လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် အကျိုးခံစားခွင့်များခံစားရာတွင် တစ်ပြိုင်တည်း ခံစားခွင့်မရှိသော အကျိုးခံစားခွင့်များ ရှိပါသလား။ ရှိပါက မည်သည့်အကျိုး ခံစားခွင့်များ ဖြစ်ကြောင်း သိရှိလိုပါသည်။
အကျိုးခံစားခွင့်နှစ်မျိုး တစ်ပြိုင်နက်တည်းပေးရမည့် ကိစ္စဖြစ်ပေါ်လာပါက အကျိုး ခံစားခွင့်များသည့်အကျိုး ခံစားခွင့်ကို ခံစားခွင့်ပေးရပါမည်။ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၆၃ အရ အောက်ပါအကျိုးခံစားခွင့်များအား တစ်ပြိုင်နက်တည်း ခံစားခွင့်မရှိပါ-
(က) မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်၊
(ခ) မကျန်းမာမှုနှင့်ဆိုင်သည့်အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(ဂ) မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(ဃ) မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များနှင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question