အီရန်သည် အစ္စရေးကို လက်တုံ့ပြန်သည့် စစ်ဆင်ရေးတစ်ခုကိုဇွန်လ ၁၃ ရက်နေ့ ညပိုင်းတွင်စတင်
အီရန်သည် အစ္စရေးအပေါ် ပြုလုပ်သည့် စစ်ဆင်ရေးကို “မှန်ကန်သော ကတိ ၃” (True Promise 3) ဟု အမည်ပေးခဲ့ပါသည်။
အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးနိုင်ငံ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားပြီး၊ အစ္စရေး စစ်တပ် ကလည်း အီရန်မှဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သည်ကို အတည်ပြု ခဲ့ပါသည်။
အစ္စရေး၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အလုပ်လုပ်နေသော်လည်း ထိရောက်မှု မရှိကြောင်း ယူဆချက်များ ထွက်ပေါ်နေပါသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂၀ စင်းသည် အစ္စရေးမြို့တော် တဲလ်အဗစ်ကို ကျရောက်ခဲ့ပါသည်။ အီရန်သည်စစ်ဘက်-နိုင်ငံရေး ခေါင်းဆောင်များရှိသည့် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) ၏ အဓိက ကွပ်ကဲရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့သည် ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့ပါသည်။ အီရန် ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့၊ ကီရီယာတွင်ရှိသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း ၁၃ က ဖော်ပြခဲ့ပါသည်။ အီရန်သည် အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း F-35 လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။
ထို့အပြင် အီရန်တပ်မတော်သည် အစ္စရေး၏ F16 ဂျက်လေယာဉ် ၂ စီးနှင့် ဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။
ကိုးကား - RT