အလုပ်ရှင်အနေဖြင့် EC စာချုပ်သက်တမ်းကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင် သော်လည်းကောင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကိုဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန် ကိစ္စ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း အလုပ်ရှင်က အလုပ်သမားအား နစ်နာကြေးပေးရန် လိုအပ်ပါသလား။

၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၅ (ဃ) အရ EC စာချုပ်သက်တမ်းကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကို ဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန် ကိစ္စပေါ်ပေါက်လာလျှင်သော်လည်းကောင်း အလုပ်ရှင်သည် အလုပ်သမားအား ဝန်ကြီးဌာနမှ ၃–၇–၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅) ဖြင့် ထုတ်ပြန်ထားသည့် လုပ်သက်အလိုက် နစ်နာကြေးနှုန်းထားများအတိုင်း ပေးချေရမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

Question