လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးပါက ကျန်ရစ်သူမိသားစုအတွက် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ အကြောင်းသိရှိလိုပါသည်။

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အခါ အာမခံထားသူ အလုပ်တွင်ထိခိုက်မှုမဖြစ်မီ ပေးသွင်းခဲ့သော (၄) လ အတွင်း ရရှိသည့် ပျှမ်းမျှလုပ်ခအပေါ်မူတည်၍ ဥပဒေပုဒ်မ  ၆၂ နှင့်အညီ အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်-
(က)     ထည့်ဝင်ကြေးငွေကို (၅) နှစ်နှင့် အောက်ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ ၃၀ဆ၊ (ဥပဒေကို အကောင် အထည်ဖော်ပြီး ၅ နှစ် ထိ)၊
(ခ)     ထည့်ဝင်ကြေးငွေကို (၅) နှစ်အထက် မှ (၁၀) နှစ်အထိ ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏  ၅၀ ဆ၊
(ဂ)    ထည့်ဝင်ကြေးငွေကို (၁၀) နှစ်အထက်မှ (၂၀) နှစ်အထိ ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ ၆၀ဆ၊  
(ဃ)    ထည့်ဝင်ကြေးငွေကို (၂၀) နှစ်အထက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ၏ ၈၀ ဆ။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးပါက ကျန်ရစ်သူမိသားစုအတွက် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ အကြောင်းသိရှိလိုပါသည်။