ထရမ့်ရဲ့ အပြန်အလှန်အကောက်ခွန်စည်းကြပ်ခြင်းက ဘာလဲ၊ ဘယ်သူတွေကို ထိခိုက်စေမှာလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် အပြန်အလှန် အကောက်ခွန် စည်းကြပ်ခြင်းအစီအစဉ်သည် စည်းကြပ်ခွန်များ လျော့ပါးစေရေးကို ဖော်ဆောင်နိုင်မည့် စေ့စပ်ညှိနှိုင်းမှုများကို ကယောက်ကယက် ဖြစ်စေနိုင်သော်လည်း အလားတူ ပြင်းထန်သည့် လက်တုန့်ပြန်မှု ဖြစ်စေကြောင်းကို လေ့လာသူများက သတိပေးလျက်ရှိပါသည်။

“ဒါဟာ နိုင်ငံအားလုံးအပေါ် လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိတို့အပေါ် မျှမျှတတ ဆက်ဆံလျှင် မိမိတို့ကလည်း မျှမျှတတ ပြန်ဆက်ဆံမည်”ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ သမ္မတလုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်အချက်အလက်များနှင့် အကျိုုးဆက်များမှာ အဘယ်နည်း။

အပြန်အလှန်အကောက်ခွန်စည်းကြပ်ခြင်းဆိုသည်မှာ

အကောက်ခွန်ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုက တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း ဖြစ်ပါသည်။ ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ကတိပြုထားသည့် အပြန်အလှန်အကောက်ခွန် စည်းကြပ်ခြင်းအနေဖြင့် “တစ်ယောက်က လုပ်ရင် တစ်ယောက်က ပြန်လုပ်မှာဘဲ” ဆိုသည့် စကားကဲ့သို့ တစ်ဘက်က အကောက်ခွန်စည်းကြပ်ခြင်းအတွက် အခြား တစ်ဘက်ကလည်း အကောက်ခွန်စည်းကြပ်ရာတွင် တူညီသည့် ပမာဏကို ပြန်လည်ကောက်ခံခြင်းပဲ ဖြစ်ပါသည်။

“ကွန်မြူနစ်တရုတ်ကဲ့သို့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်ဘက်၊ သို့မဟုတ် ဥရောပသမဂ္ဂ၊ သို့မဟုတ် ဂျပန်၊ သို့မဟုတ် ကိုရီးယားကဲ့သို့ မဟာမိတ်ဖြစ်ဖြစ် ကိစ္စမရှိဘူး”ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ပါတယ်။

“အဆိုပါနိုင်ငံတစ်ခုချင်းစီအနေဖြင့် မိမိတို့ထံမှ နည်းလမ်းအမျိုးမျိုးဖြင့် အခွင့်ကောင်းယူနေကြပြီး သမ္မတက ဒီလိုဖြစ်ရခြင်းမှာ အပြန်အလှန် အကောက်ခွန် စည်းကြပ်မှုမရှိတဲ့အတွက်ကြောင့် ဖြစ်သည်ဟု သတ်မှတ်ကြောင်း” အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အပြန်အလှန် အခွန်စည်းကြပ်မှုသည် အခြားနိုင်ငံများမှ အမေရိကန်ထုတ်ကုန်ပစ္စည်းများအပေါ် သတ်မှတ်သည့်အဆင့်နှင့် ကိုက်ညီစေရန် သွင်းကုန်ပစ္စည်းများအပေါ် သတ်မှတ်နှုန်းထား တိုးမြှင့်ခြင်း များကို ဆိုလိုသည်ဟု ယူဆနိုင်ပြီး စည်းကြပ်ခွန်များကို တစ်နိုင်ငံချင်းအလိုက် သတ်မှတ်သွားမည်  ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့တယ်။

သို့သော် အခြားနိုင်ငံများမှ အမေရိကန်ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် စည်းကြပ်ခွန်နှုန်းထားများအား ထည့်သွင်းစဉ်းစားမှုအပြင် ထရမ့်၏အစီအစဉ်တွင် ထပ်တိုး ကောက်ခံသော တန်ဖိုးမြှင့် ထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်များ (VATs) ကဲ့သို့သော ပုံမှန်မဟုတ်သော အကောက်ခွန်စည်းကြပ်သည့် အကြောင်းအရင်းများကိုလည်း လေ့လာရပါမည်။

