သတင်းများ

ရုရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး

ရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လက်မှတ်ရေးထိုးအခမ်းအနား၌ ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့အကြား လုံခြုံရေး အာမခံချက်တွင် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက်များ အပါအဝင် တပ်ဖွဲ့အားလုံးကို အသုံးပြုနိုင်သည့်အချက် ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ရှုံးပွဲမရှိစံချိန်ကို ဘိုင်ယန်မြူးနစ်အသင်း ဆက်လက်ထိန်းထားနိုင်ခဲ့ပြီ

ဘိုင်ယမ်မြူးနစ်အသင်းဟာ ဟေဒင်ဟိမ်းအသင်းနဲ့ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)မှာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ သုံးပွဲသရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဖရန့်ဖက်အသင်းကို ‌ခြောက်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်

ပေကျင်း  ဒီဇင်ဘာ ၈

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဒီဇင်ဘာ ၄ ရက်က ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း ဂလိုဘယ်တိုင်းစ်သတင်းစာ သတင်းအရ သိရသည်။

ပါရာဂွေးနိုင်ငံ မြို့တော်အာဆွန်စီယွန်တွင် ကျင်းပခဲ့သည့် ယူနက်စကိုအဖွဲ့၏ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအစိုးရများအကြား ကော်မတီ၏ အမြဲတမ်းအစည်းအဝေးတွင် အထက်ပါအတိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နော့ထရီဒမ် ဘုရား‌ကျောင်းပြန်လည်ဖွင့်လှစ်သည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်

ပါရီ  ဒီဇင်ဘာ ၈

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ‌ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံရှိ နော့ထရီဒမ် ဘုရားကျောင်းပြန်လည်ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဘုရားကျောင်းသည် လွန်ခဲ့သည့် ငါးနှစ်က မီးဘေးသင့်ကာ ပျက်စီးခဲ့ရသည်။ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

သင်္ကြန်ပွဲတော်ကို UNESCO ၏  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်

မြန်မာလူမျိုးတို့၏ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို ၏လူသားမျိုးနွယ်နှင့်သက်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်လိုက် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က  ထုတ်ပြန်လိုက်ပါသည်။ 

အဆိုပါဆုံးဖြတ်ချက်ကို ပါရာဂွေးနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ၁၉ ကြိမ်မြောက် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး အတွက် အစိုးရများဆိုင်ရာကော်မတီက ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံခဲ့   ရသော ပြင်သစ်အစိုးရအဖွဲ့ ဒီဇင်ဘာ ၅ ရက်တွင် သမ္မတထံ နုတ်ထွက်လွှာတင်မည်

ပါလီမန်၌ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ဖြုတ်ချခံရပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယားသည် ၎င်း၏ အစိုးရအဖွဲ့နုတ်ထွက်လွှာကို သမ္မတ အမ်မန်နျူရယ်မက်ခရွတ်ထံသို့ ဒီဇင်ဘာ ၅    ရက်တွင် တင်သွင်းသွားမည်ဟု ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်လွှတ်တော်အမတ်များသည် သုံးလမျှသာ တာဝန်ထမ်းဆောင်ရသေးသော ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယား၏ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဒီဇင်ဘာ ၄ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည်ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံး

ကင်ရှာဆာ   ဒီဇင်ဘာ ၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မကြာသေးမီရက်သတ္တပတ်များအတွင်း အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ပျံ့နှံ့လျက်ရှိ

တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများဖြစ်ပွားစေသည့် အဆိုပါရောဂါသည် အောက်တိုဘာ ၂၄ ရက်မှစပြီး အနောက်တောင်ပိုင်း ကွန်ဂိုပြည်နယ်၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် စတင်အသက်ဝင်

ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။

ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။