ကုလသမဂ္ဂ အထွေထွေညီလာခံသည် ကြာသပတေးနေ့ (ဇွန် ၁၂) တွင် အမေရိကန်က လွန်ခဲ့သော သီတင်းပတ်က လုံခြုံရေးကောင်စီတွင် အလားတူ ကြိုးပမ်းမှုကို ဗီတိုအာဏာသုံး၍ ပယ်ချပြီးနောက် ဂါဇာ စစ်ပွဲတွင် ချက်ချင်း၊ ကန့်သတ်ချက်မရှိ၊ အမြဲတမ်း စစ်ပြေငြိမ်းရေးနှင့် လူသားချင်းစာနာမှုအကူအညီများရရှိရန် တောင်းဆိုမှုကို အတည်ပြု ခဲ့သည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော အထွေထွေညီလာခံက အတည်ပြုလိုက်သည့် ဆုံးဖြတ်ချက်တွင် ဟားမက်မှ ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများ လွှတ်ပေးရန်၊ အစ္စရေးမှ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများ ပြန်လည်လွှတ်ပေးရန်နှင့် အစ္စရေးတပ်များ ဂါဇာမှ အပြည့်အဝ ရုပ်သိမ်းရန် တောင်းဆိုထားသည်။
အဆိုပါ ဆုံးဖြတ်ချက်အတွက် မဲပေးရာတွင် ၁၄၉ နိုင်ငံက ထောက်ခံ မဲပေးခဲ့ပြီး ၁၉ နိုင်ငံက မဲပေးခဲ့ကြခြင်းမရှိဘဲ အမေရိကန်၊ အစ္စရေးနှင့် အခြားနိုင်ငံ ၁၀ နိုင်ငံက ကန့်ကွက်မဲပေးခဲ့သည်။
ဆုံးဖြတ်ချက်တွင် “စစ်ဆင်ရေးနည်းဗျူဟာအဖြစ် အရပ်သားများကို အစာငတ်ခံစေခြင်းကို အပြင်းအထန် ရှုတ်ချပြီး၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများရရှိရန်တားဆီးခြင်းနှင့် အရပ်သားများ၏ အသက်ရှင်ရန် အရေးကြီးသောအရာများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခြင်း အပါအဝင် ဥပဒေမဲ့ ငြင်းဆန်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်” ဟု ဖော်ပြထားသည်။
အစ္စရေး၏ ကုလသမဂ္ဂသံတမန် ဒန်နီ ဒန်နွန် က အထွေထွေ ညီလာခံတွင် အဆိုပါဆုံးဖြတ်ချက်သည် အချည်းနှီးသော စွပ်စွဲချက်ဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ၎င်းက နိုင်ငံများအား ဓားစာခံဆွေးနွေးပွဲများကို အနှောင့် အယှက် ဖြစ်စေပြီး ဟားမက်ကို ရှုတ်ချခြင်းမပါဝင်သည့် ထိုကဲ့သို့သော လေးနက်မှုမရှိသည့်အစီအစဉ်တွင် ပါဝင်မှုမပြုရန် တိုက်တွန်းခဲ့သည်။
“ဓားစာခံများ လွှတ်ပေးရန်ဆိုသည့် စည်းမျဉ်းမပါဘဲ စစ်ပြေငြိမ်းရေးကိုသာ တောင်းဆိုခြင်းဖြင့် အရပ်သားများကို ပြန်ပေးဆွဲခြင်းသည်အောင်မြင်နိုင်သည်ဟု အကြမ်းဖက်အဖွဲ့အားလုံးကို သင်တို့အနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များသည် တရားဝင် အာဏာမရှိသော်လည်း ကမ္ဘာ့အမြင်ကို ထင်ဟပ်စေသည့်အနေဖြင့် အလေးထားမှုရှိသည်။ ယခင်က အစ္စရေးနှင့် ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့ ဟားမက်တို့အကြား စစ်ပွဲရပ်စဲရန် အထွေထွေညီလာခံ၏ တောင်းဆို ချက်များကို လျစ်လျူရှုခဲ့ကြသည်။ လုံခြုံရေးကောင်စီနှင့်မတူဘဲ အထွေထွေ ညီလာခံတွင် မည်သည့်နိုင်ငံမျှ ဗီတိုအာဏာ မရှိပေ။
မဲပေးမှုမတိုင်မီ လစ်ဗျား၏ ကုလသမဂ္ဂသံတမန် တာဟာ အယ်လ်ဆွန်နီ က “ယနေ့ ဤဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် အနီရောင်ခလုတ်ကို နှိပ် သူများသည် ၎င်းတို့၏လက်ချောင်းများပေါ်တွင် သွေးစက်အဖြစ် ကျန်ရစ်မည်” ဟု အထွေထွေညီလာခံသို့ ပြောကြားခဲ့သည်။