ဘယ်တော့သတ်မှတ်မလဲ

ယခုအချိန်တွင် ထရမ့်၏အစီအစဉ်၌ စီးပွားရေးရာဝန်ကြီးနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့အား ဘဏ္ဍာရေးဌာနအကြီးအကဲ အပါအဝင် အခြားသူများနှင့် တိုင်ပင်ကာ ပြဿနာအရင်းအမြစ်ကို လေ့လာပြီး ကုစားမည့် နည်းလမ်းများအား အဆိုပြုရန် တိုက်တွန်းခဲ့ပါ သည်။ ထရမ့်၏ စီးပွားရေးရာဝန်ကြီးအဖြစ် အဆိုပြုထားသူ Howard Lutnick က အကောက်ခွန် စည်းကြပ်ရေး ပြဿနာများအား လေ့လာပြီးနောက် အစောဆုံး ဧပြီလ ၂ ရက်နေ့တွင် စတင် နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အိမ်ဖြူတော်မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အရ အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေး လိုငွေပြမှု သို့မဟုတ် တစ်ဘက် စောင်းနင်း အဖြစ်ဆုံး နိုင်ငံများအား စိစစ်ပြီး အစီအမံများကို အမြန်ဆုံး စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘယ်သူတွေ အထိခိုက်ဆုံး ဖြစ်မလဲ

တစ်နိုင်ငံနှင့် တစ်နိုင်ငံ သွင်းကုန်အပေါ် အပြန်အလှန် စည်းကြပ်မှုက အမေရိကန်ထုတ်ကုန် တွေကို မဖြစ်အနေ အသုံးပြုနေရသည့် နလန်ထကာစ အချို့သော ဈေးကွက်စီးပွားရေး ဝန်းကျင်များ အတွက် “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို အခွန်အထုပ် ကြီးမြင့်မှုကို ခါးဆီးခံကြရဖွယ် ရှိကြောင်း ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် JP Morgan က ဝေဖန်သုံးသပ်ပါသည်။

အိမ်ဖြူတော်က နောက်ဆုံးပေါ် အခွန်အကောက် အစီအစဉ်ကို မိတ်ဆက်သည့်နေရာတွင် ဘရာဇီးနှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများ၏ အခွန်ကောက်ခံမှုစနစ်များကို ကိုးကားပြောကြားခဲ့ပါသည်။ ဉပမာအားဖြင့် ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံ၏ ပို့ကုန်ဖြစ်သည့် အီသနောဓာတ်ငွေ့လောင်စာ ဆီအပေါ် သွင်းကုန်ခွန် ၁၈ ရာခိုင်နှုန်း စည်းကြပ်နေသည့်အချိန်တွင် အမေရိကန်က အီသနော ဓာတ်ငွေ့လောင်စာဆီ တင်သွင်းမှုအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်နေကြောင်း ထောက်ပြ ပါသည်။

အမေရိကန်၏ သွင်းကုန်များအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းနှင့် နှိုင်းယှဉ်ပါက ဥရောပသမဂ္ဂအနေဖြင့် မော်တော်ကား တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းက ကုန်သွယ်မှုအပေါ် “အလွန်ကို ရက်စက်ရာ ကျသည်” ဟု အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူက ခိုင်းနှိုင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်၏ Light Truck ကုန်တင်ယာဉ် များကဲ့သို့ အခြားထုတ်ကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံနေခြင်းက ဝေဖန် သုံးသပ်သူများက ထောက်ပြစရာ ဖြစ်နေပါသည်။

ပြဿနာတွေက ဘာလဲ?

VAT ကဲ့သို့သော အခွန်ကင်းလွတ်ခွင့် ကိစ္စရပ်များကို ဖြေရှင်းရန် အပြန်အလှန် အခွန် ကောက်ခံခြင်းများကို အသုံးပြုခြင်းက သာမန်အားဖြင့် အခွန်ကောက်ခံမှုကို ထိရောက်မှု ရှိစေနိုင် ပါသည်” ဟု သုတေသီ Goldman Sachs က ယခင်က ပြောကြားခဲ့ဖူးပါသည်။ သို့သော် “VAT ဆိုသည်မှာ နယ်မြေဖြတ်ကျော် ကုန်သွယ်ခွင့်အပေါ် အထူးအခွင့်အရေး အနေဖြင့် စည်းကြပ်မှု ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ပို့ကုန်များအပေါ် အခွန်လျှော့ချပြီး သွင်းကုန်များအပေါ် အခွန်တိုး ကောက်ခြင်းမျိုး ဖြစ်ကြောင်း” ဟု အခွန်နှင့်ပတ်သက်သည့် ဖောင်ဒေးရှင်းမှ သုတေသီများက မှတ်ချက်ပေးပါသည်။

