သတင်းများ

နေပြည်တော်  ဒီဇင်ဘာ ၄       ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။      အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုက

နေပြည်တော်  ဒီဇင်ဘာ ၄
ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဥပဒေအထက်တွင် ရှိနေဟု အီလွန်မတ်စ်ပြောကြား

ဝါရှင်တန် ဒီဇင်ဘာ ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက အမေရိကန်သမ္မတ၏ သားဖြစ်သူသည် ဥပဒေအထက်တွင် ရှိနေသည်ဆိုသည့် အချက်မှာ ထင်ရှားကြောင်း အိက်စ်လူမှုကွန်ရက်တည်ထောင်သူ အီလွန်မတ်စ်က ၎င်း၏ အိက်စ်လူမှုမီဒီယာစာမျက်နှာတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ဟန်းတားဘိုင်ဒင်အား သီးခြားတရားစွဲဆိုထားသည့် ရာဇဝတ်မှုနှစ်ခုအတွက် သမ္မတဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားကုမ္ပဏီများ စိုးရိမ်

တိုကျို ဒီဇင်ဘာ ၄

ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံကို ပစ်မှတ်ထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတ‌ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ် အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားထုတ်လုပ်သည့် ကုမ္ပဏီများက စိုးရိမ်စပြုလာကြောင်း သိရသည်။

ယင်းနှစ်နိုင်ငံသည် အမေရိကန်ဈေးကွက်အတွက် အရေးကြီးသော ထုတ်လုပ်မှုအခြေခံများ ဖြစ်သည်။

ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာမော်တာ (Toyota Motor) နှင့် ဟွန်ဒါမော်တာ (Honda Motor) တို့သည် ကနေဒါနိုင်ငံ၌ ကားထုတ်လုပ်ရေးစက်ရုံများရှိကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ Yoon ကို စွဲချက်တင်ဖို့ ဥပဒေကြမ်းတင်ပြ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများကြီးမားနေသဖြင့် နိုင်ငံ၏ အတိုက်အခံပါတီများက မစ္စတာ Yoon ကို စွဲချက်တင်ရန် ဥပဒေကြမ်း တင်သွင်းလိုက်ပါသည်။

အရေးပါသည့် ဓာတ်သတ္တုအချို့ အမေရိကသို့ တင်ပို့မှု တရုတ်ပိတ်ပင်

အမေရိကန်အစိုးရက တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုအတွက် ကန့်သတ်ချက်များ တင်းကျပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ အရေးပါသည့် ဓာတ်သတ္တုအချို့ တင်ပို့မှုကို တားမြစ်လိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုကို ဂဲလီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းတင်ပို့မှုများကို မူအားဖြင့် တားမြစ်ကြောင်းတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေ ရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်ကြောင်း TASS သတင်း ဌာနတွင် ဖော်ပြထားသည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တွင် “ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို စွန့်လွှတ်ရမည်”ဟု ထင်မြင်ယူဆသော အဓိကအကြံပေးပုဂ္ဂိုလ်များက အဆိုပြုထားသည့် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိကြောင်း ဖော်ပြထားပါသည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်  ဒီဇင်ဘာ ၄

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။

အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေးဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့နံနတ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တောင်ကိုရီးယား၌ ဗီယက်နမ်ခရီးသွား ၃၈ ဦး ပျောက်ဆုံးနေ

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူ အပန်းဖြေကျွန်းတွင် ဗီယက်နမ်ခရီးသွား ၃၈ ဦး ပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းဌာနက အဆိုပါကျွန်း၏ ခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဗီယက်နမ်ခရီးသည်အယောက် ၉၀ ခန့်သည် စင်းလုံးငှား Viet Jet Air လေယာဉ်ဖြင့် နိုဝင်ဘာ ၁၄ ရက်က ကျွန်းပေါ်သို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရုရှားဖက်ဒရေးရှင်း ဘတ်ဂျက် ဥပဒေ  ဗလာဒီမာပူတင် လက်မှတ်ရေးထိုး ထုတ်ပြန်

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားဖက်ဒရေးရှင်း၏ ၂၀၂၅ ခုနှစ်ဘတ်ဂျက်နှင့် ၂၀၂၆-၂၀၂၇ ခုနှစ် စီမံကိန်းကာလအတွက် ဘတ်ဂျက်တို့နှင့်စပ်လျဉ်းသည့် ဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။ 

အဆိုပါဥပဒေအရ  ရုရှားဖက်ဒရေးရှင်း၏ ပြည်ထောင်စု ဘတ်ဂျက်(ရငွေ)များမှာ ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၄၀.၂၉၆ ထရီလီယံ(ဒေါ်လာ ၃၇၈.၅ ဘီလီယံ)၊ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၄၁.၈၄ ထရီလီယံ ( ဒေါ်လာ ၃၉၃ ဘီလီယံ)၊ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၄၃.၁၅၄ ထရီလီယံ (ဒေါ်လာ ၄၀၅.၃၄ ဘီလီယံ) မျှော်မှန်းထားပါသည်။