အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ ယူကရိန်း သဘောတူမည်
အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ပြီးနောက် အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စကို ယူကရိန်းက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြား ချက်ကို ကိုးကား၍ Finiancial Times ၊ Reuters နှင့် AFP စသည့် သတင်းစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြပါသည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထရမ့်နှင့်ပူတင်တို့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ယူကရိန်းနှင့်အမေရိကန်တို့အကြား တင်းမာမှုကိုဖြစ်စေသည့် အကြောင်းအရင်းဖြစ်သည့် ယူကရိန်းနိုင်ငံမှ မြေရှားသတ္တုတူးဖော်ရေး အပေးအယူကိစ္စ သဘောတူညီမှုရရှိရန် ထရမ့်အစိုးရက တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။
ယူကရိန်းအစိုးရအဖွဲ့အနေဖြင့် အဆိုပါအပေးအယူကိစ္စကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။
သဘောတူညီချက်တွင်ပါရှိသည့် လက်မခံနိုင်သည့် စကားရပ်အချို့ကို အမေရိကန်ဘက်မှ ပယ်ဖျက်ခဲ့ကြောင်းနှင့် ယူကရိန်းအစိုးရအရာရှိများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အမည်မဖော်လိုသည့် ယူကရိန်းအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ပယ်ဖျက်ခဲ့သည့်စကားရပ်အချို့တွင် ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးရှိ အရင်းအမြစ် များကို ပေးအပ်ရမည်ဟူသည့် တောင်းဆိုချက်မျိုး ပါဝင်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝါရှင်တန်၌ တရားဝင်လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့မှုကို DW သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- DW
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)