တစ်ဘက်မှာ “ပို့ကုန်များအပေါ် ထောက်ပံ့ကြေးပေးသည်နှင့် သွင်းကုန်များအပေါ် အရေးယူမှုများကို အထင်အရှား တွေ့နေရသော်လည်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခွင့်နှင့်ပတ်သက်သည့် VAT ကတော့ ပုံမှန် အခြေအနေမှာပဲ ရှိနေကြောင်း” ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထိုအချက်က ဆွေးနွေးညှိနှိုင်းမှုများတွင် မပြတ်မသား ဖြစ်နေသည် ဆိုသည်ကို သက်သေပြနေခြင်း ဖြစ်ပါသည်။

“ထရမ့်အနေဖြင့် အခွန်အမျိုးမျိုးကို နှစ်ဆတိုးကောက်ပါက အခြားနိုင်ငံများကလည်း လက်တုံ့ ပြန်လာနိုင်ပါသည်” ဟု PIIE မှ အကြီးတန်း စီးပွားရေးပညာရှင် Maurice Obstfeld က သတိပေးခဲ့ပါသည်။

“အဓိကနိုင်ငံကြီးများအတွက် ထိခိုက်မှုများလေလေ၊ အခြားနိုင်ငံများကို ၎င်းတို့နှင့် ပူးပေါင်း လာရန် ကြိုးစားလာနိုင်ခြေများလေလေ ဖြစ်လိမ့်မည်” ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။ အမေရိကန်၏ အခွန်တိုးမြှင့်မှုသည်လည်း တင်သွင်းသူများအတွက် ကုန်ကျစရိတ် တိုးလာစေမည် ဖြစ်ပါသည်။

ရည်မှန်းချက်က ဘာလဲ?

ထရမ့်၏ မူဝါဒသည် တတိယနိုင်ငံများ “အမေရိကန်၏ ခွဲခြားဆက်ဆံမှု မခံရစေရန် အမေရိကန်၏ မျက်နှာသာပေးမှုကို ခံရစေရန်” ဖိအားပေးသည့် ရည်ရွယ်ချက် ရှိနေသည်” ဟု PIIE မှ ဝါရင့်ပညာရှင် Obstfeld က ဆိုပါသည်။ ဥပမာ- ဘရာဇီးနိုင်ငံက အမေရိကန်၏ ကားတင်သွင်းမှု အပေါ် အခွန်နှုန်းထားများကို လျှော့ချသော်လည်း အခြားနိုင်ငံက တင်သွင်းလာသည့် ကားများအပေါ် နှုန်းထားတူ အခွန်စည်းကြပ်မည်” ဆိုသည်မျိုး ဖြစ်ပါသည်” ဟု ၎င်းကဆက်ပြောတယ်။ အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုအန္တရာယ်သည် ညှိနှိုင်းရေးဗျူဟာတစ်ခု မဟုတ်ခြင်းတော့ သေချာကြောင်း အကဲခတ်များက မှတ်ချက်ပြုပါသည်။ ယင်းသည် အမေရိကန်၏ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများကို အမှန်တကယ် ဖိအားများ ဖြစ်လာစေမည့် အနေအထားတစ်ခု ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်အနေဖြင့် “အခွန်း စည်းကြပ်မှုကို တစ်ပုံစံတည်း သတ်မှတ်ကျင့်သုံးမည်” ဆိုသည့်ကိစ္စကို ပယ်ဖျက်မည်ဆိုသည်မျိုး ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။  

ကိုးကား- CNA

                                                  

Forum Title

ထရမ့်ရဲ့ အပြန်အလှန်အကောက်ခွန်စည်းကြပ်ခြင်းက ဘာလဲ၊ ဘယ်သူတွေကို ထိခိုက်စေမှာလဲ