂနွေနေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည့် သားဖြစ်သူ ဟန်တာကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သော ကြေညာချက်တွင် ဖော်ပြထားသည်။
သမ္မတဂျိုးဘိုင်ဒန်၏ သားဖြစ်သူ ဟန်တာဘိုင်ဒန်သည် ဒဲလာဝဲပြည်နယ်၌ သေနတ်ဝယ်ယူမှုနှင့် ကယ်လီဖိုးနီးယားပြည်နယ်၌ အခွန်ရှောင်တိမ်းနေမှုစသည့် ရာဇဝတ်မှု နှစ်ခုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပါသည်။
ကိုးကား - TASS