ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ ဒမီထရီ မက်ဗ်ဒက်ဗ်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအား “ကျေးဇူးကန်းသူ” ဟု ဝေဖန်

News Image

  • ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ ဒမီထရီ မက်ဗ်ဒက်ဗ်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအား “ကျေးဇူးကန်းသူ” ဟု ဝေဖန်

ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ ဒမီထရီ မက်ဗ်ဒက်ဗ်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအား အမေရိကန်သမ္မတ ထရမ့် ၏ လုပ်ရပ်များကို ဝေဖန်ရာတွင် “ကျေးဇူးရှင်ကို ပြန်ပြီး ရန်လုပ်သည်” (သို့မဟုတ် ကူညီသူကို မထီမဲ့မြင်ပြုသည်) ဟု ဝေဖန်ခဲ့ပါသည်။ 

အစောပိုင်းက ဇီလန်စကီးက သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့၏ ဖုန်းပြောဆိုမှုသည် အမေရိကန်အတွက် အထူးအန္တရာယ် မရှိသော်လည်း ကမ္ဘာ့ကျန်ဒေသများအတွက်မူ ထိုသို့မပြောနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ 

လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ ဒမီထရီ မက်ဗ်ဒက်ဗ်က ဇီလန်စကီးအား အမေရိကန်ထံမှ အကူအညီရယူပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ပြန်ဝေဖန်သည့် အပြုအမူကို “ကျေးဇူးကန်းမှု” အဖြစ် သတ်မှတ် ခဲ့သည်။ ဇီလန်စကီးကမူ သမ္မတ ပူတင်နှင့်ဒေါ်နယ်ထရမ့်တို့ ဆက်သွယ်မှုသည် အမေရိကန်အတွက် စိုးရိမ်စရာမရှိသော်လည်း အခြားနိုင်ငံများအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း ညွှန်းဆိုခဲ့ပါသည်။

ကိုးကား - TASS