အမေရိကန်သည် လွန်ခဲ့သော တစ်ပတ်က ချက်ချင်း၊ ကန့်သတ်ချက်မရှိ၊ အမြဲတမ်း စစ်ပြေငြိမ်းရေးနှင့် ဂါဇာတွင် အဟန့်အတားမရှိ အကူအညီ ရရှိရန် တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းကို ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပြီး ယင်းက အမေရိကန် ဦးဆောင်သည့် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုများကို အနှောင့်အယှက်ဖြစ်စေမည်ဟု ဆိုခဲ့သည်။
အခြားအဖွဲ့ဝင် ၁၄ နိုင်ငံသည် လူဦးရေ ၂ သန်းကျော်ရှိသော ဂါဇာ ဒေသတွင် ဖြစ်ပွားနေသည့် လူသားချင်း စာနာမှု အရေးပေါ် အခြေအနေကြောင့် ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးခဲ့ကြသည်။ ကုလသမဂ္ဂ က ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပြီး အစ္စရေးက ၁၁ ပတ်ကြာ ပိတ်ဆို့မှုကို လွန်ခဲ့သည့်လက ရုပ်သိမ်းခဲ့သော် လည်း အကူအညီများ အနည်းငယ်သာ ရောက်ရှိခဲ့သည်။
မဲပေးမှုမတိုင်မီ အမေရိကန်၏ ယာယီသံတမန် ဒေါ်ရိုသီရှေး က အထွေထွေညီလာခံသို့ “ဤဆုံးဖြတ်ချက်သည် ဓားစာခံများကို လွှတ်ပေးရန်၊ ဂါဇာရှိ အရပ်သားများ၏ အသက်ရှင်ရပ်တည်မှုကို မြှင့်တင်ရန် သို့မဟုတ် စစ်ပြေငြိမ်းရေးဆီသို့ နီးစေရန် ဘာမျှမလုပ်ဆောင်ဘဲ ဤအဖွဲ့၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေသည့် ပြဇာတ်ဆန်သည့် လုပ်ရပ်တစ်ခု သာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
အဆိုပါမဲပေးမှုသည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံမတိုင်မီ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုညီလာခံသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား နှစ်နိုင်ငံဖြေရှင်းနည်းအတွက် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းမှုကို ပြန်လည်အားဖြည့်ရန် ရည်ရွယ်သည်။ အမေရိကန်သည် နိုင်ငံများအား တက်ရောက်ရန် မတိုက်တွန်းဘဲ ရှောင်ကြဉ်ရန် တိုက်တွန်း ခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အထွေထွေညီလာခံက ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ ချက်ချင်းစစ်ပြေငြိမ်းရေးကို ထောက်ခံမဲ ၁၂၀ မဲဖြင့် တောင်းဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၁၅၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောက်ခံမဲ ၁၅၈ မဲဖြင့် ချက်ချင်း၊ ကန့်သတ်ချက်မရှိ၊ အမြဲတမ်း စစ်ပြေငြိမ်းရေးကို တောင်းဆိုခဲ့သည်။
ကိုးကား- Reuters
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျပန်နိုင်ငံက ၎င်းတို့၏ စစ်လေယာဉ်အနီး တရုတ်တိုက်လေယာဉ်များ ပုံမှန်မဟုတ်သည့်နည်းလမ်းဖြင့် ချဉ်းကပ်ပျံသန်းမှုအပေါ် တရုတ်အစိုးရထံ ကြာသပတေးနေ့ (ဇွန် ၁၂ ရက်) တွင် တရားဝင် ကန့်ကွက်ခဲ့ပြီးနောက် တရုတ်ဘက်က ပစိဖိတ်သမုဒ္ဒရာအပေါ်ယံ၌ ဂျပန်စစ်လေယာဉ်၏ “အန္တရာယ် ရှိလှုပ်ရှားမှု” ဟု ခေါ်ဝေါ်သတ်မှတ်သည့် အပြုအမူကို ကန့်ကွက် ဝေဖန်ခဲ့သည်။

