လုပ်ငန်းဌာနတွင် ၂၀၀၁ မှ ၂၀၀၉ အထိ တာဝန်ထမ်းဆောင်ခဲ့စဉ်က မှတ်ပုံတင်ပြီး အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးများပေးသွင်းခဲ့ပြီးဦးစီးဌာန အသွင်ပြောင်းရာတွင် ထည့်ဝင်ကြေးပေးသွင်းမှုရပ်ဆိုင်းခဲ့ပါသည်။ မှတ်ပုံတင်ပယ်ဖျက် ရှိ/မရှိ၊ အလုပ်သမား အနေနဲ့ ဆန္ဒအလျောက် ထည့်ဝင်ကြေး ဆက်လက်ပေးသွင်းလို့ ရ/မရ သိလိုပါတယ်။
လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေတွေမှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်။ အကျုံးဝင်တဲ့ နိုင်ငံပိုင်လုပ်ငန်းမှ အကျူံးမဝင်တဲ့ဦးစီးဌာနကို ပြောင်းသွားလျှင် မိမိဆန္ဒအလျောက် ဆက်လက်အာမခံထားခွင့်ရှိပါတယ်။ ထည့်ဝင်ကြေးကို ဆက်လက်ပေးသွင်းခြင်းမရှိရင် တော့ ၃၆လနှင့် အထက်ပြတ်တောက်ပါက ယာယီရပ်ဆိုင်းထားပြီး အကယ်၍ လူမှုဖူလုံရေး နှင့် အကျူံးဝင်သောလုပ်ငန်းဌာန၊ မြို့နယ်ကိုပြန်လည်ပြောင်းရွှေ့လာပါက ပြန်လည်မှတ်ပုံတင်ခြင်း ၊ သို့မဟုတ် ဆန္ဒအလျောက်ပြန်ဝင်ပြီး ယခင်လူမှုဖူလုံရေးအာမခံစိစစ်ရေး အမှတ်ဖြင့် ထည့်ဝင်ကြေးများပြန်လည်ပေးသွင်းနိုင်ပါတယ်။ ယခင်ထည့်ဝင်ကြေးပေးသွင်းထားသောကာလများဖြင့် ပြန်လည်ဆက်စပ်၍ ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question