“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Upload Image

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -
(၁) အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က” ယာဉ်မောင်း လိုင်စင် သက်တမ်း (၃) လ ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “သ” ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က”ယာဉ်မောင်း လိုင်စင်ရရှိထားသူဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင် ပြောင်းလဲ ရရှိပြီးမှ ရယူရမည်။
(၅) ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက် ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။
(၆) အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်း သင်တန်းကျောင်းများမှ သင်တန်းဆင်း လက်မှတ် ရရှိထားသူဖြစ်လျှင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Bookingဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် ရက်ချိန်းရယူရမည်။
ဝန်ဆောင်ခ
ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်
လိုအပ်သော စာရွက်စာတမ်းများ
“သ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ
နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ
ယာဉ်မောင်းသင်တန်းကျောင်းတက်ရောက်ပြီးသည့် သင်တန်း ဆင်းလက်မှတ် မူရင်းနှင့်မိတ္တူ
QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။
လျှောက်ထားရန် အဆင့်များ
အနည်းဆုံး (၃) ရက်မှအများဆုံး (၃၀) ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။
အဆင့်(၁)
Google Chrome Browser မှတစ်ဆင့် https://www.rtad.gov.mm/ website ကိုဝင်ပါ။
ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန် ၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။
အဆင့် (၂)
Online Appointment Application Form ပေါ်လာမည်။
လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။
လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့်လိုင်စင်အမျိုးအစားတစ်ခု ကိုရွေးချယ်ပါ။
စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့်(၃)
မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။
လာရောက်မည့်အချိန်ရွေးချယ်ရန်တွင် လာရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခုခုကို ရွေးချယ်ပါ။
အဆင့်(၄)
လက်ရှိလိုင်စင်အမှတ်နေရာတွင် မိမိ သင်မောင်းလိုင်စင်အမှတ်ကို အင်္ဂလိပ်လို ဖြည့်စွက်ရန်။
ဥပမာ- “သ/၁၂၃/၁၇” လိုင်စင်အမှတ်ဆိုလျှင်“T/00123/17” ဟုဖြည့်စွက်ရမည်။
လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံးနေရာတွင် မိမိသင်မောင်းလိုင်စင်တွင်ရှိသည့် ရုံးအမည်ကို ရွေးချယ်ရန်။
စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့်(၅)
စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှုအောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း ပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ပြန်လည် ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
အဆင့်(၆)
လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဖအမည်၊မွေးသက္ကရာဇ် နှင့် နေရပ်လိပ်စာများပေါ်လာမည်။
အဆင့်(၇)
သင်တန်းကျောင်းရွေးချယ်ရန်နေရာတွင် မိမိတက်ရောက်ခဲ့သည့် သင်တန်းကျောင်း အမည်စာရင်းရွေးချယ် ရမည်။
အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက်ရမည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
I’m not a robot ကို Click နှိပ်ပါ။ စေခိုင်းသည့်အတိုင်းလုပ်ဆောင်ပါ။ Verifyလုပ်ပါ။
လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။
Downlod Appointment Letter Here နေရာကို Click နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။
Downlod ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ်ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင်လာပါရန် (သို့မဟုတ်) Downlod ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။
ဖြည့်စွက်ချက်
Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။
Website လိပ်စာ