“၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ထည့်ဝင်ကြေးနှုန်းထားများ” အာမခံစနစ်များတွင် အလုပ်လက်မဲ့ အကျိုး ခံစားခွင့်အာမခံစနစ်တွင် အလုပ်လက်မဲ့ဆိုရာမှာ အလုပ်ရှင်/ (အလုပ်မပေးနိုင်)တဲ့သူကပဲ လျှောက်ခွင့်အာမခံထားခွင့် ဖြစ်နေပါတယ်လို့ နားလည်ပါတယ်။ မည်သည့်လုပ်ငန်းမှ မလုပ်တဲ့အလုပ်လက်မဲ့ဆိုရင် ထည့်ဝင်ကြေးနှုန်းထား မည်သို့ သတ်မှတ်ထည့်ဝင်ရပါမလဲ။ အာမခံစနစ်ထည့်ဝင်ခွင့် ရှိ / မရှိ သိချင်ပါတယ်။
လူမှုဖူလုံရေးဥပဒေပုဒ်မ (၁၂) နှင့် (၂၀) တို့အရ ဥပဒေနှင့်အညီ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် ဌာနများနှင့် သက်ဆိုင်ခြင်းမရှိသည့် မည်သူမဆို ကျန်းမာကြောင်းဆေး သက်သေခံလက်မှတ်နှင့်အတူ မှတ်ပုံတင်ပြီး အာမခံထားခွင့်ရှိပါတယ်။ အလုပ်လက်မဲ့ဖြစ် နေသူများ မှီခိုမိသားစုများ၊ လက်လုပ်လက်စားပြည်သူများအနေဖြင့် မိမိတို့စားဝတ်နေရေးအတွက်ဝင်ငွေအဖြစ် သတ်မှတ်ရမည့် အသုံးစရိတ်မှာ လူမှုဖူလုံရေး နည်းဥပဒေအပိုဒ် ၅၀(ခ)အရ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအားဖြစ်စေ၊ ဒေသအလိုက် ကြေညာထားသော အနိမ့်ဆုံးလုပ်ခဝင်ငွေအောက်မနည်းသည့်လုပ်ခဝင်ငွေအဖြစ်ဖော်ပြ၍ ဆန္ဒအလျောက် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်သို့ အဆိုပြုငွေ၏ ၄ ရာခိုင်နှုန်းကို ပေးသွင်းပြီး အာမခံထားခွင့်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/