ဂျပန်အစိုးရသည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်ထံတရားဝင် ကန့်ကွက်ခဲ့သော်လည်း၊ ဂျပန်စစ်ဘက်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရသည်ဟု အစီရင်ခံချက်တွင်မပါရှိခဲ့ပေ။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ စနေနေ့ (ဇွန် ၈ ရက်) တွင် တရုတ်၏ Shandong သံမဏိသင်္ဘောမှ J-15 တိုက်လေယာဉ်တစ်စင်းသည် ဂျပန်၏ P-3C စောင့်ကြည့်လေယာဉ်ကို မိနစ် ၄၀ ကြာ နောက်မှချဉ်းကပ်ပျံသန်းခဲ့ပြီး နောက်တစ်နေ့ တနင်္ဂနွေနေ့ (ဇွန် ၉ ရက်) တွင် J-15 တိုက်လေယာဉ် နှစ်စင်းက အလားတူ ပျံသန်းမှုကို မိနစ် ၈၀ ကြာ ထပ်မံပြုလုပ်ခဲ့သည်။
ဂျပန်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက AFP သို့ ပြောကြားရာတွင် “အဆိုပါ ကြာမြင့်စွာ ချဉ်းကပ်ပျံသန်းမှုအတွင်း တိုက်လေယာဉ်များသည် P-3C အား ပုံမှန်မဟုတ်သည့်နည်းဖြင့် အနီးကပ်ပျံသန်းခဲ့ပြီး နှစ်ရက်စလုံးတွင် စောင့်ကြည့်လေယာဉ်နှင့် ၄၄၄ မီတာ (၄၅ မီတာ) အကွာအဝေးအတွင်း ပျံသန်းခဲ့သည်” ဟု ဖော်ပြခဲ့သည်။
ထို့အပြင် တနင်္ဂနွေနေ့တွင် တရုတ်တိုက်လေယာဉ်များသည် ဂျပန် P-3C စောင့်ကြည့်လေယာဉ်၏ ရှေ့ ၉၀၀ မီတာ အကွာမှ ချဉ်းကပ်ပျံသန်း ခဲ့ကြောင်း တိုကျိုက ထုတ်ပြန်ခဲ့သည်။ ထိုအကွာအဝေးသည် P-3C တစ်စင်း အနေဖြင့် ပုံမှန်အရှိန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်သည့် အကွာ အဝေး ဖြစ်သည်။
ဂျပန်ကာကွယ်ရေးဦးစီးချုပ် ယိုရှိဟီဒဲ ယိုရှီဒါက ကြာသပတေးနေ့ (ဇွန် ၁၂) တွင် သတင်းထောက်များအား “အဆိုပါချဉ်းကပ်မှုကို မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုဟု မိမိတို့အနေဖြင့် မယုံကြည်ပါ” ဟု ပြောကြားခဲ့သည်။
“မိနစ် ၄၀ နှင့် ၈၀ ကြာ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည်ကိုထောက်ဆလျှင် ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည်ဟု မိမိတို့ နားလည်ထားပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုသို့ဂျပန်ဘက်က ဖော်ပြချက်များအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်က ပြန်လည်တုံ့ပြန်ခဲ့သည်။ “ပင်လယ်ပြင်နှင့် လေကြောင်းလုံခြုံရေးအတွက် အန္တရာယ်၏ အရင်းခံ အကြောင်း အရင်း မှာ ဂျပန်စစ်လေယာဉ်မှ တရုတ်၏ ပုံမှန်စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်စစ်ဆေးခြင်းကြောင့် ဖြစ်သည်” ဟု ၎င်းက ပြောကြား ခဲ့သည်။
“တရုတ်ဘက်အနေဖြင့် ဂျပန်ဘက်ကို ထိုကဲ့သို့အန္တရာယ်ရှိသော အပြုအမူမျိုးကို ရပ်တန့်ရန် တိုက်တွန်းလိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြားလိုက်ပါသည်။
“Tehran of TYRANTS” အီရန်၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် 'ရက်များစွာကြာမြင့်မည့်' စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အချိန်တိုအတွင်း နျူကလီးယား မပြုလုပ်မီ အီရန်ကို ရပ်တန့်ရန် လိုအပ်သည် ဟု ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား- အင်တာနက်စာမျက်နှာ

ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးစင်တာအနီး၌ ဇွန်လ ၁၁ ရက်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူအနည်းဆုံး ၂၈ ဦး သေဆုံးကြောင်းနှင့် လူအများအပြားဒဏ်ရာရရှိသွားကြောင်း ပါလက်စတိုင်းသတင်းဌာနတစ်ခုကဖော်ပြထားသည်။
