ရုရှား၏ ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် စစ်ဖက်အသုံးစရိတ်ကို စံချိန်တင်တိုးမြင့်ခွင့်ပြု
လာမည့်နှစ်တွင် ရုရှား၏ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ တို့၏ အသုံးစရိတ်ကို ကျန်းမာရေး ၊ ပညာရေးနှင့် လူမှုရေးမူဝါဒပိုင်းဆိုင်ရာတို့ထက် ပိုမိုများပြားစွာ သုံးစွဲ သွားမည်ဖြစ်ပါသည်။
ယူကရိန်းစစ်ပွဲ ဆင်နွှဲနေမှုအတွက် ရုရှား၏ ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် စစ်ဖက်ဆိုင်ရာ အသုံးစရိတ် အား ပိုမိုတိုးမြင့်စွာ သုံးစွဲမည့် ဘတ်ဂျက်အသစ်တစ်ခု ကို ရုရားသမ္မတပူတင်က ခွင့်ပြုလိုက်ပါသည်။
တနင်္ဂနွေနေ့က ရုရှားအစိုးရထုတ်ပြန်ချက်အရ ရုရှား၏ ယခုနှစ် အမျိုးသားကာကွယ်ရေးအတွက် အသုံးစရိတ် သည် ဘတ်ဂျက်အားလုံး၏ ၂၈.၃ ရာခိုင်နှုန်းရှိခဲ့ ကြောင်း အစီရင်ခံစာအရ သိရသော်လည်း လာမည့် ၂၀၂၅ ခုနှစ်အတွက် စစ်အသုံးစရိတ်မှာ ၃၂.၅ ရာခိုင် နှုန်းအထိ တိုးမြှင့်ကာ ယူရို ၁၃၇ ဘီလီယံအထိ ခွင့်ပြု လိုက်ကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်လာသော ရုရှား- ယူကရိန်းစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ပွဲပြီးနောက် ဥရောပတွင် အကြီးမားဆုံးပဋိပက္ခဖြစ်ပြီး နှစ်ဖက်လုံး အရင်းအမြစ်များ ပြုန်းတီးခဲ့ရပါသည်။
ကိုးကား - euro news