ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

Upload Image

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

"ခ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-

  • အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်     သက်တမ်း (၃)လ ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  •  ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်)  ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်ပြီးသည့် သင်တန်းဆင်း    လက်မှတ် ပါရှိရမည်။

 "ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး          သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင်           နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။

 "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း (၂) နှစ် ပြည့်ပြီးသူ(သို့မဟုတ်)  တစ်ဆက်တည်း “ခ” ယာဉ်မောင်းလိုင်စင် (၅) နှစ် ပြည့်ပြီးသူ (သို့မဟုတ်) “ခ” ယာဉ်မောင်းလိုင်စင်    သက်တမ်းနှင့် “ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊           သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်း     လိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ        ပြီးဖြစ်ရမည်။ 

ဝန်ဆောင်ခ

ယာဉ်မောင်းစစ်ဆေးခ

လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-

ယာဉ်ငှားရမ်းခ

  • "ခ"၊ "ဃ" တစ်ကြိမ်အတွက်      ၅၀၀ဝိ/-

  • "င" တစ်ကြိမ်အတွက်             ၁၀၀၀ဝိ/-    

  • Simulator တစ်ကြိမ်အတွက်    ၅၀၀ဝိ/-

Online Booking ရယူရန်အတွက် ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

"ခ"လိုင်စင်ဖြေဆိုသူများ

  • သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက် အထား      (phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"ဃ"လိုင်စင်ဖြေဆိုသူများ

  • "ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail           အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"င "လိုင်စင်ဖြေဆိုသူများ

  • "ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိသည့် mail           အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

လျှောက်ထားရန်အဆင့်များ

            အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -

          (က)   လာရောက်ဖြေဆိုမည့်ရုံးအမည်၊

          (ခ)     ရယူလိုသည့်လိုင်စင်အမျိုးအစား၊

          (ဂ)     လာရောက်ဖြေဆိုမည့်နေ့၊

          (ဃ)    လာရောက်ဖြေဆိုမည့်အချိန်၊

          (င)     လက်ရှိလိုင်စင်အမှတ်၊

          (စ)     လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

Online Booking ရယူရန်အတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။         

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက

ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

ဖြည့်စွက်ချက်

  • ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေဖြင့် အချိန်ကြာမြင့်စွာ      စောင့်ဆိုင်းရခြင်း၊

  • အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်းသွားစေရန်အတွက်  လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကို ပြောင်းလဲ ကျင့်သုံးခြင်း  ဖြစ်ပါသည်။

အောက်ဖော်ပြပါ link များတွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 

https://www.motc.gov.mm/my/all-services

https://www.rtad.gov.mm/

 

 

Upload PDF File