အလားတူ ဂါဇာကမ်းမြောင်အလယ်ပိုင်း နျူဆိုင်းရတ်မြို့မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးကဒရုန်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် လူနှစ်ဦးသေဆုံးကြောင်း AL Awda ဆေးရုံ မှတာဝန်ရှိသူများကပြောသည်။

ထို့ပြင် ခန်ယူနစ်မြို့အနောက်မြောက်ပိုင်းရှိ ဒုက္ခသည်များ နေထိုင်လျက်ရှိသည့်ရွက်ဖျင်တဲတစ်ခုသည် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုအတွင်း ထိမှန် ခံရမှုကြောင့် လူလေးဦးသေဆုံးကြောင်း နက်ဆာဆေးရုံမှ သတင်းအရင်းအမြစ်များက ပြောသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေဒေသ၌ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းနှင့် တမ်မွန်မြို့အတွင်းသို့ ဝင်ရောက်လာကြောင်း WAFA သတင်းဌာနက ဖော်ပြထားသည်။
Ref: Xinhua
MWD Daily Newspaper

အီရန် အစ္စလာမ္မစ် တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန်စာလာမီ သည် သောကြာနေ့ (ဇွန် ၁၃) က အစ္စရေး၏ လေတိုက်ခိုက်မှုတွင် ကျဆုံးသွားကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြသည်။

အစ္စရေးလေတပ်သည် အီရန်၏ နျူကလီးယားနှင့် စစ်ရေးအချက်အချာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ၎င်းတွင် နတန်ဇ်မြို့ရှိ ယူရေနီယံသန့်စင်ရေးစက်ရုံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အဆိုပါ လုပ်ဆောင်ချက်သည် အီရန်အား နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ပရက်စ်အိုင်ဗီ ၏ ကိုးကားချက်အရ အခြားသေဆုံးသူများတွင် အီရန် စစ်တပ် ဗိုလ်ချုပ် ဂိုလမ်အလီရာရှစ်၊ နျူကလီးယားသိပ္ပံပညာရှင်များ မိုဟာမက်မဟ်ဒီ တေဟ်ရန်ချီ နှင့် ဖရေးဒွန်အဘာစီတို့လည်း ပါဝင်နေသည်။
အီရန်အစိုးရသည် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပတ်သက်၍ မှတ်ချက်မပြုသေးသော်လည်း ဒေသခံမီဒီယာများကတီဟီရန်ရှိ အချို့နေရာများကို တိုက်ခိုက်စဉ် အရပ်သားများ သေဆုံး ခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ကိုးကား- RT

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူများ၊ ခိုးဝင်နေထိုင်သူများကို ဗဟိုအစိုးရ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်းဖြစ်သည်။
ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန် ချက်များကိုကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြား မြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူဆန္ဒပြမှုများဖြစ်ပွားနေပြီ ဖြစ်ကြောင်း တွေ့ရသည်။
အဆိုပါဆန္ဒပြမှုများတင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေရယူထားသည့် ဆူပူအုံကြွသူများ ဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန် ကောင်းစွာလေ့ကျင့်ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထရမ့်က ပြောထားသည်ဟု သိရသည်။
MWD Web Portal

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောက
အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဟားမက်နှင့် စစ်မက် ဖြစ်ပွား နေသည့် အစ္စရေးစစ်တပ်က Netzarim Corridor ဧရိယာအနီးတွင် စစ်သားများအား ခြိမ်းခြောက်နေသည့် သံသယရှိသူများအုပ်စုကို ညအချိန်တွင် သတိပေးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုဧရိယာ သည် တိုက်ပွဲဖြစ်ပွားနေသော ဇုန်ဖြစ်ကြောင်း သတိပေးထားသော်လည်း (ပစ်ခတ်မှုဖြစ်ပွားခဲ့သည်)။ IDF သည် ဒဏ်ရာရသူများနှင့် ပတ်သက်သော အစီရင်ခံစာများကို သိရှိပြီး အသေးစိတ်ကို စစ်ဆေးဆဲဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။
ထိုနေ့နောက်ပိုင်းတွင် တောင်ဘက်ဂါဇာခရိုင်ရှိ ခန်ယူနစ်မြို့၊ Nasser ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရာဖာမြို့ရှိ GHF ၏ အခြားအကူအညီ ဖြန့်ဖြူးရေးနေရာသို့ ချဉ်းကပ်နေစဉ် အစ္စရေးတပ်များ၏ ပစ်ခတ်မှု ကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။GHF က ဟားမက်တပ်များက ၎င်းတို့၏ အကူအညီဖြန့်ဖြူးရေးနေရာသို့ သွားနေ သည့် အဖွဲ့ဝင် ၂၀ ပါသည့် ဘတ်စ်ကားကို တိုက်ခိုက်မှုတွင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သည်။
“ဂါဇာပြည်သူများအား အရေးကြီးသော အကူအညီများ ဆက်လက် ပေးနိုင်ရန် မိမိတို့ ကြိုးပမ်းသွားမည်” ဟု ၎င်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ GHF ၏ အစောပိုင်းထုတ်ပြန်ချက်အရ ဒေသခံများနှင့် သက်ဆိုင်သည့် ထိုနေ့မှဖြစ်ရပ်များကို ၎င်းတို့ မသိရှိသေးသော်လည်း လုံခြုံသော သွားလာရေးလမ်းကြောင်းများ ထိန်းသိမ်းရန် အစ္စရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပါလက်စတိုင်းများ အနေဖြင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
“နောက်ဆုံးတွင် ဖြေရှင်းနည်းမှာ အကူအညီပိုမိုရရှိရန်ဖြစ်ပြီး ဤသည်က ပြည်သူများအကြား စိတ်ချမှုနှင့် အရေးပေါ်လိုအပ်ချက် လျော့နည်းစေမည်” ဟု Reuters ၏ မေးမြန်းချက်များကို အီးမေးလ်ဖြင့် ပြန်ကြားရာတွင် ဖော်ပြခဲ့သည်။ “ဂါဇာရှိ လိုအပ်နေသူအားလုံးအတွက် လုံလောက်သည့် အစားအစာ မရှိသေးပါ။ လက်ရှိတွင် မိမိတို့၏ ဦးစားပေးမှုမှာမတည်ငြိမ်သော ပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းစွာဖြင့် ဖြစ်နိုင်သမျှ လူများများကို အစားအစာဖြန့်ဖြူးနိုင်ရန်ဖြစ်သည်” ဟု ပြောကြား ခဲ့သည်။
GHF က မေလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည့်အချိန်မှစ၍ စုစုပေါင်း အစားအစာ ၁၆ သန်းကျော် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် တစ်ရက်တည်းအတွက် အများဆုံးဖြစ်သည့် ၂.၅ သန်းသော အစား အစာထုပ်များ ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟားမက်အုပ်ချုပ်သော ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယခုဖြစ်ရပ်များအထိအစားအစာထုပ်များရယူရန်ကြိုးပမ်းနေစဉ် ပါလက်စတိုင်း ၁၆၃ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီး ၎င်းသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ကမ္ဘာ့စစ်ရေး ဟန်ချက်ညီမှုကို အာမခံပေးသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ကျင်းပသော အမျိုးသားလက်နက်တပ်ဆင်ရေး အစီအစဉ်ဆိုင်ရာ အစိုးရအစည်းအဝေး၌ ပြောကြားရာတွင် ၎င်းက နိုင်ငံ၏ နျူကလီးယားသုံးဘက်စုံ (Nuclear Triad) ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အထူးအာရုံစိုက်ရန်” တိုက်တွန်းခဲ့သည်။

နျူကလီးယားသုံးဘက်စုံဆိုသည်မှာ မြေပြင်အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်များ (ICBMs)၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်များ (SLBMs) နှင့် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ (strategic bombers) တို့၏ ပေါင်းစပ်အသုံးပြုမှုကို ရည်ညွှန်းသည်။ အဆိုပါ လက်နက်စနစ်များသည် ပထမဆုံးတိုက်ခိုက်မှုတွင် နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယား စွမ်းအားကို အပြီးအပိုင် ဖျက်ဆီးနိုင်ခြင်း မရှိစေရန် အာမခံပေးသည်။
“ယခုအခါတွင် မိမိတို့၏ နျူကလီးယားစွမ်းအား၌ ခေတ်မီ နည်းပညာ အထွတ်အထိပ်ရှိသော လက်နက်စနစ်များ၏ အချိုးအစားမှာ ၉၅% အထိ ရှိနေပြီ” ဟု သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စတွင် ရုရှားနိုင်ငံသည် ကောင်းမွန်သော တိုးတက်မှုများ ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုအချိုးအစားသည် ကမ္ဘာ့နျူကလီးယား စွမ်းအားရှိသော နိုင်ငံအားလုံးတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ပူတင် က ဆိုသည်။ အလားတူအကဲဖြတ်ချက်ကို အမေရိကန်နိုင်ငံ၏ Strategic Command မှ ဗိုလ်ချုပ်ကြီး Anthony Cotton ကလည်း ဖော်ပြခဲ့ ဖူးသည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် အခြားမည်သည့်နိုင်ငံမျှမရှိသေးသည့် အကြီးမားဆုံးနှင့် အမျိုးအစားအစုံလင်ဆုံး နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လတွင် Cotton က ပြောကြားခဲ့ပြီး မော်စကို၏ နျူကလီးယားစွမ်းရည်မှာ အမေရိကန်ထက် သာလွန်နေကြောင်း သတိပေးခဲ့သည်။
ရုရှားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နျူကလီးယားလက်နက် စွမ်းရည်အား သိသိသာသာ အဆင့်မြှင့်တင်ခဲ့သည်။ Sarmat ICBM ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန်အတွက် အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံ၏ စွမ်းရည်အရှိဆုံး နျူကလီးယားလက်နက်များအနက်မှ တစ်ခုဖြစ်သော Sarmat သည် ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း 11,000 (ကီလိုမီတာ 18,000 ခန့်) ထိရောက်ရှိနိုင်ပြီး အလေးချိန် ၁၀ တန်ဝန်းကျင်ရှိသည်။
သို့သော် ပူတင်က မော်စကိုသည် နျူကလီးယားလက်နက် တစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ယူကရိန်းပဋိပက္ခမှ ရရှိသောအတွေ့အကြုံ များကို အခြေခံကာ ခေတ်အမီဆုံးလက်နက်စနစ် အမျိုးအစား အမျိုးမျိုးကို အာရုံစိုက်ပြီး ရေရှည်လက်နက်တပ်ဆင်ရေး အစီအစဉ်သစ်ကို ဖော်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုခဲ့သည်။
ရုရှားသည် ဒရုန်းစွမ်းရည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မြေပြင် အသုံးချမှု နှစ်ရပ်စလုံး၌ ယူကရိန်းထက် သာလွန်နေကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ရုရှား၏ ဖိုင်ဘာအော့ပ်တစ်ဒရုန်းများသည် “ရှေ့တန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသည့် စစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေများကို ပြောင်းလဲစေနေသည်” ဟု ၂၀၂၄ ခုနှစ်၊ မေလထုတ် The Times သတင်းစာက ထောက်ပြခဲ့သည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့ စာသင်ကြားပေးနေသည့် အဆိုပါကျေးရွာရှိ ဦးကုလား(စိစစ်ဆဲ)၏နေအိမ်ရှေ့ မြေကွက်လပ်သို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ရုံးအကူဝန်ထမ်းဖြစ်သူ ဒေါ်မိသဇင်(၃၆)နှစ်နှင့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မောင်ဝေယံအောင်(၈)နှစ်၊ မလရိပ်ချို(၁၀)နှစ်နှင့် မသူဇာအေး(၆)နှစ်တို့ လေးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်ရပ်ကျေးရွာနေ လုပ်အားပေးဆရာမဖြစ်သူ မမိုးသူဇာ(၂၅)နှစ်နှင့် ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မစိုးစိုးစံ(၅)နှစ်၊ မအေးအေးမိုး(၈)နှစ်၊ မောင်အောင်ကျော်သူ(၄)နှစ်၊ မမျိုးစန္ဒာထွန်း(၆)နှစ်၊ မမျိုးသန္တာဦး(၇)နှစ်၊ မောင်လော်ချမ်း(၇)နှစ်၊ စောစံမြင့်အောင်(၇)နှစ်၊ မရွှေဇင်ထက်(၁၀)နှစ်၊ မယဉ်သူအေး(၉)နှစ်၊ မထွန်းရတနာ(၇)နှစ်၊ မောင်ကောင်းစည်သူစိုး(၇)နှစ်၊ မောင်လင်းလက်အောင်(၇)နှစ်၊ မချစ်မြတ်နိုး(၇)နှစ်၊ မငယ်ငယ်(၇)နှစ်၊ မမေလဝန်း(၇)နှစ်၊ မအိနန္ဒာဖြိုး (၇)နှစ်၊ မသွန်းသွန်းအိမ်စည်လင်း(၉)နှစ်၊ မသီသီဖြိုး(၉)နှစ်တို့ ၁၉ ဦးတို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူများအား ကညင်ကတိုက်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းနှင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦး အပါအဝင် လုပ်အားပေးဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

တီဟီရန်၊ ပြည်တွင်းရေး
အီရန်အစိုးရက ၂၀၁၈ ခုနှစ်တွင်ဖြစ်ပွားသော တော်လှန်ရေးအစောင့်တပ်ဖွဲ့များ အပေါ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ IS စစ် သွေးကြွအဖွဲ့ဝင်ကိုးဦးကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်တွင်ထုတ် ပြန်ထားသည်။
ထိုစစ်သွေးကြွအဖွဲ့ဝင်များကိုကွပ်မျက်ရန် အီရန်တရားရုံးချုပ်က ဇွန်လ ၁၀ ရက်တွင်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Mizan သတင်းဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

၂၀၁၈ ခုနှစ်တွင် နိုင်ငံအနောက်ပိုင်း၌ ဖြစ်ပွားသော စစ်သွေးကြွများ၏တိုက်ခိုက် မှုအတွင်း အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသည်။ ထို့နောက် တာဝန်ရှိသူများက စစ်သွေးကြွများပုန်းခိုရာနေရာရှိပတ်ဝန်းကျင်တစ်ဝိုက်ကိုပိတ်ဆို့ပြီး ရှာဖွေမှုများလုပ်ဆောင်ရာ စက်သေနတ်တစ်လက်နှင့်အတူ လက်ပစ်ဗုံးအလုံး ၅၀ အပါ အဝင် တိုက်ခိုက်ရေးလက်နက်များသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။
IS စစ်သွေးကြွအဖွဲ့သည် အီရန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာကိုလုပ်ဆောင်ထားရာ ထိုအထဲ၌ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၉၄ ဦးသေဆုံးရသည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှစ်ခုလည်းပါဝင်ကြောင်း သိရသည်။
Ref: SCMP
Photo - Al Jazeera